backup og meta

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ

    သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။

    အရိုးပျော့ရောဂါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အာရုံစိုက်စရာ ရောဂါတစ်ခု ဖြစ်လာပါတယ်။ ဒီရောဂါက အာဟာရချို့တဲ့တဲ့ နိုင်ငံတွေမှာသာဖြစ်လာတာမဟုတ်ဘဲ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါ ဖြစ်လာတာတွေ့ရပါတယ်။ အရိုးပျော့ရောဂါဆိုတာ ကိုယ်မှာရှိတဲ့ အရိုးတွေကို ပျော့လာပြီး အားနည်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၆လ နဲ့ ၃၆ လ ကြားက ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ vitamin D အလွန်အမင်း မလုံလောက်မှုကြောင့် အရိုးအတွက် Calcium နဲ့ Phosphorus စုပ်ယူမှုအားနည်းသွားတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီ Calcium နဲ့ Phosphorus တွေဟာ အရိုးတွေရဲ့ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ vitamin တွေမပြည့်စုံဘဲနဲ့ သင့်ကလေးရဲ့အရိုးတွေကကြံ့ခိုင်ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီးပျော့ပျောင်းသွားနိုင်ပါတယ်။

    ကလေးတွေကိုဘာကအရိုးပျော့ရောဂါဖြစ်စေတာလဲ။

    ကလးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဗီတာမင် ဒီ(Vitamin D) မလုံလောက်တာကြောင့် ဖြစ်ပါတယ်။ ဒီ Vitamin D ဟာ Calcium နဲ့ Phosphorus တွေကို အစာကနေစုပ်ယူနိုင်ဖို့ အဓိကကျတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ သင့်ကလေးမှာ တကယ်လို့ Vitamin D မလုံလောက်ခဲ့ရင် သူ့မှာအရိုးပျော့ရာဂါဖြစ်လာနိုင်ပါတယ်။ Vitamin D ကို အစားအစာတွေကရရှိမယ့်အပြင် နေရောင်နဲ့ အရေပြားထိတဲ့အခါ အရေပြားကနေ Vitamin Dကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တကယ်လို့ သင့်ကလေးဟာ နေရောင်အနည်းငယ်သာရတဲ့နေရာမှာသာ နေရမယ်ဆိုလျှင် သူ့မှာ Vitamin D လုံလောက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သက်သက်လွတ်စားခြင်းနဲ့ နို့မသောက်ခြင်း စတာတွေကလည်း သင့်ကလေးကို Vitamin D မလုံလောက်မှုဖြစ်စေပါတယ်။ တချို့အခြေအနေမှာ အရိုးပျော့ရောဂါဟာ မျိုးရိုးအလိုက်ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။

    အရိုးပျော့ရောဂါရဲ့ လက္ခဏာတွေကဘာတွေလဲ။

    သင်ကလေးမှာ အရိုးပျော့ရောဂါရှိတယ် မရှိဘူးဆိုတာကို သင်ကိုယ်တိုင်သိနိုင်ပါတယ်။

    • ကြီးထွားမှုနှုန်း နှေးခြင်း

    • ကြောရိုးမကြီး၊တင်ပါးဆုံရိုးနှင့် ခြေထောက်များနာကျင်ခြင်း

    • လက်ကောက်ဝတ်နဲ့ ခြေချင်းဝတ်ရောင်ရမ်းခြင်း

    • ကြွက်သားများအားနည်းခြင်း

    • သင့်ကလေးရဲ့ ခြေထောက်ရိုးများအပြင်ဘက်ငေါထွက်နေခြင်း

    • အရိုးများအက်ခြင်း

    • သွားဖွ့ြံဖိုးမှု နောက်ကျခြင်း

    တကယ်လို့ သင့်ကလေးမှာ ဒီ လက္ခဏာတွေရှိနေတယ်ဆိုလျှင် ကလေးအထူးကုဆရာဝန်ဆီအမြန်သွားပါ။ သင့်ကလေးဖွံဖြိုးနေတဲ့အချိန်မှာ ဒီအရိုးပျော့ရောဂါကို မကုသထားရင် သင့်ကလေးအရွယ်ရောက်တဲ့အခါ ဖွံ့ဖြိုးသင့်သလောက်မဖွ့ြံဖိုးဘဲနေပါလိမ့်မယ်။

    သင့်ကလေးကိုအရိုးပျော့ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

    သင့်ကလေးကို အရိုးပျော့ရောဂါကနေ ကာကွယ်ဖို့ အဓိကအချက်က Vitamin D, Calcium နဲ့Phosphorus ပါဝင်တဲ့ စားအစာတွေကို အာဟာရမျှမျှတတဖြစ်အောင် စားသောက်ဖို့ပဲဖြစ်ပါတယ်။ Vitamin D ကို အများသောအားဖြင့် ငါးနဲ့ ကြက်ဥအနှစ်တွေကနေ ရနိုင်ပါတယ်။ တခြား Vitamin D ပါဝင်တဲ့ အစားအစာတွေက ကောက်ပဲသီးနှံများ၊ နို့နဲ့ လိမ္မော်ရည်တို့ဘဲ ဖြစ်ပါတယ်။ မိ ခင်ရဲ့နို့ရည်ကလည်း Vitamin D အနည်းငယ်ပါဝင်ပါတယ်။ နို့တိုက်ကလေးငယ်တွေအားလုံး တစ်နေ့ကို Vitamin D 400 IU လောက်ကို လိုအပ်ပါတယ်။ ပိုပြီး စုံစုံလင်လင်သိချင်ရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    အာဟာရစုံလင်စွာ စားသောက်ခြင်းအပြင် သင့်ကလေးအနေနဲ့ လုံလောက်တဲ့ နေရောင်ခြည်ရဖို့လည်းလိုအပ်ပါတယ်။ လေ့လာချက်တွေအရ သင့်ကလေးရဲ့ မျက်နှာနဲ့ လက်တွေကိုသာ တစ်ပတ်ကိုအကြိမ်အနည်းငယ်လောက် နေရောင်နဲ့ ပေးထိရမှာဖြစ်ပါတယ်။ နေရောင်ကြာကြာခံခြင်းကလည်း အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးက နေပူထဲကိုအကြာကြီးထွက်မယ်ဆိုရင် နေလောင်ဒဏ်ခရင်ကို လိမ်းပေးဖို့မမေ့ပါနဲ့။

    လေ့လာမှုတွေအရ သင့်ကလေးကို အရိုးပျော့ရောဂါမဖြစ်အောင် မမွေးခင်တည်းက ကာကွယ်လို့ရပါတယ်။ သင့်အနေနဲ့ ကိုယ်ဝန်လွယ်ထားတဲ့အချိန်တည်းက Vitamin D အလုံအလောက်ပါဝင်တဲ့အ စားအစာတွေကို လုံလုံလောက်လောက်စားသင့်ပါတယ်။ ဒါတွေက မိခင်ရဲ့အရိုးတွေကို ကြံ့ခိုင်စေရုံသာမက မမွေးသေးတဲ့သင့်ကလေးရဲ့အရိုးတွေကိုလည်း ကြံ့ခိုင်စေပါတယ်။ တကယ်လို့ သင်က နေရောင်ခံဖို့အဆင်မပြေဘူးဆိုရင် သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး အထောက်အကူပြု ဗီတာမင်တွေကို သောက်သုံးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement