မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေကို လိင်ကိစ္စအကြောင်းပြောခြင်းဟာ မဖြစ်နိုင်ဖွယ်ရာ စိန်ခေါ်မှု တစ်ခုအဖြစ် တွေးထင်ကြပါတယ်။ သူတို့ဟာ ဘယ်က စပြောရမှန်းမသိကြပဲ ပညာပေးဖို့ ညင်ညင်သာသာ ဘယ်လိုပြောရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
ထွက်မှာ သေချာပြီလား။
မိဘအတော်များများဟာ သူတို့ရဲ့ ကလေးတွေကို လိင်ကိစ္စအကြောင်းပြောခြင်းဟာ မဖြစ်နိုင်ဖွယ်ရာ စိန်ခေါ်မှု တစ်ခုအဖြစ် တွေးထင်ကြပါတယ်။ သူတို့ဟာ ဘယ်က စပြောရမှန်းမသိကြပဲ ပညာပေးဖို့ ညင်ညင်သာသာ ဘယ်လိုပြောရမယ်ဆိုတာကိုလည်း မသိကြပါဘူး။
တကယ်လို့ သင့်မှာ ဒီလိုပြဿနာရှိနေရင်တော့ ဒီဆောင်းပါးက သင့်ကလေးကို ဘယ်လို ပညာပေးရမယ်ဆိုတာအပေါ်မှာ အကြံပေးသွားမှာ ဖြစ်ပါတယ်။
အချစ်နဲ့ ပတ်သက်တဲ့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ကလေးနဲ့ တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ထင်တာမှန်သမျှကို သူတို့ပေါ်မှာ မှန်တယ်၊ မှားတယ် မပြောသင့်ပါဘူး။
တကယ်လို့ ကလေးတွေကို လိင်ကိစ္စအကြောင်း သင်ကြားခြင်း၊ ပြောကြားခြင်းမရှိဘူးဆိုရင် သူတို့ဟာ TV၊ အင်တာနက်၊ သူငယ်ချင်းတွေမှ တစ်ဆင့် ဒီအကြောင်းတွေကို သင်ယူပါလိမ့်မယ်။
ဒီနေရာတွေမှ သင်ယူခြင်းဟာ သင့်ကလေးရဲ့ လိင်ကိစ္စအပေါ် သဘောထားကို မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။
တစ်စုံတစ်ယောက်က သင့်ကို အမိန့်တွေပေးပြီး သင့်ရဲ့ အသစ်အဆန်း၊ စိတ်လှုပ်ရှားစရာတွေ ရှာဖွေလိုစိတ်ကို တားမြစ်တာကြောင့် စိတ်ပင်ပန်းရတဲ့အချိန်တွေ ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင် ဒါဟာ သင်က ကလေးတွေကို “လိင်မဆက်ဆံနဲ့” “ကိုယ်ဝန်မရစေနဲ့” “ရည်းစားမထားနဲ့” “ရောဂါမရစေနဲ့” အစရှိသည်ဖြင့် ပြောတဲ့အခါ သူတို့ခံစားရမယ့် ခံစားမှုပဲ ဖြစ်ပါတယ်။
သူတို့မှာ သီးသန့်လွတ်လပ်ခွင့်၊ ကမ္ဘာကြီးကို တွေ့ကြုံခံစားခွင့်မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ ဒီအစား သင်ပြောနိုင်တာကတော့ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျန်းမာတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့ အကြံပေးနိုင်ပါတယ်။
ဒါမှမဟုတ် အခြားသူတွေလည်း လုပ်နေကျဖြစ်တာကြောင့် သူတို့ လိင်ဆက်ဆံချင်လာတဲ့အခါ ဘယ်လိုလုပ်ရတယ်ဆိုတာကိုလည်း ပြောပြထားသင့်ပါတယ်။ ဒါဟာ သင့်ကလေးကို ပညာပေးသလိုဖြစ်ပြီး သူတို့ရဲ့ မိဘတွေက သူတို့ကို အနိုင်ကျင့်တယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားခြင်းကနေ ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်။
နေ့စဉ်သတင်းတွေ၊ social media တွေကို ဆက်ဆံမှုတွေ၊ လိင်ကိစ္စတွေအကြောင်း ပြောဖို့ အသုံးပြုပါ။ သူတို့ကို အကဲဖြတ်ခြင်းမပါတဲ့ အမြင်တွေကိုပြောပြပြီး သူတို့သာ ဒီလိုအခြေအနေတွေရောက်ခဲ့ရင် ဘာလုပ်သင့်တယ်ဆိုတာမျိုး အကြံပေးနိုင်ပါတယ်။
ဒီလိုလုပ်ခြင်းဟာ သူတို့ဒီအခြေအနေ ရောက်လာခဲ့ရင် မိဘတွေကို ပြောနိုင်တယ်လို့ ခံစားရစေပါတယ်။
မိဘအများစုဟာ သူတို့ကိုယ်သူတို့ လျစ်လျူရှုပြီး ကလေးက ဘယ်လိုပျော်ရွှင်ကျန်းမာတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မလဲဆိုတာကိုသာ စဉ်းစားကြပါတယ်။
မိဘတွေက သူတို့ရဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင် မတည်ဆောက်နိုင်တာကြောင့် ကလေးတွေက သူတို့အပေါ် ယုံကြည်မှု နည်းပါးနိုင်ပါတယ်။ သင်ကသာ သူတို့ရဲ့ စံပြဖြစ်ပါစေ။ သူတို့က သင့်နောက်က လိုက်လာမှာ ဖြစ်ပါတယ်။
ကလေးတွေဟာ သင့်ဘဝအကြောင်း ပြောတဲ့ ပုံပြင်တွေကို နားထောင်ရတာထက် သူတို့အကြောင်းပြောရတာ ပိုပြီး နှစ်သက်ကြပါတယ်။ သူတို့ဘာတွေကြုံတွေ့နေရလဲ ဆိုတာ သေချာနားထောင်ပြီး အကြံပေးသင့်ပါတယ်။ သူတို့ကို နားလည်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အကဲမဖြတ်သင့်ပါဘူး။
ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။
ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Talking to Your Child About Sex.
https://www.healthychildren.org/English/ages-stages/gradeschool/puberty/Pages/Talking-to-Your-Child-About-Sex.aspx. Accessed December 8, 2106.
How to talk to your child about sex (ages 6 to 8).
http://www.babycenter.com/0_how-to-talk-to-your-child-about-sex-ages-6-to-8_67908.bc?showAll=true. Accessed December 8, 2106.
Talking to Kids About Sex and Sexuality — at a Glance.
https://www.plannedparenthood