ပုံရိပ်ဖော်စစ်ဆေးခြင်းများ
ခြေထောက်တွင် ပြင်းပြင်းထန်ထန်နာကျင်နေသည် ဆိုပါက ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို လုပ်ပါလိမ့်မည်။
ဓါတ်မှန် – ရိုးရိုးဓါတ်မှန်သည် သင့်ခြေထောက်ရှိ အရိုးနှင့်အဆစ်များအား ပုံရိပ်ပေါ်အောင် ဓါတ်ရောင်ခြည်နည်းနည်းဖြင့် ရိုက်ကြည့်ခြင်းဖြစ်သည်။ ၎င်းသည် အဆစ်ရောင်ခြင်းများကို ကြည့်ရာတွင် အထူးအသုံးဝင်သည်။
ကွန်ပျူတာဓါတ်မှန် – ၎င်းမှာ ရိုးရိုးဓါတ်မှန်ထက် ပိုအသေးစိတ်ကျပြီး ရှု့ထောင့်အမျိုးမျိုးမှ ရိုက်ယူသော ဓါတ်မှန်ဖြစ်သည်။
တီဗီဓါတ်မှန် – ဆရာဝန်သည် အရွတ်ကိုထိခိုက်ကြောင်း သံသယရှိပါက ခန္ဓါကိုယ်တွင်းရှိ တစ်ရှူးပျော့များ၏ပုံရိပ်ကို ဖမ်းယူနိုင်သည့် အသံလှိုင်းဓါတ်မှန်ကို ရိုက်ခိုင်းမည်ဖြစ်သည်။
သံလိုက်ဓါတ်မှန် – ဓါတ်ရောင်ခြည်နှင့် သံလိုက်ပြင်းကိုအသုံးပြုသောဓါတ်မှန်ဖြစ်ပြီး တစ်ရှူးပျော့ တစ်ရှူးမာ နှစ်မျိုးလုံးကို အသေးစိတ် ပုံရိပ်ဖော်နိုင်ပါသည်။
Flatfeet (ခြေပြားခြင်း) ကို ဘယ်လိုကုသပါသလဲ
နာကျင်မှုမဖြစ်လျှင် ကုသရန်မလိုအပ်ပါ။
ကုထုံးများ
ခြေပြားခြင်းက နာကျင်မှုကိုဖြစ်စေလျှင် အောက်ပါတို့ကို ဆရာဝန်မှ အကြံပြုပါလိမ့်မည်။
ခြေခွက်ထိန်းပစ္စည်းများ (Orthotic devices) – အလွယ်ဝယ်ယူနိုင်သော ထိုပစ္စည်းများမှာ ခြေပြားခြင်းကြောင်းဖြစ်သောနာကျင်မှုကို သက်သာစေပါသည်။ သို့မဟုတ် ကိုယ့်နှင့်ကိုက်မည့် ခြေခွက်ထိန်းပစ္စည်း (ကိုယ့်ခြေပုံစံအတိုင်း ပုံသွင်းခြင်း) ကို သုံးရန် ဆရာဝန်မှ အကြံပြုနိုင်ပါသည်။ ၎င်းပစ္စည်းများမှာ ခြေပြားခြင်းကို အရှင်းပျောက်စေသည်မဟုတ်ပဲ လက္ခဏာများကို လျော့ချရန်ဖြစ်သည်။
အကြောလျော့လေ့ကျင့်ခန်းများ – ခြေပြားသော တစ်ချို့လူများတွင် တိုတောင်းသော အာခိလိအရွတ် ရှိနေတတ်သည်။ ထိုအရွတ်အား ဆွဲဆန့်သော လေ့ကျင့်ခန်းများလုပ်ခြင်းက အထောက်အကူရနိုင်ပါသည်။ ကိုယ့်ခြေထောက်ပုံစံကို အထောက်အပံ့ပေးနိုင်မည့် ရှုးဖိနပ်များက ကြိုးသိုင်းဖိနပ်များထက် ပိုသက်သောင့်သက်သာ ရှိပါလိမ့်မည်။
ရုပ်ပိုင်းဆိုင်ရာကုထုံး – ခြေပြားခြင်းမှာ ထပ်ခါထပ်ခါ ထိခိုက်မိတတ်သော အပြေးသမားတစ်ချို့တွင် အဖြစ်များသည်။ ကုထုံးဆရာမှ သင်ပုံစံကျကျနှင့် နည်းမှန်မှန်ပြေးနိုင်ရန်အတွက် ခွဲခြမ်းစိတ်ဖြာပေးသော ဗီဒီယိုတစ်ခု ပြုလုပ်ပေးနိုင်ပါသည်။
ခွဲစိတ်ခြင်း – ခွဲစိတ်ခြင်းက ခြေပြားခြင်းကို ကောင်းအောင်လုပ်မပေးနိုင်ပါ။ သို့သော် အရွတ်ပြဲခြင်း ကွဲခြင်းတို့လို ပြဿနာများရှိလျှင်တော့ ခွဲစိတ်ရမည်ဖြစ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေပြားခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေပြားခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
အနားယူပါ။ သင့်အခြေအနေကို ဆိုးဝါးစေသည့် လှုပ်ရှားမှုမျိုးကို မပြုလုပ်ပါနှင့်။ ပြေးခြင်း ခုန်ခြင်းများအစား ဒဏ်နည်းစေမည့် လှုပ်ရှားမှုမျိုး ဥပမာ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးတာမျိုး ပြုလုပ်ပါ။
ခြေခွက်ထိန်းပစ္စည်းများ – အလွယ်ဝယ်ယူနိုင်သော ခြေခွက်ထိန်းပစ္စည်းများက သင့်အတွက် သက်တောင့်သက်သာရှိစေပါလိမ့်မည်။
ဆေးများ – အလွယ်ဝယ်ယူရနိုင်သည့် အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါသည်။
ကိုယ်အလေးချိန်လျော့ပါ – ဝိတ်ချခြင်းက ခြေထောက်တွင်ဖြစ်နေသော ဒဏ်ကို လျော့ချစေပါလိမ့်မည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။