ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီပြသနာရှိတယ်လို့ ယူဆရင် ဆရာဝန်ဟာ စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။
လိုအပ်ရင် ခွဲစိတ်မှုလုပ်ဖို့ပါ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အောက်ပါ စစ်ဆေးမှုတွေ ပါဝင်ပါတယ်။
- အာထရာဆောင်းရိုက်ခြင်း။ ကြွက်သားအကြော ထိခိုက်ခြင်း၊ စုတ်ပြဲခြင်း ရှိမရှိ သိရအောင် ဖြစ်ပါတယ်။
- ဓါတ်မှန်ရိုက်ခြင်း။ ဖနောင့်အရိုးကို စစ်ဆေးဖို့ ဖြစ်ပါတယ်။
- MRI ရိုက်ခြင်း။ ကြွက်သားအကြော ထိခိုက်ခြင်း၊ စုတ်ပြဲခြင်း ရှိမရှိ သေချာသိရအောင် ဖြစ်ပါတယ်။ ဖနောင့်အရိုးကိုလည်း စစ်ဆေးနိုင်ပါတယ်။
Achilles Tendon Problems (အာခိလိကြွက်သားအကြောပြသနာများ) ကို ဘယ်လိုကုသပါသလဲ
အနားယူခြင်း၊ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်သုံးခြင်း၊ အကြောလျှော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စတာတွေ လုပ်နိုင်ပါတယ်။ ဖနောင့်ကို အခုအခံပေးနိုင်တဲ့ ရှူးဖိနပ်တွေစီးဖို့၊ အကြောပေါ် ဖိအားမဖြစ်စေတဲ့ အားကစားပုံစံတွေ လုပ်ဖို့ လိုအပ်ပါတယ်။ စေစီးစွာ ကုသခြင်းဟာ ထိခိုက်မှုတွေ ပိုပြိး ဖြစ်မလာဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေဟာ ဖိအားကို သက်သာစေပါတယ်။
သိပ်မဆိုးရွားတဲ့ အခြေအနေမှာ လပိုင်းလောက် အနားယူလိုက်ရင် သူ့ဖာသာ ပြန်ကောင်းသွားတတ်ပါတယ်။ စိတ်ရှည်ဖို့နဲ့ အကြောကို ဖိအားဖြစ်စေတဲ့ အားကစားတွေ ပြန်မလုပ်ဖို့ အရေးကြီးပါတယ်။
ပိုပြီးဆိုးရွားတဲ့ စုတ်ပြဲပြတ်တောက်ခြင်းတွေအတွက် ခွဲစိတ်ဖို့၊ ပလာစတာစည်းဖို့၊ အထိန်းအကွပ်တပ်ဖို့ လိုအပ်ပါတယ်။ ကာယကုသလေ့ကျင့်ခန်းတွေ အစီအစဉ်တွေဟာ ခြေထောက်နဲ့ ခြေကျင်းဝတ်ကို သန်မာပျော့ပျောင်းစေပါတယ်။ ကြွက်သားအကြောဟာ သက်သာပျောက်ကင်းဖို့ အပတ်ပေါင်း၊ လပေါင်းများစွာ အချိန်ယူဖို့ လိုပါတယ်။
ကုသဖို့ အချိန်ယူရပေမယ့် အများအားဖြင့် ပျောက်ကင်းကြပါတယ်။ အများစုဟာ အားကစားနဲ့ တခြား လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ကြပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အထောက်အကူ ပြုသလဲ
အောက်ပါအချက်တွေကို သတိပြုလုက်နာသင့်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
- သွေးပူအကြောလျှော့ခြင်း။ အားကစားနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှု မပြုခင်မှာ ၅-၁၀ မိနစ်ခန့် သွေးပူလှုပ်ရှားခြင်း၊ အကြောလျှော့ခြင်း ပြုလုပ်သင့်ပါတယ်။
- အရှိန်လျှော့ပြီး အကြောလျှော့ခြင်း။ ပြင်းထန်တဲ့ လှုပ်ရှားမှု လုပ်ပြီးချိန်မှာ ၅မိနစ်ခန့် လမ်းလျှောက်တာ၊ စက်ဘီးစီးတာလုပ်ပြီး ၅မိနစ်ခန့် အကြောလျှော့သင့်ပါတယ်။
- မိမိနဲ့ မသင့်တော်တဲ့ အားကစား၊ ပြင်းထန်တဲ့ လှုပ်ရှားမှု မပြုသင့်ပါဘူး။
- အားကစားလုပ်စဉ်မှာ မိမိဖနောင့်ကို သက်တောင့်သက်သာ မဖြစ်စေတဲ့ ဖိနပ်ကို မစီးပါနဲ့။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။