backup og meta

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

မျောက်ကျောက် ဆိုတာက လက်ရှိနိုင်ငံပေါင်း 90 ကျော်မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားမှာ လူဦးရေ ၂၆၀၀၀ လောက် ခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ လက်ရှိမှာတော့ မျောက်ကျောက်ရဲ့ မျိုးစိတ်သစ်ဖြစ်တဲ့ A.2 က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက လူနာ ၂ ဦးမှာ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ Monkeypox မျိုးစိတ်သစ် A.2 အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

Monkeypox မျိုးစိတ်သစ် A.2

Monkeypox မျိုးစိတ်သစ် A.2 ကို ဇူလိုင်လ အစောပိုင်းက UAE နိုင်ငံ Kerala ကနေ ပြန်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးမှာ တွေ့ရှိခဲ့ရတာပါ။ မျောက်ကျောက်မှာ ဖြစ်လေ့ရှိတဲ့ အရေပြားမှာ အနာတွေ ဖြစ်တာကနေတဆင့် စစ်ဆေးကြည့်တဲ့ အခါမှာ ဥရောပမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက် မျိုးစိတ်နဲ့ မတူဘဲ Monkeypox A.2 ဖြစ်နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ Monkeypox မျိုးစိတ်သစ် A.2 က အနောက်အာဖရိက ဒေသမှာ တွေ့ရတဲ့ မျောက်ကျောက် ဗိုင်းရပ်စ် ဖြစ်တဲ့ hMPXV-1A ရဲ့ မျိုးကွဲ တစ်မျိုးပါ။ လက်ရှိ ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပွားနေတာက မျောက်ကျောက် ဗိုင်းရပ်စ်ရဲ့ B.1 မျိုးစိတ်ပါ။

အဖြစ်များတဲ့ မျိုးစိတ်တွေက အနောက်အာဖရိက နဲ့ အာဖရိက အလယ်ပိုင်းဒေသက မျိုးစိတ်တွေပါ။ အနောက်အာဖရိက မျိုးစိတ်က အာဖရိက အလယ်ပိုင်း မျိုးစိတ်လောက် သိပ်မပြင်းထန်ပါဘူး။ အာဖရိက အလယ်ပိုင်းဒေသက မျောက်ကျောက် မျိုးစိတ် ကူးစက်ခံရသူတွေက အဖျားရောဂါကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ အသက်ဆုံးရှုံးနိုင်ခြေက ၀ – ၁၁% ရှိပြီး ကူးစက်နှုန်းက မြန်ပါတယ်။

မျောက်ကျောက် ဆိုတာ

မျောက်ကျောက် ရောဂါ ဆိုတာက မျောက်ကျောက် ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါ တစ်မျိုးပါ။ မျောက်ကျောက် ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။  Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။
မျောက်ကျောက် ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။

Monkeypox မျိုးစိတ်သစ် A.2 အကြောင်း တစေ့တစောင်း

Monkeypox မျိုးစိတ်သစ် A.2 ကူးစက်ခံရတဲ့သူတွေမှာ အခုလို လက္ခဏာတွေ တွေ့ရပါတယ်။

  • အဖျားငွေ့ငွေ့ရှိမယ်
  • ကြွက်သားတွေ နာမယ်
  • နှုတ်ခမ်း နဲ့ ပါးစပ်ထဲမှာ အရည်ကြည်ဖုလေးတွေ ဖြစ်လာမယ်
  • မျိုးပွားအင်္ဂါမှာ အမာရွတ်တွေ ဖြစ်မယ်
  • လက်မောင်း နဲ့ ခြေထောက်တွေမှာ အနီအဖုအပိမ့်တွေ ဖြစ်မယ်
  • ဆီးသွားရင် နာကျင်မယ်
  • မျိုးပွားအင်္ဂါတွေ ရောင်ရမ်းမယ်
  • အဖျားတက်မယ်
  • ခေါင်းကိုက်မယ်
  • မအီမသာဖြစ်မယ်
  • လည်ချောင်းနာမယ်
  • ပြန်ရည်ကျိတ်တွေ ရောင်မယ်
  • စအိုတဝိုက် နာမယ်
  • စအိုတဝိုက်မှာ အနာတွေ ဖြစ်မယ်
  • အဖုအပိမ့်တွေက မျိုးပွားအင်္ဂါတွေ၊ ပါးစပ်တွေကနေ တဆင့် ခန္ဓာကိုယ်အနှံ့ကို ရောက်သွားတာပါ။

မျောက်ကျောက်ကို ဘယ်လိုကုသနိုင်မလဲ

ပုံမှန်အားဖြင့်တော့ မျောက်ကျောက်ရောဂါကို ဆေးကုသမှု မဖြစ်မနေ ခံယူပေးဖို့ မလိုပါဘူး။ မျောက်ကျောက်ကြောင့် ဖျားနာမှုက အရမ်းမပြင်းထန်ပါဘူး။ ကုသမှု မလိုအပ်ဘဲ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။

လက်ရှိမှာ အသုံးပြုနေတဲ့ ကုထုံးတွေက လက္ခဏာတွေကို သက်သာစေရုံသာဖြစ်ပြီး အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ကုထုံး ခံယူပြီး ၂ ပတ် ကနေ ၄ ပတ်အတွင်းမှာ အများစုက သက်သာလာကြပါတယ်။ နိုင်ငံအချို့မှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ အသုံးပြုနေတာတွေလည်း ရှိပါတယ်။

ကျောက်ကြီးရောဂါ ကာကွယ်ဆေး ကာကွယ်ဆေးက မျောက်ကျောက်ရောဂါ ကူးစက်မှုကို ၈၅% အထိ ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လို ကူးစက်သလဲ

မျောက်ကျောက်ဗိုင်းရပ်စ်က

  • ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ၊
  • ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
  • အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့်လည်း ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာ
  • ဗိုင်းရပ်စ်က မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်ပြီး ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာ
  • ရောဂါပိုးရှိသူနေနဲ့ အသားချင်းနီးနီးကပ်ကပ် ထိတွေ့တာ (ဥပမာ လိင်ဆက်ဆံစဉ်၊ နမ်းစဉ်၊ ပွေ့ဖက်စဉ်)
  • ရောဂါပိုးရှိသူ အသုံးပြုထားတဲ့ အဝတ်၊ အသုံးအဆောင်တွေ၊ အိပ်ရာခင်းတွေကို အသုံးပြု ထိတွေ့မိတာတွေကြောင့်လည်း ကူးစက်နိုင်ပါတယ်။

တိရစ္ဆာန်ဆီကနေ လူသားတွေဆီကိုတော့

  • ကိုက်မိတာ၊
  • အနာထဲကို သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ၊
  • ကုတ်မိတာ၊
  • အသားကို စားမိတာ၊
  • နမ်းရှုံ့တာ
  • ကိုင်တွယ်ထိတွေ့တာ
  • အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ

မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါ

  • ကာကွယ်ဆေး ထိုးပါ
  • တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားတာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)
  • ဖျားနာနေတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူ အသုံးပြုထားတဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုတာမျိုး မလုပ်ပါနဲ့
  • ရောဂါပိုး ကူးစက်ခံထားတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူကို သီးခြား ခွဲထားပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ ဥပမာ – ရောဂါပိုး ရှိတဲ့ လူ၊ တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးကြောပါ။ ရေမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည် သုံးပါ။
  • အကာအကွယ်တွေ ဝတ်ဆင်တာမျိုး လုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

About Monkeypox https://www.cdc.gov/poxvirus/monkeypox/about.html#:~:text=Monkeypox%20is%20a%20rare%20disease,vaccine)%2C%20and%20cowpox%20virus. Accessed Date 10 August 2022

Monkeypox https://www.cdc.gov/poxvirus/monkeypox/index.html Accessed Date 10 August 2022

Monkeypox https://www.nhs.uk/conditions/monkeypox/ Accessed Date 10 August 2022

Monkeypox Outbreak: Monkeypox New Strain A.2 Found, Know The Symptoms And Treatment, Expert Talks, Watch Video https://www.thehealthsite.com/videos/monkeypox-outbreak-monkeypox-new-strain-a-2-found-know-the-symptoms-and-treatment-expert-talks-watch-video-899961/ Accessed Date 10 August 2022

Monkeypox https://www.health.ny.gov/diseases/communicable/zoonoses/monkeypox/ Accessed Date 10 August 2022

ယခုပုံစံ

10/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျောက်ကျောက် ကာကွယ်ဆေး အကြောင်း တစေ့တစောင်း

မျောက်ကျောက်ရောဂါကို ဘယ်လို ကာကွယ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ