ဖြစ်နိုင်ခြေများ
Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- အပြေးသမားများအထူးသဖြင့် စပြေးစအပြေးသမားများ
- ကိုယ်လက်လှုပ်ရှားမှုအချိန်ကာလ၊ ကြိမ်နှုန်းနဲ့ပြင်းအားကို ရုတ်တရက်တိုးလိုက်ခြင်း
- တောင်ကုန်း၊ မြေမာမာကွန်ကရစ်လိုမျိုး မြေမာမာတွေမှာ မညီညာတဲ့နေရာတွေတောင်ကုန်းလိုမျိုး စတာတွေမှာပြေးခြင်း
- စစ်တပ်ထရိန်နင်ဆင်းနေရခြင်း
- ခြေခုံပြားခြင်း၊ ခြေခုံမြင့်လွန်းခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်ကျန်းမာရေးရာဇဝင်နဲ့ ကိုယ်ခန္ဒါစစ်ဆေးစမ်းသပမှုတွေအပေါ်မှာ အခြေခံပြီး အတည်ပြုလေ့ရှိပါတယ်။
အိက်စ်ရေးနြ့အခြားပုံရိပ်ဖော်နည်းလမ်းတွေကလေည်း ဖိအားများအရိုးကျိုးခြင်းလိုမျိုး နာကျင်မှုရဲ့အခြားဖြစ်နိုင်ချေကြောင်းရင်းတွေကို ရျာပေးနိုင်ပါတယ်။
Shin Splints ( ညှို့သကျည်းနာကျင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ခန္ဓါကိုယ်ကိုအနားပေးခြင်း
နာကျင်မှုနဲ့ရောင်ရမ်းမှုကိုသက်သာစေဖို့ ညှိုပသကျည်းပေါ်ရေခဲကပ်ပေးခြင်း (နှစ်ရက်သုံးရက်လောက် ဒါမှမဟုတ် အနာသက်သာသွားတဲ့အထိ ၃နာရီ၄နာရီခြားတစ်ခါ မိနစ်၂၀-၃၀ကြာကပ်ပေးရမှာဖြစ်ပါတယ်။)
ေရောင်ရမးခြင်းကိုသက်သာစေတဲ့အကိုက်အခဲပျောက်ဆေးများ မှီဝဲပါ။ ဆရာဝန်ကမညွှန်ကြးသေးဘူးဆိုရင် ရံဖန်ရံခါမှာသာအသုံးပြုသင့်ပါတယ။
ဖိနပ်ခံအသုံးပြုခြင်း
ရွေ့လျားမှုကိုယ်လက်လှုပ်ရှားမှုများ အကန့်အသတ်နဲ့ဆောင်ရွက်ခြင်း
ခြေထောက်နွေးထွေးဖို့ ခြေအိတ်အသုံးပြုခြင်း
နောက်ကျောသို့ခြေထောက်ကိုပြဿနာပေးရတဲ့အကြောင်းရင်းကိုရှာပြိး ကုသမှုခံယူခြင်းဒါမှမဟုတ် ခြေထောက်နာကျင်မှုကိုဖြစ်စေတဲ့ပြေးခြင်းနည်းလမ်းမှန်မမှန်ကို သုံးသပ်ပြီး ကုသမှုခံယူခြင်း
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကShin Splints ( ညှို့သကျည်းနာကျင်ခြင်း )ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်Shin Splints ( ညှို့သကျည်းနာကျင်ခြင်း )
ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာခြင်း- သင့်ပြေးခြင်းနည်းလမ်းကို ဗီဒီရိုရိုက်ကြည့်ခြင်းက ခြေထောက်နာကျင်ခြင်းကိုဖြစ်စေတဲ့ လှုပ်ရှားမှုအမျိုးမျိုးကို အတည်ပြုဖို့အကူအညီပေးနိုင်ပါတယ်။ အများစုမျာ ပြေးခြင်နည်းလမ်းနည်းနည်းလေးပြောင်းလိုက်ခြင်းက ဖြစ်နိုင်ချေကိုနည်းစေပါတယ်။
ဖိနပ်အံဝင်ခွင်ကျဖြစ်တာမျိုးကိုဝတ်ဆင်ပြီး ရှူးဖိနပ်ဖနောင့်အတွင်းပိုင်းအခံအသုံးပြုခြင်း
မြေမာမာသို့ မြေမညီတဲ့နေရာတွေ ကုန်းစောင်းတွေမှာ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုရှောင်ပါ။
ကိုယ်လက်လှုပ်ရျားမှုအပြင်းအဆကို တဖြည်းဖြည်းချင်းတိုးသွားခြင်း
ကိုယ်လက်လှုပ်၇ှာ်းမှုမပြုခင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခြင်း
အကြောလျှော့ခြင်း
ခြေထောက်သန်မာစေတဲ့လေ့ကျင့်ခန်းများပြုလုပ်ခြင်း -ခြေချောင်းလေ့ကျင့်ခနးက ခြေသလုံးကြွက်သားတွေကိုသန်မာစေပါတယ။
နာကျင်မှုဖြစ်နေရင် ကိုယ်လက်လှုပ်ရှားမှုကိုရပ်လိုက်ခြင်း
ခြေဗြောင်ပြေးခြင်း
ခြေထောက်သန်မာစေတဲ့ထရိန်နင်းဆင်းခြင်း- သင့်ခြေသလုံး၊ ခြေချင်းဝတ်၊ တင်ပါးဆုံရိုး၊နဲ့ကိုယ်ထည်သန်မာပြီး ဟန်ချက်ညိစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပေးခြင်းဖြင့် ပြင်းထန်တဲ့အားကစားတေါအတွက် သင့်ခြေထောက်ကိုပြင်ဆင်ပေးနိုင်ပါတယ်။
ခြေခုံအထောက်အပံ့-ခြေထောက်နာကျင်မှုအထူးသဖြင့် ခြေခုံပြားနေသူတွေမှာ အကူအညီပေးနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။