ဖြစ်နိုင်ခြေများ
muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
- အစီအစဉ်တကျမဖြစ်ဘဲအားကစားပြုလုပ်ခြင်း။ အကြောလျော့၊ သွေးပူတွေမလုပ်ဘဲ ပင်ပန်းပြင်းထန်တဲ့အားကစားတွေ ပြုလုပ်ခြင်းက ကြွက်သားတွေ၊အရွတ်တွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။
- ကြွက်သားနှင့် အရွတ်တို့ပင်ပန်းနွမ်းနယ်ခြင်း။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်နေစဉ်နဲ့ လုပ်ပြီးနောက် ကြွက်သား၊အရွတ်တွေ ပင်ပန်းနွမ်းနယ်သွားတဲ့အချိန်မှာ နားရမယ့်အစား ထပ်လုပ်နေမိရင်လည်း ဒဏ်ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် မာရသွန်ပြေးနေတဲ့လူတစ်ယောက်ဟာ ပန်းဝင်ဖို့ နောက်ဆုံးမိုင်အနည်းငယ်အလိုလောက်ရောက်ပြီဆိုရင် ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေမြင့်မားလာပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း။ သွေးပူလေ့ကျင့်ခန်းမလုပ်ဘဲ ပြင်းထန်တဲ့ အားကစားတွေပြုလုပ်မယ်ဆိုရင် ဒဏ်ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အသာအယာအကြောလျော့ခြင်း၊ သွေးပူလမ်းလျောက်ခြင်းတို့မပြုလုပ်ဘဲ တာတိုပြေးမိမယ်ဆိုရင် ခြေခေါက်နိုင်ခြေနဲ့ ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေ မြင့်မားလာတာကို တွေ့ရမှာပါ။ သွေးပူမရှိဘူးဆိုရင် ကြွက်သားတွေ၊အရွတ်တွေဟာ ပြေလျော့မှုမရှိဘဲ တင်းခံနေတာကြောင့် ပြဲစုတ်သွားနိုင်ကြပါတယ်။
- အလွန်လေးသောပစ္စည်းများကိုသယ်ဆောင်ခြင်း။ အလေးချိန်များတဲ့ပစ္စည်းတွေဟာ အဆစ်တွေပေါ်မှာ ဝန်ထုတ်ဝန်ပိုးတွေ အလွန်အကျွံပေးနေပါတယ်။ ထိုသို့ဖြစ်နေခြင်းက လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အချိန်အတွင်းမှာ ကြွက်သား၊အရွတ်တွေ စုတ်ပြဲနိုင်ခြေကို မြင့်မားစေပါတယ်။ အဝလွန်တဲ့လူတွေ၌ ခြေကျင်းဝတ်လည်နိုင်ခြေနဲ့ ဒဏ်ဖြစ်နိုင်ခြေတွေဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
- အသက်၃၀ကျော်အားကစားသမားမိန်းမများ။ လေ့လာမှုပေါင်းများစွာအရ ကိုယ်အလေးချိန်ကို ထည့်မတွက်ဘဲဖယ်ထားမယ်ဆိုရင် အသက်၃၀ကျော်မိန်းမတွေဟာ ယောက်ျားတွေထက် ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေ မြင့်မားနေတာကို တွေ့ရှိရပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆရာဝန်က ဆေးမှတ်တမ်းတွေမေးမြန်းပြီး ကိုယ်ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေမှာ ကြွက်သားလုံဝစုတ်ပြဲသွားတာလား တစ်စိတ်တစ်ပိုင်းစုတ်ပြဲသွားတာလားဆိုတာ စစ်ဆေးဖို့ အရေးကြီးပါတယ်။ လုံးဝစုတ်ပြဲသွားတာဆိုရင်တော့ ပြန်လည်ကောင်းမွန်ဖို့ကြာနိုင်တဲ့အပြင် ခွဲစိတ်ကုသမှုတွေပါလိုအပ်နိုင်ပြီး ထပ်တိုးရောဂါတွေလည်းရသွားနိုင်ပါတယ်။
ထိခိုက်မှုတွေရှိမယ် ဒါမှမဟုတ် ပိုးဝင်နေမယ်ဆိုရင် ဓါတ်မှန်ရိုက်ဖို့နဲ့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။
muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အရောင်ကျစေဖို့နဲ့ အနာသက်သာစေဖို့ ဆေးဝါးတွေအပြင် ကြွက်သားတွေပြန်လည်သန်မာစေပြီး နဂိုအတိုင်းပြန်လည်လှုပ်ရှားနိုင်စေဖို့ ဗဟိဒ္ဓကုထုံးတွေလည်း အသုံးပြုရပါလိမ့်မယ်။ အခြေအနေအရမ်းဆိုးနေမယ်ဆိုရင်တော့ ကြွက်သားတွေပြန်လည်ပြင်ဆင်ဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
ကြွက်သားဒဏ်ဖြစ်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေကဘာတွေလဲ။
အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ကြွက်သားဒဏ်ဖြစ်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
အများစုကတော့ အိမ်မှာအလွယ်တကူ ပျောက်ကင်းနိုင်ကြပါတယ်။ အသေစားဒဏ်ဖြစ်တာတွေကတော့ အနားယူခြင်း ရေခဲကပ်ခြင်း၊ ဖိပေးခြင်းနဲ့ မြောက်ပေးခြင်း (RICE)လောက်ဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။
အနားယူခြင်း
အထူးသဖြင့် လှုပ်ရှားလိုက်လို့နာမယ်ဆိုရင် ရက်အနည်းငယ်လောက် အနားယူဖို့လိုအပ်ပါလိမ့်မယ်။ အရမ်းအနားယူလိုက်မယ်ဆိုရင်တော့ ကြွက်သားတွေအားနည်းသွားပြီး ပြန်ကောင်းဖို့ ကြာသွားပါလိမ့်မယ်။ ၂ရက်လောက်ကြာရင်တော့ ဂရုတစိုက်နဲ့ ဖြည်းဖြည်းချင်းပြန်လှုပ်ရှားကြည့်ပါ။ အရမ်းကြီး မလှုပ်ရှားပါနှင့်။
ရေခဲကပ်ခြင်း
ကြွက်သားထိခိုက်ဒဏ်ရာ ရရခြင်း ရေခဲကပ်ပေးပါ။ ရောင်တာအနည်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အရေပြားကို ရေခဲနဲ့ တိုက်ရိုက်မကပ်ပါနှင့်။ ရေခဲထုပ် ဒါမှမဟုတ် အဝတ်ထုပ်နဲ့ ကပ်ပေးပါ။ မိနစ်၂၀ခန့်ဖြစ်ပါစေ။ ပထမဦးဆုံးနေ့မှာ တစ်နာရီတစ်ခါကပ်ပေးပါ။ နောက်ရက်တွေမှာတော့ ၄နာရီခြားကပ်ပေးပါ။
ဖိပေးခြင်း
အရောင်ကျစေဖို့ ဒဏ်ရာရတဲ့နေရာကို အရောင်မပျောက်မချင်း ပတ်တီးဖြင့်စီးပေးထားပါ။ တင်းကြပ်နေအောင်မစီးဖို့ ဂရုစိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်လို့ပဲဖြစ်ပါတယ်။
မြှောက်ပေးခြင်း
ဒဏ်ရာရတဲ့အပိုင်းကို အချိန်တိုင်း ဖြစ်နိုင်သမျှ နှလုံးထက်ပိုမြင့်အောင် မြှောက်ပေးထားပါ။
အောက်ပါနည်းလမ်းတို့ဖြင့်လည်း မိမိဘာသာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။
အိုင်ဗျူပရိုဖန်လိုမျိုး ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် အရောင်ကျဆေးတွေ အသုံးပြုနိုင်ပါတယ်။ ထိုဆေးတွေက အနာသက်သာစေနိုင်သလို၊ အရောင်လည်းကျစေနိုင်ပါတယ်။
၃ရက်ကြာပြီးနောက်မှာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အပူကပ်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက ဒဏ်ရာရတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းစေခြင်းအားဖြင့် မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။
အချိန်ကြာကြာကြီး ကြွက်သားကို အနားမပေးပါနှင့်။ ကြွက်သားတောင့်တင်းခြင်းတွေနဲ့ အားနည်းလာခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖြည်းဖြည်းချင်းပြန်ဆန့်တန်းပေးပါ။ လှုပ်ရှားနိုင်မှုကို ပြန်လည်တဖြည်းဖြည်း မြှင့်တင်ပေးပါ။
ပုံမှန်ပြန်လှုပ်ရှားနိုင်ပြီဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလုပ်ပေးဖို့ မမေ့ပါနှင့်။
ခန္ဓါကိုယ် ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားတွေ သန်မာနေရင် ဒဏ်ဖြစ်နိုင်ခြေနည်းပါးလို့ပဲဖြစ်ပါတယ်။
ဒဏ်ဖြစ်တာက ပြင်းထန်မယ်ဆိုရင် ဆေးပညာပိုင်းဆိုင်ရာစောင့်ရှောက်မှု လိုအပ်ပါလိမ့်မယ်။ ကိုယ်ကာယပိုင်းဆိုင်ရာကုထုံးတွေလည်း အကြံပြုထားပါတယ်။
နောက်တစ်ဆင့်ကတော့ ကာကွယ်ခြင်းပါပဲ။
- နေ့တိုင်းအကြောလျော့ပေးခြင်းဖြင့် ဒဏ်မဖြစ်အောင် ကာကွယ်ပေးပါ။
- လုပ်ရမယ့် ကိုယ်လက်လေ့ကျင့်ခန်းအစီအစဉ်တွေကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
- တစ်နေရာထဲမှာပဲ ၂မိနစ်လောက် ဖြည်းဖြည်းလေး ပတ်ပြေးခြင်းလိုမျိုး သွေးပူလေ့ကျင့်ခန်းကို ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေမတိုင်ခင်မှာ ပြုလုပ်ပေးပါ။
မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။