backup og meta

ကလေးများသွားပိုးစားခြင်း

ကလေးများသွားပိုးစားခြင်း

ကလေးများသွားပိုးစားခြင်းဆိုသည်မှာ သင့်တော်သောကုသမှုမခံယူပါက နာကျင်ခြင်းနှင့် ပိုးဝင်ခြင်းများကိုခံစားရစေနိုင်ပါသည်။

ကလေးများသွားပိုးစားခြင်းဆိုသည်မှာ အစားအစာထဲတွင်ပါဝင်သော သကြားဓါတ်များသည် ကလေး၏သွား အတွင်း ကပ်တွယ်နေသောအခါတွင် ဖြစ်ပွားတတ်ပါသည်။ ပါးစပ်ထဲတွင်ရှိသောဘတ်တီးရီးယားပိုးများသည် ကလေးငယ်များစားသော အစာမှသကြားများကို စားသုံးသည်။ ထို့နောက် အက်ဆစ်များထုတ်လုပ်ကာ သွားများကိုဖျက်ဆီးပစ်သည်။ ထိုအခြေအနေသည် အရှေ့သွားများတွင်ဖြစ်လေ့ဖြစ်ထရှိသော်လည်း အခြားသွားများတွင်လည်းဖြစ်ပွားနိုင်သည်။ အကယ်၍ သွားပိုးစားခြင်းကို မကုသဘဲထားပါက အစာစားနည်းခြင်း စကားပြောရာတွင် အခက်အခဲဖြစ်ခြင်းနှင့် ကြီးသွားများ မညီမညာဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါသည်။ ထိုကြောင့်သင့်ကလေးတွင်သွား၌အမဲစက်များပေါ်ခြင်းစသောသွားပိုးစားလက္ခဏာများသတိထားမိပါက သင်သည်သင့်ကလေးကိုကုသမှုခံယူနိုင်ရန် အနီးစပ်ဆုံးသောသွားဆရာဝန်ထံခေါ်သွားသင့်ပါသည်။ ကံကောင်းသည်က သင့်ကလေးသွားပိုးစားခြင်းကိုကာကွယ်နိုင်မည့် နည်းလမ်းများစွာရှိပါသည်။ အကောင်းဆုံးနည်းလမ်းကတော့ စောစောစီးစီးကပင် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများကို လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ၎င်းတို့မှာ

  • ကလေးကိုနို့တိုက်ပြီးသောအခါတွင် ကလေး၏သွားဖုံးများကို နူးညံ့စွာသုတ်ပေးပါ။
  • ကလေး၏သွားများစပေါက်လာကတည်းကသွားစတိုက်ပေးပါ။(ဖလိုရိုက်မပါသောသွားတိုက်ဆေးနှင့်တိုက်ပေးပါ။)
  • သွားကြားများထဲကို အပ်ချည်မျှင်များဖြင့် သန့်စင်ပေးပါ။
  • သွားကိုသာမကသွားဖုံးများကိုပါသန့်စင်ပေးပါ။
  • သင့်ကလေးတွင် ဖလိုရိုက်ပြည့်ဝစေရန် ပြုလုပ်ပေးပါ။
  • သင့်ကလေး၏ ပထမဆုံးမွေးနေ့မှစပြီး သွားဆရာဝန်ထံပုံမှန်သွားပြပေးပါ။(သင့်ကလေးသွားပိုးစားခြင်းမှ ကာကွယ်နိုင်ရန် အလွှာပါးလေးများ လည်းရရှိနိုင်ပါသည်။)
  • သင့်ကလေး၏သကြားပါဝင်သောအစားအစာများအချိုရည်များသောက်သုံးခြင်းကိုကန့်သတ်ပေးပါ။
  • သင့်ကလေးအချိုကြိုက်ခြင်းကိုအလိုမလိုက်ပါနှင့်။

လူများစွာယူဆကြသည်မှာ ကလေးများ၏ငယ်သွားများသည် ကြီးသွားများနှင့်အစားထိုးမည်ဖြစ်သောကြောင့် အလွန်အရေးမကြီးဘူးဟု ထင်မြင်တတ်ကြပါသည်။ ထိုအရာသည်အလွန်လွဲမှားသောအယူအဆမှားဖြစ်ပါသည်။ သင့်ကလေးသည် အစာစားရန်စကားပြောရန်နှင့် ပုံမှန်ကြီးသွားများဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ငယ်သွားများကိုလိုအပ်ပါသည်။ သင်သည်သင့်ကလေးတွင်ကျန်းမာရေးနှင့်ညီညွတ်သော ကြီးသွားများပေါက်ပွားလာနိုင်စေရန် သင့်ကလေးတွင်ရှိသောမကောင်းသည့်အစာစားခြင်းအကျင့်ဆိုးများကိုဖယ်ရှားပေးရပါမည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Baby Bottle Tooth Decay? http://www.webmd.com/oral-health/guide/what-is-baby-bottle-tooth-decay#1 Assessed September 17, 2016

ယခုပုံစံ

09/08/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။

သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement