• သွားပွတ်ကြိုးမသုံးခြင်း
• စားချဉ့်ပြန်ခြင်းကြောင့် သွားကြွေလွှာပျက်စီးခြင်း
• ဆေးလိပ်သောက်ခြင်း
• ကင်ဆာဆေးများသောက်နေရခြင်းနဲ့ ကင်ဆာကုထုံးများကြောင့်ဖြစ်နိုင်ပါတယ်။
သွားကိုက်ခြင်း ကို ဘယ်လိုအတည်ပြုပါသလဲ
သွားဆရာဝန်က လိုအပ်တဲ့ စမ်းသပ်မှုတွေ၊ စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ ဒါ့ပြင် ဘယ်တုန်းက စနာလဲ၊ ဘယ်လောက်ထိဆိုးလဲ၊ ဘယ်နားကနာလဲ ဘာတွေကြောင့် ပိုဆိုးပြီး၊ ဘာတွေကြောင့် ပိုသက်သာလာနိုင်လဲဆိုတာတွေကို ဆရာဝန်က မေးပါလိမ့်မယ်။
ပြီးနောက် ခံတွင်း၊ သွား၊ သွားဖုံး၊ မေးရိုး၊ လျှာ၊ လည်ချောင်း၊ နား၊ နှာခေါင်း၊ လည်ပင်း စတာတွေကို စမ်းသပ်ပါလိမ့်မယ်။ ဓာတ်မှန်ရိုက်ဖို့နဲ့ အခြားသောစမ်းသပ်မှုတွေလည်း လိုနိုင်ပါတယ်။
သွားကိုက်ခြင်းကို ဘယ်လိုကုသပါသလဲ
ဘာကြောင့်ဖြစ်တယ်ဆိုတာကို သိသွားတဲ့အခါမှာ ဆရာဝန်က သင့်လျော်တဲ့ ကုသမှုပေးပါလိမ့်မယ်။ သွားပိုးစားခြင်းကြောင့်ဆိုရင် သွားဖာပေးခြင်း (သို့) နှုတ်ပေးခြင်း ပြုလုပ်ပါလိမ့်မယ်။ သွားကို ထောက်ပံ့တဲ့ အာရုံကြောပိုးဝင်ခြင်းကြောင့်ဆိုရင်တော့ သွားအမြစ် ကုသခြင်းကို ပြုလုပ်ပေးပါလိမ့်မယ်။ ဖျားနေပြီး မေးရိုးတစ်ဝိုက်ရောင်နေပြီဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုပါလိမ့်မယ်။
သွားပေါက်ဖြစ်နေရင် သွားပေါက်အတွင်း သေနေတဲ့တစ်ရှူးတွေကို ဖယ်ထုတ်ပြီး ဖြည့်စရာနဲ့ အစားထိုးရပါမယ်။ သွားကိုက်ခြင်းနဲ့အတူ နာခြင်း၊ ရောင်ခြင်းတွေဖြစ်လာမယ်ဆိုရင် အခြားကုသမှုတွေနဲ့တွဲပြီး လေဆာကုထုံးပေးရနိုင်ပါတယ်။ စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများပေးပြီး အနာသက်သာအောင် ကူညီပေးပါလိမ့်မယ်။
ကုသမှုတွေနဲ့ မသက်သာလာဘဲ အခြားသွားတွေနဲ့ မေးရိုးကိုပါ ထိခိုက်လာပြီဆိုရင်တော့ သွားနှုတ်ပြီး ဖယ်ထုတ်ဖို့လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။