ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
- မိသားစုဝင်များတွင် ဖြစ်ဖူးခြင်း
- ဆယ်ကျော်သက်များနှင့် အရွယ်ရောက် လူငယ်များ
- အမျိုးသမီးများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ပါးစပ်ထဲရှိအနာများအတွက် သီးသန့်စစ်ဆေးမှုများ မလိုအပ်ဘဲ ဆရာဝန်သို့မဟုတ် သွားဆရာဝန်က တွေ့လျှင် သိနိုင်ပါသည်။ ဆိုးရွားပြင်းထန်သော လူနာများတွင် သာသွေးစစ်ခြင်း၊ အသားစယူခြင်းများကို ပြုလုပ်ရပါမည်။
Canker Sores (ပါးစပ်ထဲတွင် အနာပေါက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ထိုအနာများသည် မကုဘဲနှင့်လည်း ပျောက်သွားနိုင်ပါသည်။ သို့သော် ပြင်းထန်စွာ နာကျင်လာပါက အောင်ပါနည်းများဖြင့် ကုသနိုင်ပါသည်။
- ပိုးသတ်ဆေးပါသော အရည်များဖြင့် အာလုတ်ကျင်းခြင်း
- ဗီတာမင် B12, B6,ဖောလိတ်, ဇင့်ဓါတ်များ မှီဝဲခြင်း
- benzocaine, fluocinonide, hydrogen peroxide လိမ်းဆေးများလိမ်းခြင်း
စတီးရွိုက်အရောင်ကျဆေးပါသော အရည်များဖြင့် အာလုတ်ကျင်းခြင်း
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ပါးစပ်ထဲတွင် အနာပေါက်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
- ခံတွင်းကို ဆားရည် သို့မဟုတ် မုန့်ဖုတ် ဆော်ဒါ အရည်ဖြင့် အာလုတ်ကျင်းခြင်း
- မဂ္ဂနီဆီယမ်းနို့ အနည်းငယ်ဖြင့် အနာကို တို့ခြင်း
- အက်ဆစ်ဓါတ်များသော၊ စပ်သော အစားအစာများကို ရှောင်ခြင်း
- အနာများကို ရေခဲကပ်ခြင်း
- သွားတိုက်လျှင် ညင်သာစွာတိုက်ခြင်း
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။