လက်မစုပ်ခြင်းသည်သဘာဝအလျောက်ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်တစ်ခုဖြစ်သည်။ များသောအားဖြင့်စိုးရိမ်ရန်မလိုပါ။ သို့သော်အသက်ငါးနှစ်ကျော်သည်အထိ ကလေးသည်လက်မစုပ်နေမည်ဆိုလျှင် တော့ ကြီးသွားများပေါက်လာချိန်တွင်သွားပိုင်းဆိုင်ရာပြဿနာများဖြစ်လာနိုင်ပါသည်။ လက်မစုပ်ခြင်းသည် သွားစီစီရီရီရှိမှု၊ မေးရိုးများ၊ပါးစပ်၏အာခေါင်ဖြစ်ပေါ်လာပုံ၊စကားပြောခြင်းများစသည်တို့နှင့်ပက်သက်ပြီးပြဿနာများဖြစ်ပွားစေနိုင်ပါသည်။ သွားဖုံးမောက်ခြင်း သွားခေါခြင်းများဖြစ်ပွားစေနိုင်ပါသည်။
၃။ နုတ်ခမ်းသပ်ခြင်း
နှုတ်ခမ်းသပ်ခြင်းဆိုသည်မှာ အောက်နှုတ်ခမ်းကိုအပေါ်သွားနှင့်အောက်သွားအကြား ထားပြီးနှုတ်ခမ်းကိုလျက်ခြင်းဖြစ်သည်။ နှုတ်ခမ်းသပ်သောကလေးများသည် လက်မပါစုပ်တတ်ကြောင်းတွေ့ရသည်။ နှုတ်ခမ်းသပ်ခြင်းအားဖြင့် သွားများညီညာမှုမရှိတော့ဘဲ စကားပြောရာတွင်အခက်အခဲတွေ့နိုင်သည်။
၄။ လျှာထုတ်ခြင်း
လျှာထုတ်ခြင်းသည်လည်းနုတ်ခမ်းသပ်ခြင်း၊လက်မစုပ်ခြင်းကဲ့သို့ပင်အတွေ့ရများသောပြဿနာတစ်ခုပင်ဖြစ်သည်။ လျှာထုတ်ခြင်းအားဖြင့်သွားများညီညာမှုမရှိစေဘဲ သွားခေါခြင်းသွားဖုံးမောက်ခြင်းများဖြစ်စေသည်။ စကားပြောရာတွင် အခက်အခဲဖြစ်စေနိုင်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။