Leptospirosis ရောဂါအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Leptospirosis ရောဂါအကြောင်း

    မင်္ဂလာပါ

    ‌ဟယ်လိုဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် တင်ပြပေးမယ့် အကြောင်းအရာကတော့ Leptospirosisလို့ ခေါ်တဲ့ ကြွက်သေးပန်းရောဂါအကြောင်း ဖြစ်ပါတယ် ။ မှန်ပါတယ် ဒီရောဂါက အဖြစ်နည်းသေးတဲ့ရောဂါ တစ်ခုဖြစ်တဲ့အတွက် လူတော်တော်များများ ကြားဖူးကြမှာ မဟုတ်ပါဘူး။

    ဒီရောဂါရဲ့ မူလအစကတော့ တိရစ္ဆာန်တွေမှာ မြစ်ဖျားခံပါတယ်။ တိရစ္ဆာန်တွေရဲ့ဆီး (အထူးသဖြင့် ကြွက်သေး) ကတဆင့် ကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် ။ ကြွက်နဲ့ အခြားသော တိရစ္ဆာန်တွေရဲ့ ဆီးကို ထိတွေ့မိတဲ့အရေပြားမှာ အပေါက်အပြဲတွေ ရှိရင် ပိုပြီး ကူးစက်လွယ်ပါတယ် ။ အများအားဖြင့် ကြွက်သေးတွေက ရေထဲမှာပါလာတတ်ပြီး ရေဆိုးရေညစ်တွေနဲ့ အမြဲလိုလိုထိတွေ့နေရတဲ့ မိုင်းလုပ်သားများ ၊ စည်ပင်လုပ်သားများ ၊ စစ်သားများ ၊ လယ်သမားတွေမှာ ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ တိရစ္ဆာန် ဆရာဝန်တေွမှာလည်း ကူးစက်နိုင်ခြေများပါတယ်။

    ရောဂါလက္ခဏာတွေအနေနဲ့ အများအားဖြင့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိပေမဲ့ ရာသီတုပ်ကွေးလက္ခဏာတွေနဲ့ ဆင်တူပါတယ် ။ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း ၊ အရေပြားမှာ အင်ပျဉ်ထခြင်း ၊ ချမ်းတုန် ဖျားခြင်း ၊ တကိုယ်လုံး ကိုက်ခဲခြင်း အထူးသဖြင့် ခြေသလုံး ကြွက်သားများ နာကျင်ခြင်း ၊ မျက်လုံးများ ဝါခြင်း ၊ နီရဲခြင်းများ ဖြစ်တတ်ပါတယ် ။ ကြွက်သေးပန်းရောဂါ လို့ ရောဂါနာမည်တပ်ဖို့အတွက်ကတော့ သွေးစစ်ဖို့ လိုအပ်ပါတယ် ။

    ရောဂါကုသရာမှာတော့ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်းတဲ့အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ် ။ ရောဂါ အ‌ခြေအနေအလိုက် ကုသရမယ့် ပိုးသတ်ဆေး ပုံစံ ( သောက်ဆေး၊ထိုးဆေး) ၊ပမာဏ ၊ အမျိုးအစားကွဲသွားမှာ ဖြစ်ပါတယ် ။ အကိုက်အခဲ ပျောက်ဆေးများကိုလည်း လိုအပ်သလို အသုံးပြုမှာ ဖြစ်ပါတယ် ။

    ဘယ်လိုကာကွယ်ရမလဲ

    သောက်သုံးရေကိုတော့ ရေသန့်ကိုပဲ သောက်သုံးစေချင်ပါတယ် ။ ရေကတဆင့် ကူးစက်တတ်တဲ့ သဘာဝကြောင့် မြန်မာနိုင်ငံအနေအထားအရ ခက်ခဲနိုင်ပေမဲ့ ရေစပ်စပ်ရှိ‌တဲ့၊ စိုစွတ်တဲ့နေရာတွေကိုတော့ တတ်နိုင်သမျှ မသွားသင့်ပါဘူး ။

    ရောဂါတစုံတရာ ဖြစ်ပွားနေတဲ့ တိရစ္ဆာန်တွေနဲ့ ခပ်ကင်းကင်းနေထိုင်သင့်ပါတယ် ။ တကယ်လို့ ထိတွေ့ရရင်လည်း အကာအကွယ်အပြည့်အစုံ ဝတ်ဆင်ပါ ။

    ပတ်ဝန်းကျင် ညစ်ညမ်းမှုရှိတဲ့နေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ ။ ဒါမှသာ ကြွက်သေးပန်းရောဂါပိုးနဲ့ မထိတွေ့နိုင်မှာ ဖြစ်ပါတယ် ။

    အားလုံးကို ကျေးဇူးတင်ပါတယ်

    ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement