Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
အောက်ပါစမ်းသပ်စစ်ဆေးခြင်းနည်းတွေက ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်းကို ရောဂါအဖြေရှာအတည်ပြုရာမှာ ကူညီပေးနိုင်ပါတယ်။
အဆစ်အတွင်းအရည်များကို ခွဲခြမ်းစိတ်ဖြာခြင်း-ကူးစက်ပိုးက အဆစ်အတွင်းရှိအရည်တွေကို အရောင်၊ သိပ်သည်းမှု၊ ပမာဏတွေကို ပြောင်းလဲစေပါတယ်။ အရည်နမူနာယူခြင်းက အပ်နဲ့ကူးစက်ခံရတဲ့အဆစ်ထဲက ဖောက်ထုတ်ရာမှြာဖ်စပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်စစ်ဆေးနည်းတွေက ကူးစက်ပိုးကိုဖြစ်စေတဲ့အကေင်ကိုသိစေနိုင်တာကြောင့် ဆရာဝန်ကဘာဆေးပေးရမယ်ဆိုတာကို သိစေပါတယ်။
သွေးစစ်ခြင်း- သွေးထဲမှာကူးစက်ခြင်းလက္ခဏာတွေရှိမရှိ ဆုံးဖြတ်နိုင်ပါတယ်။ သွေးနမူနာကို အပ်နဲ့သေါးပြန်ကြာထဲကနေ ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။
ပုံရိပ်ဖော်စစ်ဆေးနည်းများ– အိက်စ်ရေးနဲ့အခြားပုံရိမ်ဖော်စစ်ဆေးခြ်ငးတေါက အဆစ်ပျက်စိးခြင်းရှိမရျိ သိနိုင်ပါတယ်။
Septic Arthritis (ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ကူးစက်ပိုးဝင်နေတဲ့အဆစ်အရည်တွေကို ဖယ်ထုတ်ပစ်ခြင်းက အဓိကကျပါတယ်။
အပ်-အချို့အခြေအနေတွေမှာ ဆရာဝန်က အဆစထေဲကိုအပ်ထိုးထည့်ပြီးအ ရည်ကိုစုပ်ထုတ်ပါလိမ့်ယ။။
မှန်ပြောင်းကြည့်ခြင်း– ထိပ်မှာကင်မရာတပ်ထားတဲ့ပျော့ပြောင်းတဲ့ပိုက်ပြွန်ကို အပေါက်သေးသေးကနေတစ်ဆင့် အဆစ်ထဲကိုထိုးထည့်ခြင်းဖြစ်ပါတယ်။ အဆစ်ပတ်လည်မှာ အဆပါက်သေးသေးလေးတွေဖောက်ပြီး စုပ်ထုတ်မယ့်ပိုက်တွေထည့်လိုက်ပါတယ် ။
ခွဲစိတ်ကုသခြင်း– တင်ပါးရိုးလိုမျိုူးါ် အချို့အဆစ်တွေက အပ်သို့ မှန်ပြောင်းကနေတစ်ဆေင့် စုပ်ထုတ်ဖို့ခက်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသဖို့လိုနိုင်ပါတယ်။
ပိုးသတ်ဆေးများ
အထိရောက်ဆေးကို ရွေးချယ်ဖို့ဆိုရင် ဆရာဝန်ကု ကူးစက်ပိုးအကောင်ကို ခွဲခြားသိနိုင်ရပါမယ်။ ပိုးသတ်ဆေးတွေ ပထမဦးဆုံး လက်မောင်းသွေးပြန်ကြောကနေ ထိုးပေးရပါတယ်။ နောက်ပိုင်းမှာ သောက်ဆေးတွေကိုပြောင်းလဲသောက်နိုင်ပါတယ်။
အများအားဖြင့် ကုသမှုက နှစ်ပတ်ကနေခြောက်ပတ်ကြာတတ်ပါတယ်။ ပိုးသတ်ဆေးတွေက မူးဝေခြင်း၊ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးအန္တရာယ်များပါတယ်။ ဓါတ်မတည့်တာမျိုးတွေလည်း ဖြစ်နိုင်ါပတယ်။ ဆေးကနေဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးရနိုင်တာယ်ဆိုရတာကိုသင့်ဆရာဝန်ကိုမေးမြန်းပါ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကကူးစက်ပိုးဝင် အဆစ်ရောင်ခြင်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကူးစက်ပိုးဝင် အဆစ်ရောင်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း– ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကိုကျစေပြီး အဆစ်အမြစ်ရောင်နာကျင်ခြင်းကနဲ့တောင့်တင်းခြင်းကို သက်သာစေပါတယ်။
ကျန်းမာရေးနဲ့ညီညွှတ်အောင်စားခြင်း– အဆီနည်းနည်း၊ ကယ်လိုရီနည်းနည်းစားခြင်း။ အစာကိုစနစ်တကျစားခြင်း၊ သရေစာများကိုလျှေြာ့ခင်း၊ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားခြင်း
ဗီတာမင်စီဖြည့်စွက်ခြင်း– လေ့လာမှုတွေအရ ဗီတာမင်စီက ခန္ဓါကိုယ်မှာရေင်ရမ်းခြင်းတွေအတွက် အကူအညီပေးပါတယ်။ လိမ္မော်သီးတစ်လုံး ဒါမှမဟုတ် စပျစ်ဖျော်ရည်တစ်ဖန်ခွက်ကို နေ့တိုင်းမှီဝဲပါ။
ကိုယ်အလေးချိန်ကိုထိန်းထားခြင်း- ကိုယ်အလေးချိန်ပေါင်များခြင်းက အဆစ်ရေင်ခြငးနာကျင်ခြင်းကို ပိုဆိုးစေတာကြေင့် သင့်အတွက်အကျန်းမာဆုံးဖြစ်စေမယ့်ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးဆရာဝန်နဲ့ဆွေးနွေးပါ။ သင်ဦးတည်ထားတဲ့ကိုယ်အလေးချိန်ဂဏန်းပေါ်မှာအာရုံစူးစိုက်ထားပြီးလျှော့ချပါ။
အယ်ကိုဟောဖြတ်ခြင်း- နာကျင်ခြင်းကိုသက်သာစေဖို့ အရက်ကိုဆေးဖြစ်ဝါးဖြစ်အနေနဲ့ မမှီဝဲပါနဲ့။ ပြဿနာတွေပဲပိုဖြစ်စေနိုင်ပါတယ်။ ကယ်လိုရီများများစားပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။