ငယ်သွားတွေကိုလည်းသေချာဂရုစိုက်ပေးပါ
မိဘတော်တော်များများက ငယ်သွားကကျိုးသွားမှာပဲဆိုပြီးသေချာဂရုမစိုက်ဘဲထားတာမျိုးရှိနိုင်ပါတယ်။ ဒပေမယ့် ငယ်သွားကိုသေချာဂရုစိုက်ပေးမှာ ကြီးသွားထွက်လာတဲ့အခါ ကျန်းမာလှပတဲ့ သွားလေးတွေဖြစ်စေမှာပါ။ ဒါကြောင့် ကလေးငယ်ကို သွားဖုံးရောဂါတွေမဖြစ်စေဖို့အတွက် ငယ်သွားပေါက်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။
သွားထိခိုက်စေမယ့် အလေ့အထတွေကို ဆင်ခြင်ပေးပါ
ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့သွားပြဿနာတွေက သွားအရောင်ပြောင်းတာနဲ့သွားပိုးပေါက်လေးတွေဖြစ်တာပါ။ ကလေးကိုအိပ်ရာထဲမှာ နို့ဗူးထည့်ပေးတာက ကလေးရဲ့သွားကို ထိခိုက်စေနိုင်တဲ့အပြုအမူပါ။ ကလေးကို အချိုတွေအများကြီးကျွေးတာမျိုးလည်း မလုပ်ပါနဲ့။
အသက် ၂ နှစ်အရွယ်မှာ သွားစတိုက်ပေးပါ
ကလေးရဲ့သွားလေးတွေစထွက်လာပြီဆိုတာနဲ့ သွားစတိုက်ပေးပါ။ ကလေးကငယ်သေးတာကြောင့် ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးကို ဆန်စေ့တစ်စေ့စာလောက်ထည့်ပြီး တစ်နေ့ကို ၂ ကြိမ်တိုက်ပေးပါ။
ကလေးရဲ့ ဖလိုရိုက်သောက်သုံးမှုပမာဏကို သိပါစေ
ကလေးအနေနဲ့ သွားပျက်စီးတာမျိုးမဖြစ်စေဖို့အတွက် ဖလိုရိုက်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ သွားတိုက်ဆေးကနေ ဖလိုရိုက်ကိုရရှိနိုင်သလိုသေက်သုံးရေကနေလည်း ဖလိုရိုက်ကိုရရှိနိုင်ပါတယ်။ တကယ်လို့ ကလေးရရှိတဲ့ ဖလိုရိုက်ပမာဏက မလုံလောက်ဘူးလို့ယူဆတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို ဖလိုရိုက်အားဖြည့်ဆေးတိုက်ပေးတာမျိုးလုပ်နိုင်ပါတယ်။
သွားပွတ်တံကိုမကြာခဏလဲပေးပါ
ကလေးကို သွားပွတ်တံတစ်ချောင်းထဲကို အကြာကြီးတိုက်ခိုင်းတာမျိုး မလုပ်ပါနဲ့။ မကြာခဏလဲပေးဖို့လိုပါမယ်။ သွားပွတ်တံကခြောက်ပြီး ဖွားနေမယ်ဆိုရင် ချက်ချင်းလဲပေးပါ။ အနားတွေဖွာနေတဲ့ သွားပွတ်တံက ကလေးသွားတွေကိုသေချာမသန့်စင်ပေးနိုင်တဲ့အပြင် သွားဖုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။
သွားကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်စေဖို့အတွက်ဖေဖေမေမေတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့နည်းတွေအတိုင်းဘေဘီလေးတွေကိုစောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။