ဖြစ်နိုင်ခြေများ
Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ဘောလုံးကန်ခြင်း၊ ဟော်ကီကစားခြင်းစသော တွန်းတွန်းတိုက်တိုက် ကစားရသည့် ကစားနည်းများ၊ ချော်လဲနိုင်ခြေရှိသော နှင်းလျှောစီးခြင်း၊ ဂျွမ်းဘား၊ ဘော်လီဘော စသော ကစားနည်းများ ကစားခြင်းသည် သင့်ကို ပုခုံးကွာထွက်ဒဏ်ရာ ရနိုင်ခြေမြင့်မားစေသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က စမ်းသပ်စစ်ဆေးခြင်းဖြင့် သိနိုင်သည်။ ဓါတ်မှန်ရိုက်ခြင်းဖြင့် ပုခုံးကွာထွက်ဒဏ်ရာဖြစ်ကြောင်းနှင့် ဒဏ်ရာအတိမ်အနက်ကိုလည်း သိနိုင်သည်။ ဒဏ်ရာမပြင်းထန်သူများတွင် အစောပိုင်းရိုက်သော ဓါတ်မှန်များသည် ပုံမှန်အတိုင်း ဖြစ်နေနိုင်သည်။
Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ကို ဘယ်လိုကုသပါသလဲ
အများစုတွင် မခွဲမစိတ်ဘဲကုသရုံဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်သည်။ အနည်းငယ်သာကွာလျှင် တစ်ပတ်နှစ်ပတ်အတွင်း ပြန်ကောင်းနိုင်ပြီး ပိုပြင်းထန်ပါက သုံးလေးပတ် သို့မဟုတ် လနှင့်ချီ၍ ကြာနိုင်သည်။ ထိခိုက်မိသော ပုခုံးပေါ်တွင် အဖုထစမြဲဖြစ်သော်လည်း ပုခုံး၏လှုပ်ရှားမှုကိုတော့မထိခိုက်သင့်ပါ။
အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများ ဖြစ်သည့် စမေခေနအောသူယ ငဘကစမသ်နညယ ညစေမသထနည တို့သည် ပုခုံးနာခြင်းကို သက်သာစေသည်။
အနားယူခြင်း။ ပုခုံးကိုပိုနာစေသော အပြုအမူများကို ရှောင်ပါ။ အထူးသဖြင့် နာသည့်ဘက်လက်ကို ခန္ခါကိုယ်ရှေ့သို့ ကန့်လန့်ဖြတ်တင်ခြင်း။ ပုခုံးအပေါ်ဖိအားလျော့စေရန်နှင့် အနွေးဓါတ်ရစေရန် လက်ကို ယာယီသိုင်းထားပြီး မလှုပ်ရှားအောင်ထားနိုင်သည်။
ရေခဲကပ်ခြင်း။ ရေခဲသည် နာကျင်ခြင်းနှင့် ရောင်ရမ်းမှုကို သက်သာစေသည်။ တကြိမ်လျှင် ၁၅မိနစ်၊ မိနစ်၂၀ခန့် ကပ်နိုင်သည်။
ကိုယ်လက်လှုပ်ရှားခြင်း။ အကြောလျှော့ခြင်း၊ ပုခုံးသန်မာစေသော လေ.ကျင့်ခန်းများ လုပ်ခြင်းဖြင့် သင့်ပုခုံးကို ပြန်လည်သန်မာစေပြီး ပုံမှန်လှုပ်ရှားနိုင်စေသည်။
ခွဲစိပ်ခြင်း။ နာကျင်မှုမသက်သာလျှင်၊ ပြင်းထန်သော ပုခုံးကွာထွက်ခြင်း သို့မဟုတ် ညှပ်ရိုးကျိုးခြင်းတို့ ရှိလျှင် ခွဲစိတ်ခြင်းကို ရွေးချယ်နိုင်သည်။ ခွဲစိတ်ခြင်းဖြင့် ပြဲသွားသောအရွတ်သောများကို ပြန်ဆက်ခြင်း၊ ဒဏ်ရာရသော အရိုးများကို နေရာချခြင်း၊ နေရာမရွေ့အောင်စီစဉ်ခြင်းတို့ ပြုလုပ်နိုင်သည်။
သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။