ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။
ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
အဖြစ်များသော လက္ခဏာများမှာ
ဆိုးရွားသော ကိစ္စများတွင် မှက္ခရုသည် အစာမျိုပြွန်ထိ ပျံ့နှံ့သွားနိုင်သည်။ အစာမျို ပြွန်ဆိုသည်မှာ ပါးစပ်နောက်ဖက်မှ အစာအိမ်ထိ ဆင်းသွားသော ကြွက်သားမျှင်များဖြင့် ဖွဲ့စည်းထားသော ပြွန်လမ်းကြောင်းဖြစ်သည်။ ထိုသို့ ဖြစ်ပွားခဲ့လျှင် သင်သည် အစာမြိုချရခက်ခဲပြီး အစာသည် လည်ပင်းတွင် တစ်နေသော ခံစားချက်ကို ခံစားရမည်။
အစပိုင်းတွင် သင်သည် ခံတွင်း မှက္ခရုကို သတိပင်ထားမိမည် မဟုတ်ပါ။ နောက်ခံရောဂါပေါ် မူတည်ပြီး ရောဂါလက္ခဏာများသည် တဖြည်ဖြည်း ဖြစ်လာနိုင်သလို ရုတ်တရက်လည်း ဖြစ်လာနိုင်သည်။ ၎င်းတို့သည် ရက်အနည်းငယ်မှ ရက်သတ္တပတ်ထိ၊ သို့မဟုတ် လပိုင်းအထိ ကြာနိုင်ပါသည်။
ထို့ပြင် တစ်နှစ်အောက်ကလေးငယ်များသည် ခံတွင်းတွင် အဖြူဖတ်များ ရှိနေရုံသာမက အစာကျွေးရခက်ပြီး ဂျီကျတတ်သည်။ သူတို့အား နို့တိုက်စဉ် ရောဂါပိုးများသည် မိခင်ထံသို့ ကူးစက်နိုင်သည်။ ရောဂါပိုးသည် မိခင်ရင်သား နှင့် ကလေးပါးစပ် ကြားတွင် ကူးချည်၊ သန်းချည် သွားနေနိုင်သည်။ Candida မှိုပိုးကူးစက်နေသော ရင်သားပိုင်ရှင် အမျိုးသမီးများသည် အောက်ပါလက္ခဏာများကို ခံစားရမည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်သည် ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကဲ့သို့သော အန္တရာယ်ရှိသော ပိုးမွှားများကို တိုက်ထုတ်ပေးသည်။ ၎င်းသည် ခန္ဓါကိုယ်တွင် ပုံမှန်နေထိုင်သော ဇီဝပိုး အကောင်းနှင့် အဆိုးများကြား မျှခြေကို ထိန်းသိမ်းပေးသည်။ သို့သော် တစ်ခါတစ်ရံတွင် ထို ကာကွယ်ရေးလုပ်ငန်းစဉ်များသည် ကျရှုံးသွားပြီး Candida မှိုအရေအတွက် တိုးပွားလာပြီး ခံတွင်း မှက္ခရုဖြစ်ပွားစေသည်။
ရောဂါ (သို့) Prednisone ကဲ့သို့သော ဆေးများ (သို့) သင့်ခန္ဓါကိုယ်ရှိ ဇီဝပိုးမွှားများကို ထိန်းညှိပေးသော သဘာ၀ မျှခြေ ကို ပျက်ယွင်းစေသော ပိုးသတ်ဆေးများကြောင့် ကိုယ်ခံအားနည်းသောအခါတွင် ခံတွင်းမှက္ခရုနှင့် အခြား Candida ပိုးဝင်ခြင်းများ ဖြစ်ပွားသည်။
ခံတွင်းမှက္ခရု ပိုဖြစ်ပွားစေသော ရောဂါနှင့် အခြေအနေများမှာ
အခြား ဖြစ်ပွားစေသော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ခံတွင်း မှက္ခရု ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်အချက်များမှာ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်သွားဆရာဝန်က မှက္ခရု ရှိမရှိသိဖို့ သင့်ပါးစပ်ကို စစ်ဆေးပါလိမ့်မယ်။ ဆရာဝန်က သင့်ပါးစပ်၊ လျှာ၊ ပါး အတွင်းရှိ ထင်ရှားသော အဖြူဖတ်များကို ရှာဖွေပါလိမ့်မည်။ ထိုအဖတ်များကို အသာအယာပွတ်သတ်လိုက်သောအခါတွင် နီရဲနာကျင်ပြီး သွေးအနည်းငယ်ထွက်နိုင်ပါသည်။ မှက္ခရုမှ တစ်ရှုးစကို မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးကြည့်သောအခါ ရောဂါ အတည်ပြုနိုင်ပါသည်။
အစာမြိုပြွန်ထိ ကူးစက်သွားသော မှက္ခရုအတွက်မူ အခြားသော စစ်ဆေးမှုများ ထပ်မံလိုအပ်ပါသည်။
ထိုစစ်ဆေးမှုများမှာ
ခံတွင်း မှက္ခရုကို မှိုပိုးသတ်ဆေးဖြင့် ကုသအောင်မြင်ပါသည်။ ထိုဆေးသည် အများအားဖြင့် ဂျယ်လ် (သို့) အရည်အနေဖြင့် လာပြီး ခံတွင်းအတွင်းပိုင်းထိ လိမ်းနိုင်ပါသည်။ သောက်ဆေး ဆေးပြား နှင့် ဆေးလုံးများအသွင်နဲ့လည်း တစ်ခါတစ်ရံ လာတတ်ပါသည်။ လိမ်းဆေးများသည် တစ်ရက်ကို အကြိမ်ပေါင်းများစွာ လိမ်းဖို့ လိုအပ်ပြီး ၇ ရက်မှ ၁၄ ရက်ပတ်ဝန်းကျင်ထိ လိမ်းရပါမည်။
သောက်ဆေးများသည် တစ်ရက်ကို တစ်ကြိမ်သာ သောက်ရမည်။ ထိုဆေးများသည် များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါ။ သို့သော် အချို့သည် ပျို့အန်ခြင်း၊ လေကယ်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေတတ်သည်။ သင့် သွားဆရာဝန်က သင့်အသက်အရွယ်နှင့် ရောဂါဖြစ်ရခြင်း အကြောင်းရင်းပေါ်မူတည်ပြီး သင့်အတွက် သီးသန့်ကုသမှုကို ပေးပါလိမ့်မည်။
အကယ်၍ ပိုးသတ်ဆေး (သို့) ကော်တီကို စတီးရွိုက်များသည် သင့် ခံတွင်း မှက္ခရုကို ဖြစ်စေသော အကြောင်းရင်းများဆိုလျှင် ဆေးပြောင်းခြင်း (သို့) ဆေးပေးသည့် ပုံစံပြောင်းခြင်း (သို့) ဆေးလျှော့ခြင်းတို့ ပြုလုပ်ဖို့ လိုအပ်သည်။
Candida ပိုးဝင်ခြင်းသည် အခြား ရောဂါအခြေအနေတစ်ရပ်၏ လက္ခဏာလည်းဖြစ်နိုင်သောကြောင့် သင့်သွားဆရာဝန်က အထွေထွေရောဂါကု ဆရာဝန်၏ အကူအညီကို ယူဖို့ အကြံပြုနိုင်သည်။ သို့မှသာ အခံရောဂါဇာတ်မြစ်ကို ရှာဖွေကုသနိုင်မည်ဖြစ်သည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခံတွင်းမှက္ခရု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။