backup og meta

ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း

ယောက်ျားတန်ဆာနှင့်ပတ်သက်၍ သင်မည်မျှသိသနည်း

ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ဖို့နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။

ယောက်ျားတန်ဆာ၏ ဖြတ်ပိုင်းပုံ

ယောက်ျားတန်ဆာဟာ ယောက်ျားလေးတွေအတွက် အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ သိထားပါသလဲ။ ယောက်ျားတန်ဆာမှာ အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်။

  • တန်ဆာခေါင်း။ ထိပ်ပိုင်းအရေပြား မဖြတ်ထားသူတွေမှာ တန်ဆာထိပ်ပိုင်းကို mucosa လို့ခေါ်တဲ့ ပန်းရောင်ရှိပြီး စိုစွတ်တဲ့ အလွှာနဲ့ ဖွဲ့စည်းထားပါတယ်။ ဖုံးအုပ်နေတဲ့ အရေပြားကို foreskin (prepuce) လို့ ခေါ်ပါတယ်။ အရေပြားဖြတ်ထားသူတွေမှာတော့ foreskin ကို ခွဲစိတ်ဖြတ်တောက်ထားပြီး တန်ဆာခေါင်းဟာ ခြောက်သွေ့နေတတ်ပါတယ်။
  • Corpus cavernosum။ အစိတ်အပိုင်းနှစ်ခုနဲ့ တန်ဆာတလျှောက်ကို ဖွဲ့စည်းထားပါတယ်။ သွေးဝင်လာတဲ့အခါ တန်ဆာထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။
  • Corpus spongiosum။ အခေါင်းပွပုံစံဖြစ်ပြီး တန်ဆာရှေ့ပိုင်းတလျှောက်မှာရှိပြီး တန်ဆာခေါင်းထိ ရှိပါတယ်။ တန်ဆာထောင်မတ်လာချိန်မှာ သွေးပြည့်လာတတ်ပါတယ်။ ဆီးသွားချိန်မှာ ဆီးပြွန်ကို ပွင့်စေပါတယ်။
  • ဆီးပြွန်ကတော့ Corpus spongiosum အလွှာမှာရှိပြီး ဆီးစွန့်ဖို့ အသုံးပြုပါတယ်။

တန်ဆာထောင်မတ်ခြင်း ဘယ်လိုဖြစ်ပေါ်သလဲ

ဦးနှောက်ကနေ စတင်ပါတယ်။ တစုံတရာကို မြင်တွေ့ခံစားရတဲ့အခါ စိတ်ကူးမိတဲ့အခါ ဓါတုပစည်းများဟာ အာရုံကြောတွေကနေ ယောက်ျားတန်ဆာဆီကို ရောက်သွားပါတယ်။ တန်ဆာထဲက သွေးကြောတွေဟာ ကျယ်သွားပြီး ရောက်လာတဲ့ သွေးတွေကို ကောင်းစွာလက်ခံယူပါတယ်။ တန်ဆာထဲမှာ သွေးတွေပြည့်သွားပြီး တင်းတောင့်လာတဲ့အခါ တန်ဆာဟာ ထောင်မတ်လာပါတယ်။

လူအများစုမှာ ယောက်ျားတန်ဆာဟာ တဖက်ကို ယိုင်နေတတ်ပါတယ်။ တန်ဆာထဲမှာရှိတဲ့ သွေးကြောတွေ၊ ကြွက်သားတွေ ဘက်မညီရင် ဖြစ်တတ်ပါတယ်။

ယောက်ျားအများစုဟာ သူတို့တန်ဆာရဲ့ အရွယ်အစားကို ပူပန်တတ်ကြပါတယ်။ ပျမ်းမျှအားဖြင့် စတင်ထောင်မတ်လာချိန်မှာ ၅-၁၀ စင်တီမီတာ ရှိတတ်ပြီး ထောင်မတ်နေချိန်မှာ ၁၂-၁၉ စင်တီမီတာအထိ ရှိတတ်ပါတယ်။ စိတ်ဖိအား၊ စိုးရိမ်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာရှိရင် အရွယ်အစားသေးတတ်ပါတယ်။ တချို့တွေမှာ ထောင်မတ်နေချိန်၊ ပျော့နေချိန်တွေမှာ အလျားဟာ သိသာစွာ ကွာခြားတတ်ပါတယ်။

သုက်ရည်ထွက်ခြင်း ဘယ်လိုဖြစ်ပေါ်သလဲ

လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု၊ ထိတွေ့မှုဟာ ကျောရိုး အာရုံကြောမကြီးကနေ ဦးနှောက်ကို သွားပါတယ်။ သုတ်ရည်ထွက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ရဲ့ တုံ့ပြန်မှုတခုပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကြောင့် အာရုံခံစားမှုအမြင့်ဆုံးရောက်ချိန်မှာ သုတ်လွှတ်ခြင်း ဖြစ်ပေါ်ပါတယ်။ နှစ်ပိုင်း ရှိပါတယ်။

(၁) ပထမအဆင့်မှာ သုတ်ရည်ပြွန်ဟာ သုတ်ရည်တွေကို တန်ဆာအောက်ပိုင်းကို ဝင်ရောက်နိုင်အောင် ညှစ်ထုတ်ပေးပါတယ်။ ပရော့စတိတ်ဂလင်းနဲ့ သုတ်ရည်အိတ်တွေဟာ သုတ်ရည်ကြည်ကို ဖြစ်ပေါ်စေပါတယ်။ ဒီအဆင့်မှာ သုတ်လွှတ်ခြင်းကို မဟန့်တားနိုင်ပါဘူး။

(၂) ဒုတိယအဆင့်မှာတော့ တန်ဆာအောက်ခြေက ကြွက်သားတွေဟာ ဝ.၈ စက္ကန့်တိုင်းမှာ ညှစ်အားဖြစ်ပေါ်စေပြီး သုတ်ရည်ကို တန်ဆာအပြင်ဘက်ကို ငါးကြိမ်ခန့်အထိ ပန်းထွက်စေပါတယ်။

ယောက်ျားတန်ဆာကို သန့်ရှင်းကျန်းမာစေမယ့် အရိုးရှင်းနည်းလမ်းကတော့ ရေနွေးနွေးနဲ့ ဆေးပေးဖို့ပါပဲ။ အထူးသဖြင့် အရေပြားမဖြတ်ထားရင် တန်ဆာခေါင်းအတွင်းပိုင်းကို ဆေးပေးရပါမယ်။ သင်နဲ့ လိင်ဆက်ဆံဖော်ဟာ တခြားလိင်ကိစ္စ အတွေ့အကြုံရှိမရှိ မသေချာရင် လိင်မှတဆင့် ကူးစက်တဲ့ရောဂါတွေကို ရှောင်ရှားနိုင်ဖို့ ကွန်ဒုံးသုံးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

From Curved Penis To Peyronie’s Disease: How Normal Is Your Bent Penis?
http://www.medicaldaily.com/curved-penis-peyronies-disease-how-normal-your-bent-penis-335080
Is it normal to have a curved penis? http://www.nhs.uk/chq/Pages/875.aspx

Do I have Peyronie’s disease? http://www.peyroniesassociation.org/what-is-peyronies/do-i-have-peyronies/
Picture of the Penis. http://www.webmd.com/men/picture-of-the-penis#1

How an Erection Ejaculation Occurs. http://my.clevelandclinic.org/health/articles/how-an-erection-ejaculation-occurs

How the Penis Works: Erection and Ejaculation. http://www.webmd.com/erectile-dysfunction/how-an-erection-occurs

Penis Anatomy. http://emedicine.medscape.com/article/1949325-overview

Here’s How Ejaculation Actually Works http://gizmodo.com/heres-how-ejaculation-actually-works-1738246697

Seminal Vesicle http://www.innerbody.com/image_dige05/musc30.html

Structure of the Penis http://teachmeanatomy.info/pelvis/the-male- reproductive-system/penis/

 

 

 

ယခုပုံစံ

28/01/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

သင့်ကလေးကို လိင်ကိစ္စအကြောင်း ဘယ်လိုပြောမလဲ



Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement