backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရိုးကျန်းမာရေးအတွက် အစားအစာများ


Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရိုးကျန်းမာရေးအတွက် အစားအစာများ

အရိုးများဟာကိုယ်ခန္ဓါရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ကျန်းမာတဲ့ အရိုးများဖြစ်စေဖို့ သင့်အနေနဲ့ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ ဗီတာမင်ဒီစတဲ့ အဟာဟာရဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ ကယ်လ်စီယမ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။ ဖော့စ်ဖရပ်ဟာ အရိုးနဲ့ သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်ဓါတ်ပမာဏကို မျှတစေပါတယ်။ အသက် ၁၉နှစ်ကနေ ၅၀အထိ အမျိုးသားရော အမျိုးသမီးများပါ နေ့စဉ် ကယ်လ်စီယမ်ဓါတ်ကို ၁၀၀၀ မီလီဂရမ် ရရှိဖို့လိုအပ်ပါတယ်။ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေဟာနေ့စဉ် ၁၂၀၀ မီလီဂရမ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။

သင့်အရေပြားဟာ နေရောင်နဲ့ထိတွေ့တဲ့အခါ သင့်ခန္ဓါကိုယ်ကနေ ဗီတာမင်ဒီကိုထုတ်ပေးပါတယ်။ အစားအစာအနေနဲ့တော့ ဆယ်လ်မွန်ငါး၊ တူနာ၊ နို့ထွက်ပစ္စည်းတွေကနေလည်း ရရှိပါတယ်။ လူကြီးတွေဟာနေ့စဉ်ဗီတာမင်ဒီ ၆၀၀ IUခန့် လိုအပ်ပါတယ်။

နို့

နို့ဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာ ဖြစ်တာကြောင့် ကယ်လ်စီယမ်ဓါတ် ရလိုသူများ သောက်သုံးသင့်ပါတယ်။ မကြာသေးမီက သုတေသီအချို့မှာ နို့ဟာ အရိုးတွေမှာရှိတဲ့ ကယ်လ်စီယမ်ကို ဆုံးရှုံးခြင်းတောင် ဖြစ်စေတယ်လို့ ငြင်းခုန်ခဲ့ပါတယ်။ ဒါကြောင့် အဆီနည်းတဲ့နို့ကို ၈အောင်စဝင်ခွက်နဲ့ တစ်နေ့ ခန့်မှန်းချေ ၃ခွက်လောက် အထိပဲသောက်ပေးသင့်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲများ

ကယ်လ်စီယမ်ရစေဖို့ ဟင်းသီးဟင်းရွက်မျိုးစုံကို စားသုံးနိုင်ပါတယ်။ အထူးသဖြင့်မုန်ညင်း၊ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ဆလတ်၊ တရုတ်နံနံ၊ ပန်းမုန်လာ၊ စမုန်စပါး၊ မုန်လာထုပ်၊ သခွားမွှေး၊ ပဲစိမ်း၊ ပဲပင်ပေါက်၊ ကညွတ်နဲ့ မှို စတာတွေဟာ ကယ်လ်စီယမ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ၊ ဘီတာကရိုတင်း၊ ဗီတာမင်စီ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ သံဓါတ်နဲ့ အမျှင်ဓါတ် စတာတွေ ပါဝင်ပါတယ်။

ဆယ်လ်မွန်ငါး

ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုကိုကောင်းစေပြီး အရိုးကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဒီ အများအပြားပါဝင်တဲ့ ရင်းမြစ်ကတော့ ဆယ်လ်မွန်ငါးပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးဟာ အခြားစားစရာတွေနဲ့ယှဉ်ရင် ကယ်လ်စီယမ်နဲ့ ဗီတာမင် ဘီ ၁၂ ပိုကြွယ်ဝပါတယ်။ ဆယ်လ်မွန်ငါး အသားတုံးတစ်ဝက် (၁၅၄ ဂရမ်ခန့်)မှာ ကယ်လ်စီယမ်ဓါတ် ၂၀ မီလီဂရမ်ပါဝင်ပြီး ဒါဟာတစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၂ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။

ဒီထက်ပိုပြီးသိချင်ရင်တော့ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစာတွေအကြောင်းရှာဖတ်ခြင်း၊ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံတိုင်ပင်ခြင်းစတာတွေ ပြုလုပ်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement