– မတော်တဆ သို့မဟုတ် အားကစားလုပ်စဉ် ထိခိုက်မှုရဲ့ ရလဒ်ဖြစ်တဲ့ လည်ပင်းနာကျင်မှု
ဒါပေမယ့် cervico 2000 အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သင့်ဆရာဝန်နဲ့ ဘယ်ကုသမှုက အကောင်းဆုံးဖြစ်မလဲဆိုတာ သွားရောက်ဆွေးနွေးသင့်ပါတယ်။
ဘယ်အချိန်မှာ အသုံးမပြုရဘူးလဲ။
သင့်မှာ အောက်ဖော်ပြပါ အချက်တွေရှိရင် အသုံးမပြုသင့်ပါဘူး။
– ကိရိယာကြောင့် နာကျင်စေနိုင်တဲ့ ထိခိုက်လွယ်တဲ့ အရေပြားရှိခြင်း
– အောက်မေးရိုး၊ လည်ပင်း သို့မဟုတ် ပခုံးမှာ အကျိတ် သို့မဟုတ် ကူးစက်မှု ရှိခြင်း။
– သွားမှာ ရောဂါပိုးကူးစက်မှု ရှိခြင်း
– ခွဲစိတ်မှု သို့မဟုတ် ထည့်သွင်းကုသမှု ခံယူရနိုင်သည့် အောက်မေးရိုး၊ လည်ပင်း အဆစ် မူမမှန်မှု။
– နှုတ်ဖို့လိုအပ်တဲ့ သွားတွေရှိခြင်း
Cervico 2000 က အများအားဖြင့် စိတ်ချရပေမယ့် တချို့ မူမမှန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအခြေအနေမှာ အသုံးပြုမှုကို ရပ်သင့်ပါတယ်။ ဆရာဝန်နဲ့ ဆက်သွယ်ပြီး အောက်ပါအချက်အလက်တွေအတွက် မေးမြန်းသင့်ပါတယ်။
– အသက်ရှုရခက်ခဲခြင်း
– ခေါင်းကိုက်ခြင်း
– မူးဝေခြင်း
Cervico 2000 က ကျောရိုးပြဿနာနဲ့ ဆက်စပ်တဲ့ လည်ပင်းနာကျင်မှု ကုသမှုအတွက် ပြိုင်ဘက်ကင်းနည်းလမ်းပါ။ သေးငယ်တယ်၊ အကျိုးသက်ရောက်မှုရှိတယ်၊ အသုံးပြုရတာ ရိုးရှင်းတယ်။ အိမ်မှာ သင့်ဖာသာ ထိန်းချုပ် အသုံးပြုနိုင်တယ်။
ဒါပေမယ့် သင့်ဆရာဝန်နဲ့တော့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နောက်ဆက်တွဲ ထိခိုက်မှုတွေမဖြစ်အောင် ညွှန်ကြားချက်တွေကို အမြဲ လိုက်နာရပါမယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။