ထိပ်မဖြတ်ထားခြင်း ဆီးချို ကလေးများတွင် Diaper ပူ ခဏခဏလောင်ခြင်း တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းခြင်း အသက်ငယ်ခြင်း အန္တရာယ်ရှိသည့်အချက်များ သင့်တွင်မရှိရုံနှင့် မဖြစ်နိုင်ဟုမဆိုလိုပါ။ အထက်ပါလက္ခဏာများမှ မှီငြမ်းရန်အတွက်သာဖြစ်သည်။ အသေးစိတ်သိလိုပါက အထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရာဇဝင်၊ လက္ခဏာများကိုမေးခြင်း၊ လိင်တံအားစစ်ဆေးခြင်းဖြင့် အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကို အတည်ပြုနိုင်ပါသည်။
Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းသည် လက္ခဏာများကို မဖြစ်စေပါက အထူးသဖြင့် ကလေးများတွင် ကုသရန်မလိုတတ်ပါ။ သို့သော် ကလေးများ၌ ရောဂါလက္ခဏာမသက်သာလျှင် သို့မဟုတ် ဆီးသွားရ ဝမ်းသွားရခက်လာလျှင် hydrocortisone cream များကို လိမ်းပေးနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ထိပ်ဖူးငုံခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
ကျန်းမားသော နေထိုင်မှုပုံစံကိုလိုက်နာပါ။ လေ့ကျင့်ခန်းလုပ်ပြီး အန္တရာယ်ဖြစ်စေသည့် ဆေးလိပ်နှင့် အရက်များကိုရှောင်ပါ။ နှစ်ကိုယ်ကြားဆက်ဆံရေးတွင် ဖိစီးမှုများဖြစ်လာလျှင် နည်းလမ်းရှာပြီးဖြေရှင်းပါ။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။