backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကြက်ငှက်တုပ်ကွေး H5N1 ပြန်လာပြီလား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြက်ငှက်တုပ်ကွေး H5N1 ပြန်လာပြီလား

ဝူဟန်အဆုတ်ရောင်ရောဂါက မပြီးသေးဘူး။ ခုတစ်ခါ ကြက်ငှက်တုပ်ကွေး က ရောက်လာပြန်ပါပြီ။ ဖြစ်တာကလည်း တရုတ်မှာပါပဲ။ ၂.၂.၂၀၂၀သတင်းတွေအရ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဆောင်ယန်မြို့က ကြက်ခြံမှာ ကြက်ကောင်ရေ ၇၈၅၀ကနေ ၄၅၀၀လောက် ရုတ်တရက်သေဆုံးခဲ့ကြပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့အခါ H5N1 ကြက်ငှက်တုပ်ကွေးကြောင့်လို့ သိရတဲ့အတွက် တာဝန်ရှိသူတွေက နောက်ထပ်ကြက်ကောင်ရေ ၁၇၈၂၈ကို သုတ်သင်ခဲ့ကြပါတယ်။ ရှေ့အပတ်တွေကလည်း အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်ဆိုတဲ့သတင်းကြားလိုက်ရပါသေးတယ်။ ဆိုတော့ ဒီအခြေအနေမှာ ဝူဟန်ကိုပဲမည်းမနေဘဲ ကြက်ငှက်တုပ်ကွေး ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှေ့ရာဇဝင်တွေအရ သေဆုံးနှုန်းက ၅၀ရာခိုင်နှုန်းကျော်ပါတယ်။ ဒီတော့ သူ့အကြောင်းနည်းနည်းလောက်လေ့လာကြည့်ရအောင်။

ကြက်ငှက်တုပ်ကွေး ဆိုတာဘာလဲ။

တကယ်တော့သူကလည်း တုပ်ကွေးဗိုင်းရပ်စ်(influenza virus)အမျိုးအစားပါပဲ။ A, B, C, Dဆိုပြီး၄မျိုးရှိတဲ့အထဲမှာ ငှက်တွေမှာ တွေ့ရတာက Aအမျိုးအစားပါ။ Hတွေ Nတွေဆိုတာက ဗိုင်းရပ်စ်မှာရှိတဲ့ ပရိုတိန်းအမျိုးအစားပါ။ H ၁၈ခုနဲ့ N ၁၁ခုရှိပါတယ်။ ဒါတွေပေါင်းစပ်ရာကနေ H5N1ကြက်ငှက်တုပ်ကွေးဆိုတာ ဖြစ်လာတာပါ။ ဒီဗိုင်းရပ်စ်က တောရိုင်းငှက်တွေမှာရှိတာပါ။ သူတို့ကနေ မွေးထားတဲ့ ကြက်တွေ ငှက်တွေဆီကိုကူးတယ်။ အဲ့ဒီကနေမှ လူတွေဆီကိုကူးတာပါ။

ရောဂါရာဇဝင်

ရောဂါရာဇဝင်ကိုပြန်ကြည့်မယ်ဆိုရင် ၁၉၅၉-၁၉၉၇ခုနစ်တွေကြားမှာ ကြက်တွေငှက်တွေ အစုလိုက်အပြုံလိုက်ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။ ၁၉၉၇ကျမှ လူမှာစတင်တွေ့ရပြီး ကူးစက်ခံရသူ၁၈ယောက်မှာ ၆ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၀၃မှာတစ်ခါ လူမှာကူးစက်ခံရတာကို တွေ့ရပါတယ်။ ၂၀၀၃-၂၀၁၄ထိစာရင်းတွေအရ ကူးစက်ခံရသူ၇၀၁ယောက်မှာ ၄၀၇ယောက်သေဆုံးခဲ့ပါတယ်။ သေနှုန်း၅၈ရာခိုင်နှုန်းပါ။ မြန်မာနိုင်ငံမှာတော့ ၂၀၀၇မှာ ကူးစက်ခံရသူ၁ယောက်ရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပါဘူး။

ဘယ်လိုကူးစက်တာလဲ။

ကြက်တွေငှက်တွေကနေ လူကိုတိုက်ရိုက်မကူးနိုင်ပါဘူး။ ရောဂါပိုးရှိတဲ့ ကြက်ငှက်ကို တိုက်ရိုက်ကိုင်တွယ်တာ၊ အညစ်အကြေးတွေပေနေတဲ့ ပစ္စည်းတွေကို ကိုင်မိတာ၊ သားသတ်နေတဲ့အချိန်၊ အမွှေးနုတ်တဲ့အချိန်၊ ချက်ပြုတ်ဖို့ကိုင်တွယ်ပြင်ဆင်တဲ့အချိန်မှာ အဓိကကူးပါတယ်။ ချက်ပြုတ်ထားတဲ့ ကြက်သားကိုစားရာကနေ ကူးတယ်လို့ မပြောနိုင်သေးပါဘူး။ လူလူချင်းကူးတာမျိုးလည်း မတွေ့ရသေးပါဘူး။

ရောဂါလက္ခဏာတွေကဘာတွေလဲ။

တခြားတုပ်ကွေးတွေလိုပဲ

  • ချောင်းဆိုးမယ်
  • ဖျားမယ်
  • လည်ပင်းနာမယ်
  • ကိုယ်လက်ကိုက်ခဲမယ်
  • ခေါင်းကိုက်မယ်
  • မောမယ်
  • ရှားရှားပါးပါးမျက်စိနာတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေဖြစ်တတ်ပါတယ်။

ဒီထက်ပိုဆိုးလာရင်တော့

ကုသနည်းများ

ဗိုင်းရပ်စ်သတ်ဆေး Oseltamivir ဒါမှမဟုတ် Zanamivirကို စောစောပေးရင်ပိုကောင်းပါတယ်လို့ WHOက ထောက်ခံထားပါတယ်။ ရောဂါရှိတဲ့သူနဲ့ ထိတွေ့ပြီး ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ (post exposure prophylaxis ) တချို့သူတွေမှာ သုံးနိုင်တယ်လို့လည်း ပြောထားပါတယ်။

ကာကွယ်ဆေးရှိလား။

ကာကွယ်ဆေးရှိပေမယ့် တရားဝင်အသုံးမပြုကြသေးပါဘူး။ အောင်အောင်မြင်မြင်နဲ့ထုတ်ထားပေမယ့် H5N1ရောဂါအတွက် ဘယ်လောက်ကာကွယ်နိုင်မလဲ။ ရောဂါမပြင်းထန်အောင်ကာကွယ်နိုင်ပါ့မလားဆိုတာနဲ့ ပတ်သတ်ပြီး သေချာမပြောနိုင်ကြသေးပါဘူး။

တခြားကာကွယ်နည်းများ

အဲ့တော့အကောင်းဆုံးက ကိုယ့်ကိုယ်ကို ရောဂါပိုးမဝင်အောင်ကာကွယ်တာပါပဲ။

  • အနီးပတ်ဝန်းကျင်မှာ ကြက်သေ၊ကြက်နာရှိရင် သက်ဆိုင်ရာကို သတင်းပို့ပါ။ ငှက်တွေအကြောင်းမဲ့သေတာတွေ့ရင်လည်း အကြောင်းကြားပါ။
  • လက်ဆေးပါ။
  • အသားငါးတွေကို သီးသန့်စဉ့်တီတုံး၊ ဓားသုံးပြီး ချက်ပြုတ်ပါ။ အသားစိမ်းနဲ့ ချက်ပြီးသားတွေ၊ တခြားဟင်းရွက်တွေနဲ့ ရောမထားပါနဲ့။
  • အသားတွေကို ကျက်အောင်ချက်ပြုတ်ပါ။ အပူက ဗိုင်းရပ်စ်ကို သေစေပါတယ်။
  • ကြက်ဥ၊ဘဲဥခွံတွေမှာ အညစ်အကြေးတွေပေနိုင်တဲ့အတွက် မကျက်တကျက်တွေ၊ အစိမ်းတွေမစားပါနဲ့။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


သက်ဆိုင်သည့် ဆောင်းပါး



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement