backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။

သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။

ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။

အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။

သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက သင့်အမေကို ခါးကုန်းပြီး တစ်ခုခုကောက်ယူရခြင်းကြောင့် နာကျင်မှုဖြစ်ခြင်းကို လျှော့ချပေးမှာပါ။ ဒါ့အပြင် ခါးနာခြင်းအတွက် သီးသန့်လုပ်ထားတဲ့ ခေါင်းအုံးတွေ အိပ်ယာတွေ ထိုင်ခုံတွေကို သူမအတွက် စီစဉ်ပေးနိုင်ပါတယ်။ ဒါတွေက သူမရဲ့ကျောရိုးကို ပုံစံမှန်စေဖို့ကူညီပေးပါတယ်။

လှေကားတွေဟာ ခါးနာနေတဲ့သူအတွက် အဓိကရန်သူပါ။ သင့်အမေရဲ့ အခန်းကိုမြေညီထပ်ကို ရွှေ့ထားပေးခြင်းက သူမကိုသက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။

အပူ၊ အအေးကုထုံးကို အသုံးပြုပါ။

သင့်အမေရဲ့ ခါးနာခြင်းအတွက် အပူ အအေး ကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ သင့်အမေအတွက် သက်တောင့်သက်သာဖြစ်စေမယ့်ကုထုံးကိုပဲ ရွေးချယ်ပါ။ သူမဟာ အအေးထုပ်နဲ့ ပိုပြီးသက်တောင့်သက်သာဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရေနွေးထုပ်နဲ့ ပိုပြီးသက်တောင့်သက်သာဖြစ်ချင်ဖြစ်မယ်။ သင့်အမေရဲ့ခါးကရောင်ရမ်းနေတယ်ဆိုရင်တော့ အအေးထုပ်ကပ်ခြင်းကပိုသင့်တော်ပါတယ်။ ရေနွေးထုပ်ကပ်ခြင်းကတော့ ကြွက်သားများတောင့်တင်းခြင်းနဲ့ အကြောညှပ်ခြင်းတွေအတွက် သင့်တော်ပါတယ်။

သဘာဝ အထောက်အကူပြုဆေးဝါးတွေကို အသုံးပြုပါ။

ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေအပြင်သဘာဝ အထောက်အကူပြုဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်အမေအတွက် သင့်တော်မယ့် သဘာဝ အထောက်အကူပြုအားဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Glucosamine (500mgs, တစ်နေ့သုံးကြိမ်) Flaxseed oil (တစ်နေ့နှစ်ဇွန်း) Calcium နဲ့ Zinc (တစ်နေ့ 50 mg) Vitamin C (တစ်နေ့ 2000 mg) တွေကို ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။ သင့်အမေကို တခြားသင်တိုက်နေတဲ့ ဆေးတွေကိုလည်း ဆရာဝန်သိပါစေ။ ဒီအထောက်အကူပြုအားဆေးတွေက သင့်အမေရဲ့ ဘက်စုံကျန်းမာရေးကို သိသိသာသာအထောက်အကူပြုနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေ လုပ်ပါစေ။

ခါးနာနေတဲ့အချိန်မှာ လှဲအိပ်နေခြင်းက လွယ်ကူသက်သာတဲ့အလုပ်ပါ။ ဒါပေမယ့်အကောင်းဆုံး အကြံဉာဏ်တော့မဟုတ်ပါဘူး။ တစ်ခါတစ်လေ လှဲအိပ်နေခြင်းက ကြွက်သားအင်အား လျော့သွားမှုကြောင့် ခါးနာခြင်းပုံစံအသစ်တစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်အမေကို နေ့စဉ် လမ်းလျှောက်နိုင်ဖို့ ကူညီအားပေးပါ။ သူမအတွက် နာကျင်မှုမဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကိုပဲ ရွေးချယ်ပါ။ ရေကူးခြင်းကလည်း သူမအတွက်အထောက်အကူဖြစ်တဲ့ လေ့ကျင့်ခန်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းက ကြွက်သားတွေရဲ့ အင်အားကိုတိုးလာစေပြီး ခါးနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ယောဂ ကျင့်ခြင်း

သင်အနေနဲ့ သင့်အမေကို ယောဂအတန်းတစ်ခုခုမှာ စာရင်းပေးသွင်းနိုင်ပါတယ်။ ယောဂကျင့်ခြင်းက သင့်အမေအတွက် စိတ်ဓါတ်ခွန်အားပေးဖို့ အကောင်းဆုံး ကျင့်စဉ်တစ်ခုပါ။ ယောဂ ကျင့်စဉ်က ခါးနာရောဂါအတွက် အသင့်တော်ဆုံးကျင့်စဉ်လို့တောင် သတ်မှတ်ခံထားရပါတယ်။ ခါးနာကိုလျှော့ချပေးတဲ့အပြင် ယောဂကျင့်သူတွေကို သင့်တော်တဲ့ အသက်ရှူနည်းအသစ်တွေကို သင်ပေးပါတယ်။ အသက်ကိုမှန်မှန်ကန်ကန်ရှူခြင်းက အာရုံကြောစနစ်ကို အထောက်အကူပြုပါတယ်။ ဒါကြောင့် သင့်အမေရဲ့ ခါးနာရောဂါနဲ့ ကြွက်သားတောင့်တင်းခြင်းတွေကို Yoga ကိင့်စဉ်က ဖြေလျော့ပေးပါလိမ့်မယ်။

ခါးနာခြင်းဆိုတာ ပုံမှန်ဖြစ်လေ့ရှိတဲ့နာကျင်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့တော်တော်များများလည်း ကျွန်တော်တို့ အသက်ရှင်နေစဉ်ကာလတစ်ခုမှာ ခံစားရမယ့်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင်ချစ်တဲ့သုတစ်ယောက်ယောက် တစ်ခုခုနာမကျန်းဖြစ်တာနဲ့ အဲဒီအကြောင်းကိုသင်ကိုယ်တိုင်လေ့လာပြီး သင့်တော်တဲ့ဆရာဝန်ဆီကို ခေါ်သွားပေးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement