backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသားများတွင်ကိုလက်စထရော (cholesterol) များခြင်း


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသားများတွင်ကိုလက်စထရော (cholesterol) များခြင်း

ကိုလက်စထရောဟာ လူ့ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်အတွက်လိုအပ်ပါတယ်။ သူဟာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ရရှိဖို့အတွက် အဆီကိုဖြိုခွင်းပြီး ဟော်မုန်းနဲ့ ဗီတာမင်ဓါတ်တွေကို ထုတ်လုပ်ရာမှာ ကူညီပေးပါတယ်။ ဒါပေမယ့် ကိုလက်စထရောဓါတ်များလွန်းခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးရောဂါ ပြဿနာတွေကို ဖြစ်ပွားမှုကို မြင့်တတ်စေပါတယ်။

ပထမဦးစွာ ကိုလက်စထရောနဲ့ ပတ်သက်တဲ့ အခြေခံကျတဲ့အချက်တွေကို လေ့လာကြည့်ကြပါစို့။ ခြုံပြောရရင် လူ့ကိုယ်ခန္ဓါလည်ပတ်ဖို့ ကိုလက်စထရောကိုလိုအပ်ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ သူဟာ အစာခြေခြင်းနဲ့ အာဟာရ စုပ်ယူခြင်း လုပ်ငန်းဆောင်တာတွေမှာ အရေးကြီးပါတယ်။

ခန္ဓါကိုယ်က ကိုလက်စထရောကို အသည်းနဲ့ တခြား ဆဲလ်တွေက ပြုလုပ်ရရှိပြီးတော့ အသားနဲ့ ဥ စသည်တို့က စုပ်ယူရရှိပါတယ်။ ကိုလက်စထရောမှာ LDL နဲံ HDL ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။

ပထမ အမျိုးအစားကိုတော့ Low density lipoprotein (LDL) လို့ ခေါ်ပြီး နောက်တစ်မျိုးကို High density lipoprotein (HDL) လို့ ခေါ်ပါတယ်။ LDL ကိုတော့ မကောင်းတဲ့ ကိုလက်စထရောအဖြစ်သတ်မှတ်ပြီး ၎င်းအလွန်အကျွံများခြင်းဟာ သွေးကြောပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

HDL ကတော့ LDL နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ HDL ဟာ LDL ရဲ့ ပမာဏကို ကျစေခြင်းအားဖြင့် သင့်ကို ကျန်းမာစေပါတယ်။ LDL ဟာ လိုတာထက်ပိုများနေပြီဆိုရင် ကိုလက်စထရောများတယ်လို့ ရောဂါအမည်တပ်နိုင်ပါတယ်။

ဘယ်အရာတွေက ကော်လက်စတရောကို များစေနိုင်သလဲ။

သိသာထင်ရှားစွာပဲ သင်ဟာ HDL ကို LDL ထက်စာရင် ပိုလိုချင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုနဲ့ လှုပ်ရှားမှုမရှိခြင်းတွေက သင့်ကို ကိုလက်စထရောကိုပဲ တက်စေမှာပါ။ ပြည့်ဝဆီကို အသားနဲ့ နို့ထွက် ပစ္စည်းတွေမှာ တွေ့ရပြီးတော့ ၎င်းက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

အခြားအစားအစာတွေဖြစ်တဲ့ ဥတွေနဲ့ အသားတွေကလည်း အတူတူပါပဲ။ ဒါ့ပြင်လူကလုပ်တဲ့ အဆီတွေပါဝင်တဲ့ ပစ္စည်းတွေမှာ Transfat ပါဝင်ပြီးတော့ သူက LDL ကို တက်စေပြီး HDL ကို ကျစေပါတယ်။ သင့် ခန္ဓါကိုယ်အတွက် သင်ဒါတွေကို လုံးဝလိုချင်မှာ မဟုတ်ပါဘူး။

ဆီသွပ်ဘူးတွေဟာလည်း သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင့်မှာ ကိုလက်စထရော များနေပြီလို့ သိသာတဲ့အချက်ကတော့ သင်ကိုယ်အလေးချိန်တိုးလာ (သို့) အဝလွန်လာပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အဖြစ်အများဆုံး အချက်ကတော့ သင် လေ့ကျင့်ခန်း မလုပ်တာပဲ ဖြစ်ပါတယ်။

အဆီအအဆိမ့်တွေစားပြီး လေ့ကျင့်ခန်း မလုပ်တာဟာ LDL ကို ထောင်တက်ပြီး သင်ကိုယ်အလေးချိန် တိုးလာပါလိမ့်မယ်။

အမျိုးသာများနှင့် ကိုလက်စထရော များခြင်း

အမျိုးသားတွေမှာ ဘာကြောင့် ကိုလက်စထရော ပိုများရပါသလဲ။ အဓိကကတော့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနဲ့ သဘာဝအရ အမျိုးသမီးတွေထက် ကိုယ်ခန္ဓါပိုမို ကြီးမားခြင်းတွေဟာ ဒီအချက်ကို ရှင်းပြနိုင်ပါတယ်။

လူ့ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်အရ ယောက်ျားလေး ဖြစ်နေတဲ့အတွက် နှလုံးရောဂါဖြစ်ပွားမှု ပိုဖြစ်စေနိုင်ပါတယ်။ ယောက်ျားလေးတစ်ယောက် အရက်သောက်တယ်ဆိုတာဟာ ပုံမှန်လိုဖြစ်နေတာပါ။ ဒါ့အပြင် စိတ်ညစ်စရာတွေကို ဖြေဖျောက်ဖို့ စိတ်ဖိစီးမှုသက်သာဖို့ဆိုပြီး ယောက်ျားလေးတွေ ဆေးလိပ်သောက်တာဟာလည်း အစဉ်အလာလိုဖြစ်နေတာပါ။

မျိုးရိုးဗီဇကြောင့် ကိုလက်စထရောများတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အပြင်မှာ လမ်းပေါ်မှာ ဗိုက်သားကျစ်လစ်တဲ့ ယောက်ျားလေးတွေကို အတော်တွေ့ရခဲပါတယ်။ တကယ်တော့ အသက် လေးဆယ့်ငါးကျော်တဲ့ ယောက်ျားလေးတွေဟာ ကိုလက်စထရောတက်ဖို့ အခွင့်အလမ်းများပါတယ်။ အသက်ကြီးရင့်လာခြင်းဟာလည်း အမျိုးသားတွေအတွက် နှလုံးရောဂါ ရရှိခြင်းကို မြင့်တက်စေပါတယ်။

အသက်နှစ်ဆယ်ကျော်တဲ့အမျိုးသားတွေကို ကိုလက်စထရော ပမဏ စစ်ဆေးသင့်ပြီးတော့ နောက်ပိုင်းမှာလည်း ငါးနှစ် တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ ဒုက္ခပေးတဲ့ ကိုလက်စထရောဟာ အမျိုးသားတွေကို ပိုမိုနှစ်သက်တဲ့အတွက် မိမိရဲ့ ခန္ဓါကိုယ် အလေးချိန်၊ နေထိုင်မှု ဘဝပုံစံနဲ့ အစားအသောက်စားသောက်ပုံတို့ကို ဂရုစိုက်သင့်ပါတယ်။

အမျိုးသမီးတွေမှာလည်း ကိုလက်စထရော တက်နိုင်ခြေရှိတာကြောင့် အမျိုးသားရော အမျိုးသမီးပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝပုံစံနဲ့ နေထိုင်သင့်ပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်ခြင်းက ရှောင်ကြဉ်ပြီးတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကျန်းမာစွာနေထိုင်နိုင်ဖို့ အရိုးရှင်းဆုံးနည်းတွေဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement