backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Broken Foot (ခြေထောက်ကျိုးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken Foot (ခြေထောက်ကျိုးခြင်း) ကဘာလဲ။

မတော်တဆမှုတခုခု(သို့)ချော်လဲပြုတ်ကျခြင်းတခုခုမှ သင့်ခြေထောက်ကျိုးနိုင်ပါသည်။ ထိုအဖြစ်များလှသော ထိခိုက်မှုသည်ဆေးဘက်ဆိုင်ရာစစ်ဆေးကုသမှုချက်ချင်းလိုအပ်ပြီး ပြင်းထန်နိုင်ပါသည်။ ခြေထောက်ကျိုးခြင်း၏ပြင်းထန်မှုမှာ ကွဲပြားနိုင်သောကြောင့် အကယ်၍သင့်ခြေထောက်ကျိုးသွားသည်ဟုသံသယရှိပါကသင်၏ဆရာဝန်ကိုပြသရန်လိုအပ်သည်။ သင်လုံးဝပြန်ကောင်းနိုင်ရန် ကုသမှုအစီအစဉ်ကို ဆရာဝန်မှ စီစဉ်ပေးနိုင်ပါသည်။

Broken Foot (ခြေထောက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခြေထောက်အရိုးများကျိုးသွားခြင်းသည် အရမ်းအဖြစ်များပါသည်။ အမှန်ဆိုရလျှင် အရိုး10ခုကျိုးတိုင်း ခြေအရိုး1ခု ကျိုးခြင်းဖြစ်လေ့ရှိသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

PasteTextHere

လက္ခဏာများ

Broken Foot (ခြေထောက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခြေထောက်ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • နာကျင်ကိုက်ခဲခြင်း
  • သွေးခြေဥသကဲ့သို့ညိုမည်းစွဲသွားခြင်း
  • ထိတွေ့လိုက်လျှင်နာကျင်ခြင်း
  • ရောင်ရမ်းဖုဖောင်းလာခြင်း
  • လမ်းလျှောက်ရအဆင်မပြေခြင်း(သို့) ခြေထောက်ပေါ်တွင် အလေးချိန်များနေခြင်း
  • ကျိုးသွားသောအရိုးသည် ငေါထွက်နေခြင်း (သို့) ခြေထောက်သည် ပုံမှန်အနေအထားမဟုတ်ပဲ လွဲချော်ပျက်ယွင်းနေခြင်း စသည့်ဖြင့် ခြေထောက်တွင် ပုံပျက်သွားခြင်း။ သင်၏လက္ခဏာများသည်ကွဲပြားနိုင်

သော်လည်း နာကျင်ကိုက်ခဲမှု၊ညိုမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းတို့မှာ အဖြစ်များသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Broken Foot (ခြေထောက်ကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တစ်စုံတစ်ခုမှာ အရိုးအား ချေမွသွားခြင်း၊ကွေးသွားခြင်း၊လိမ်သွားခြင်း(သို့)ဆွဲဆန့်

သွားခြင်းဖြင့် အရိုးသည်ကျိုးသွားနိုင်ပါသည်။

  • သင်သည်မတော်တဆဖြင့် တခုခုကို ပြင်းထန်စွာကန်မိပါက ခြေချောင်းများသည် အများအားဖြင့်ကျိုးတတ်ကြသည်။
  • သင်သည်အမြင့်မှ ပြုတ်ကျပြီး ခြေထောက်ထောက်မိသောအခါ သင်၏ခြေဖနောင့်သည် အများအားဖြင့် ကျိုးတတ်သည်။
  • ခြေချင်းဝတ်ခေါက်ခြင်း(သို့)လိမ်သွားခြင်းဖြစ်ပွားပါကလည်းခြေထောက်ရှိအခြားသောအရိုးများကျိုးသွားတတ်ပါသည်။

မတော်တဆမှုတခုခုကြောင့် အရိုးအများစုသည်ရုတ်တရက်ကျိုးတတ်သည်။ အရိုးများအပေါ်တွင်ထပ်ကာထပ်ကာ ကာလကြာရှည်စွာ ဒဏ်များဖြစ်နေပါက သေးငယ်သောအက်ကွဲကြောင်းများပေါ်လာနိုင်ပါသည်။ ထိုအရာများကို ဒဏ်ကြောင့်ဖြစ်သောအက်ကျိုးမှုများဟုခေါ်သည်။ စစ်သားများ၊အကသမားများ၊အပြေးသမားများနှင့် ကိုယ်ကာယလေ့ကျင့်သူများကဲ့သို့သော အားကစားသမားများနှင့် ဝန်ထုပ်ဝန်ပိုးအပြည့်နှင့် တောင်တက်သူများတွင်ထိုကဲ့သို့အဖြစ်အများဆုံးဖြစ်သည်။ အရိုးကျိုးခြင်းသည် လူကြီးများထက်စာလျှင် ကလေးများတွင် ပို၍အဖြစ်များသည်။

  • လူကြီးများတွင် အရိုးများသည် အရွတ်ပြားများနှင့် အရွတ်များထက်ပိုမိုသန်မာသော်လည်း ကလေးများတွင် ထိုအရွတ်ပြားများနှင့် အရွတ်များသည် အရိုးနုနှင့် အရိုးများထက် အနည်းငယ် ပိုသန်မာကြသည်။ ထို့ကြောင့် လူကြီးတွင် ခြေထောက်သာ လိမ်သွားစေနိုင်သော ထိခိုက်မှုများသည် ကလေးများတွင် အရိုးကျိုးစေနိုင်သည်။ သို့သော်လည်း ကလေး၏ ခြေထောက်သည် ယေဘုယျအားဖြင့် ပျော့ပျောင်းပြီး မည်သည့်ထိခိုက်မျိုးမဆို ခံနိုင်ရည်ရှိတတ်သည်။
  • သင်၏ခြေချောင်းလေးများ၏ အဆစ်များကျိုးသောအခါ သိရှိနိုင်ရန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ကြီးထွားဖွံ့ဖြိုးနေစဉ် ကာလအတွင်းရှိကလေးတစ်ယောက်၏အရိုးများကို ဓါတ်မှန်ရိုက်သောအခါ ကောင်းစွာပုံမပေါ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တခါတရံတွင် ထိခိုက်ဒဏ်ရာမရှိသောဘက်မှ ခြေထောက်နှင့် ထိခိုက်ခံထားရသော ခြေထောက်၏ဓါတ်မှန်များကို နှိုင်းယှဉ်ခြင်းသည် အထောက်အကူပြုသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken Foot (ခြေထောက်ကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ခြေထောက်ကျိုးခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဆရာဝန်သည် ထိခိုက်မှုဖြစ်ပွားသည့်အကြောင်းကိုမေးမြန်းပြီးကိုင်တွယ်ထိတွေ့စမ်းသပ်မှုများပြုလုပ်တတ်သည်။ ခြေထောက်ဓါတ်မှန်များသည် မကြာခဏအတည်ပြုရန် အသုံးဝင်သော်လည်း တခါတရံတွင် မလိုအပ်တတ်ပေ။ ထိခိုက်ဒဏ်ရာရထားသော ခြေချောင်းများသည် လည်း ကျိုးသည်ဖြစ်စေ ညိုမည်းစွဲသည်ဖြစ်စေ ဓါတ်မှန်ကို လုပ်ရိုးလုပ်စဉ်အတိုင်း ရိုက်ရတတ်သည်။ တခါတရံတွင် ခြေထောက်တွင် အရိုးများကျိုးမကျိုးကို အတည်ပြုရန်လိုအပ်သည်မှာ ဆရာဝန်၏ကိုင်တွယ်စမ်းသပ်စစ်ဆေးမှုသာဖြစ်သည်။”Ottawa foot rules”ဟုခေါ်သော စနစ်ကို သုံးကာ ဓါတ်မှန်ရိုက်ရန်လိုမလိုကို ဆရာဝန်များက ဆုံးဖြတ်ကြသည်။ ခြေမျက်စိဝန်းကျင်တွင် နာကျင်မှုတစ်စုံတစ်ရာရှိပြီး အောက်ပါ အရာများထဲမှ အကြောင်းအရာတခုခုရှိပါက ဓါတ်မှန်ရိုက်ရန်လိုအပ်တတ်သည်။

  • ခြေသန်းရိုး၏အောက်ခြေကို ဆရာဝန်မှ တွန်းဖိကြည့်သောအခါနာကျင်ခြင်း
  • ဆရာဝန်မှ တွန်းဖိကြည့်သောအခါနာကျင်ခြင်း
  • ထိခိုက်ဒဏ်ရာရပြီးပြီးချင်းနှင့် စမ်းသပ်စဉ်တွင် ခြေလေးလှမ်းပင်မလှမ်းနိုင်ခြင်း

အခြားသောခြေထောက်အရိုးပုံရိပ်များကို ရယူသည့် နည်းလမ်းများဖြင့် ပုံမှန်မဟုတ်သော ပုံးကွယ်နေသော ဒဏ်ရာများကို ရှာတွေ့နိုင်သော်လည်း ထိုစစ်ဆေးမှုများသည် လိုအပ်ခဲသည်။ အရေးပေါ်ဠာနတွင် ထိုစစ်ဆေးမှုများကို မပြုလုပ်နိုင်သော်လည်း အရိုးဆရာဝန်(သို့)ခြေထောက်ခွဲစိတ်အထူးကုနှင့် ပြသပြီးပါက ပြုလုပ်ရတတ်သည်။

Broken Foot (ခြေထောက်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

သင့်အားကုသမှုသည် ပြင်းထန်မှုနှင့် ကျိုးသောနေရာတွင် မူတည်သည်။ အနားယူရန်လိုအပ်ပြီး အနာသက်သာရန် ဆေးများသောက်ရန်လည်းလိုအပ်တတ်သည်။ ကျောက်ပတ်တီး၊ခြေထိန်း(သို့)ခြေအပတ်တခုခုဖြင့် ကျိုးသောခြေထောက်အားထိန်းထားရသည်မှာများသည်။ ပို၍ပြင်းထန်သော ကိစ္စများတွင် ခွဲစိတ်ရန်လိုအပ်တတ်သည်။ မည်ကဲ့သို့ရှေးဦးသူနာပြုလုပ်ဆောင်ရမည်ကို လေ့လာထားပါ။

အသုံးများသောကုသမှုများများမှာ

  • အလွယ်တကူဝယ်ယူရရှိနိုင်သော အနာပျောက်ဆေးများပေးခြင်း
  • ခြေထောက်ကိုအနားပေးခြင်း
  • ကျောက်ပတ်တီးကိုင်ခြင်း၊ခြေထိန်းစွပ်ခြင်း၊ခြေပတ်၊ဘွတ်ဖိနပ်(သို့)အထူးပြုလုပ်ထားသော ရှူးဖိနပ်အား ဝတ်ဆင်ခြင်း
  • ချိုင်းထောက်(သို့)ဝှီးချဲလ်များကို အသုံးပြုခြင်း
  • အရိုးများကို နဂိုနေရာသို့ပြန်လည်ရောက်အောင်ကိုင်တွယ်စီမံခြင်း
  • ပင်အပ်များ၊ဝက်အူလှည့်များ၊သတ္တုချောင်းများ(သို့)

အပြားများကို ခွဲစိတ်ကာ ထိုးထည့်ထားခြင်း စသည်ဖြင့်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခြေထောက်ကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခြေထောက်ကျိုးခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆောက်လုပ်ရေးလုပ်သားများနှင့် အခြားသော ခြေထောက်ထိခိုက်ဒဏ်ရာရနိုင်သူများတွင် စတီးဖြင့် ခြေချောင်းများကို ကာကွယ်ထားသည့် ဘွတ်ဖိနပ်များကိုအသုံးပြုပါ။
  • အားကစားများကို သင့်တော်ပြီး ကောင်းစွာအံဝင်ခွင်ကျဖြစ်သော အားကစားရှူးဖိနပ်များဖြင့် လုပ်ဆောင်ပါ။
  • ကားစီးသောအခါ ပြတင်းပေါက်အပြင်သို့ခြေထောက်တွဲလောင်းထုတ်၍မစီးရန်(သို့) ကားအံဆွဲဖုံးအပေါ်သို့ခြေထောက်မတင်ရန်။
  • ကားစီးနေစဉ်တွင် ခါးပတ်အမြဲပတ်ထားရန်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement