backup og meta

Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ

Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

Malaria (ငှက်ဖျား) ဆိုတာ ဘာလဲ 

Malaria (ငှက်ဖျား) ဆိုတာ က အဖျားကြီးပြီးချမ်းတုန်လာတဲ့ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ရောဂါပိုးသယ်ဆောင်ထားတဲ့Anopheles အမျိုးအစားခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးကူးစက်ခံထားရတဲ့ခြင်တွေကPlasmodium ပိုးတွေကိုသယ်ဆောင်ထားတာဖြစ်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်က လူကိုကိုက်လိုက်တဲ့အခါရောဂါပိုးကသွေးကြောတွေထဲကိုရောက်ရှိသွားပါတယ်။

ပိုးတွေက ခန္ဓါကိုယ်ထဲရောက်ရှိသွားတဲ့အခါ အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာရှင်သန်ကြီးထွားတာဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ ပိုးတွေကသွေးကြောထဲရောက်ရှိသွားပြီးသွေးနီဥဆဲလ်တွေဆီကို စတင်ကူးစက်ပါတယ်။သွေးနီဥဆဲလ်ထဲရောက်ရှိသွားပြီးနောက် ၄၈ နာရီကနေ ၇၂ နာရီအတွင်းပေါက်ပွားလာပြီး ဆဲလ်တွေဆီကိုကူးစက်တာဖြစ်ပါတယ်။

ပိုးတွေကသွေးနီဥဆဲလ်တွေထဲမှာ ဆက်လက်ပြန့်နှံ့နေပြီး ၂ ရက် ၃ ရက်အကြာမှာမှရောဂါလက္ခဏာတွေစပေါ်လာပါတယ်။ ငှက်ဖျားရောဂါပိုးရှင်သန်ပေါက်ဖွားရာ အပူပိုင်းနဲ့ သမပိုင်းတွေမှာ ရောဂါအဖြစ်များပါတယ်။

ငှက်ဖျားရောဂါလက္ခဏာတွေကဘာတွေလဲ

ငှက်ဖျားရောဂါရဲ့ရောဂါလက္ခဏာတွေကို သာမန်ငှက်ဖျားရောဂါ (uncomplicatedmalaria) နဲ့ပြင်းထန်တဲ့ငှက်ဖျားရောဂါ (severe mlaria) ဆိုပြီး ၂ မျိုးခွဲခြားသတ်မှတ်ထားပါတယ်။

သာမန်ငှက်ဖျားရောဂါ (Uncomplicated malaria)

သာမန်ငှက်ဖျားရောဂါကိုရောဂါလက္ခဏာပေါ်လာတဲ့အချိန်မှသာသိရှိနိုင်တာဖြစ်ပါတယ်။ပြင်းထန်တာမျိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါထိခိုက်တာမျိုးတွေတော့မရှိပါဘူး။

မကုသဘဲနေမယ်ဆိုရင်တော့ရောဂါပြင်းထန်လာနိုင်ပါတယ်။ ကိုယ်ခံအားနည်းနေမယ်ဆိုရင်လည်းရောဂါကပြင်းထန်လာနိုင်ပါတယ်။

ရောဂါလက္ခဏာတွေ အနေနဲ့ကတော့ အေးတာ၊ ပူတာ။ ချွေးထွက်တာတွေ ကနေတဆင့် ရောဂါလက္ခဏာတွေက ပြင်းလာပြီး

  • အေးစိမ့်စိမ့်ဖြစ်ပြီး ခိုက်ခိုက်တုန်အောင် ချမ်းတာ
  • အဖျားတက်တာ၊ခေါင်းကိုက်တာနဲ့ အော့အန်တာ
  • ငယ်ရွယ်တဲ့ သူတွေမှာ အဖျားကြီးပြီး တက်တာ
  • ချွေးတအားထွက်ပြီး အပူချိန်ကျသွားပေမယ့် နုံးချိနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်ငှက်ဖျားရောဂါ (Severe malaria)

အပြင်းစား ငှက်ဖျားရောဂါကို ဆေးခန်းတွေနဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေ လုပ်တဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနေတာမျိုးတွေ ကနေရောဂါခံစားနေရတာကို တွေ့ရှိရပါတယ်။

ရောဂါလက္ခဏာတွေ ကတော့ –

  • အဖျား တက်တာ၊ ချမ်းတုန်တာ
  • သတိလစ်တာ
  • နုံးချိတာ
  • တက်တာ
  • အသက်ရှု ကြပ်တာ၊ အသက်ရှု ရခက်တာ
  • ပုံမှန် မဟုတ်တဲ့ သွေးယိုစီးမှုဖြစ်တာ၊ သွေးဆုတ်တာ
  • အသားဝါတာ၊ အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးလာတာ
  • ပြင်းထန်တဲ့ ငှက်ဖျားရောဂါကို အချိန်မီ ကုသမှု မခံယူပါက သေဆုံးသည်အထိ ဖြစ်နိုင်တာ။

အကြောင်းအရင်းများ

Plasmodium ကပ်ပါးပိုး ကူးစက်ခံထားရတဲ့ Anophelesခြင် အကိုက်ခံရတာကနေ ကူးစက်လာတာ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါက Anophelesခြင် ကနေတဆင့်ပဲကူးစက်တာ ဖြစ်ပါတယ်။

ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်က လူကို ကိုက်လိုက်တဲ့အခါ ရောဂါပိုးက သွေးကြောတွေထဲကို ရောက်ရှိသွားပါတယ်။ရောဂါပိုးက သွေးကြောတွေထဲ ကနေတဆင့် အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာ ရှင်သန်ပေါက်ပွားတာ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရပြီး ၁၀ ရက်ကျော် ကြာတဲ့ အထိ ရောဂါလက္ခဏာက မပြတတ်ပါဘူး။ ထိုကာလအတွင်းမှာ ရောဂါပိုး ကစပြီး ပေါက်ပွားပြန့်နှံ့တာဖြစ်ပါတယ်။

အဲ့သည့်နောက်မှာတော့ ငှက်ဖျား ရောဂါပိုး အသစ် တစ်မျိုးက သွေးကြောတွေထဲကို ပြန့်နှံ့သွားပြီး သွေးနီဥဆဲလ်တွေနဲ့ အခြားအစိတ်အပိုင်းတွေ ဆီကို ကူးစက်ပြန့်နှံ့ပါတယ်။ အချို့ငှက်ဖျားပိုးတွေက အသည်းထဲမှာ ကျန်ရှိနေပြီး နောက်ပိုင်းမှ ပေါ်လာပြီး တကျော့ပြန်ပြန်ဖြစ်စေပါတယ်။

ငှက်ဖျားမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

  • ငှက်ဖျား ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။
  • ငှက်ဖျား ရောဂါပိုး ရှိတဲ့ နေရာဒေသတွေကို သွားရောက်မယ် ဆိုရင် မသွားခင် ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။ ရောဂါ ကာကွယ်နိုင်မယ့်ဆေးတွေကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
  • ခြင်ကိုက် မခံရအောင် ခြင်ထောင်နဲ့အိပ်ပါ။
  • ခြင်ကိုက် မခံရအောင် အင်္ကျီလက်ရှည် ဘောင်းဘီရှည်တွေ ဝတ်ဆင်ပါ။ DEET ပါတဲ့ ခြင်နိုင်ဆေး လူးပါ။ခြင်နိုင်ဆေး အသုံးပြုပေးပါ။ DEET ပါတဲ့ ခြင်ဆေးတွေက ငှက်ဖျား အကူးစက် မခံရအောင် ကာကွယ်ပေးပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/a-to-z-guides/tc/malaria-topic-overview

http://www.medicalnewstoday.com/articles/150670.php

http://www.healthline.com/health/malaria#outlook7

ယခုပုံစံ

13/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Febrile Seizure (အဖျားကြီးပြီးတက်ခြင်း)

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/12/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement