အဓိပ္ပါယ်ဖွင့်ဆိုချက်
Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကဘာလဲ။
ဇက်ကြောဒဏ်ဖြစ်တယ်ဆိုတာ ကြွက်သားအမျှင်တစ်ချို့ စုတ်ပြဲခြင်းကြောင့် ဖြစ်ပါတယ်။ ကြွက်သားအနည်းငယ်သာ စုတ်ပြဲမယ်ဆိုရင် အဆင့်၁ဖြစ်ပြီး ကြွက်သားအမျှင်၉၀%စုတ်ပြဲမယ်ဆိုရင် အဆင့်၂ဖြစ်ပါတယ်။ လုံးဝစုတ်ပြဲသွားမယ်ဆိုရင်တော့ အဆင့်၃ပါ။ အဆင့်၃ကတော့ ဇက်မှာအဖြစ်နည်းပြီး ဖြစ်မယ်ဆိုရင်လည်း ဒဏ်ဖြစ်တယ်လို့မခေါ်တော့ပါဘူး။