backup og meta

ငှက်ဖျားရောဂါ အဖြစ်များတဲ့နေရာမှာနေရင် ဘာတွေသိထားရမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငှက်ဖျားရောဂါ အဖြစ်များတဲ့နေရာမှာနေရင် ဘာတွေသိထားရမလဲ။

    ငှက်ဖျားရောဂါက လူသားတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ရောဂါတစ်ခုပါ။ နှစ်စဉ် ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးနေရသူပေါင်း သန်းပေါင်း ဆယ်နဲ့ချီရှိနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ငှက်ဖျားရောဂါပိုးရှိနေတဲ့နေရာတွေအများစုရှိနေပါတယ်။ ငှက်ဖျားရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာမှာနေနေလို့ပဲဖြစ်ဖြစ် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာကို သွားရမှာကြောင့်ဖြစ်ဖြစ် အကြောင်းရင်းရှိလာပြီဆိုရင် ဒီထဲမှာဖော်ပြထားတဲ့ ငှက်ဖျားရောဂါအကြောင်းနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို မှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။

    ငှက်ဖျား (Malaria) ဆိုတာ

    ငှက်ဖျားကရောဂါပိုးကိုသယ်ဆောင်ထားတဲ့ခြင်ကနေတဆင့် လူတွေဆီကိုကူးစက်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတစ်မျိုးပါ။ လူတွေမှာငှက်ဖျားရောဂါပိုးဖြစ်စေနိုင်တဲ့ ကပ်ပါးပိုး မျိုးစိတ် ၅ မျိုးရှိပါတယ်။ ငှက်ဖျားက အဖျားရောဂါတစ်မျိုးဖြစ်ပေမယ့်သေချာဂရုစိုက် ကုသတာမျိုးမရှိဘူးဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာ တွေတွေ့ကြုံရနိုင်ပါတယ်။

    ခြင်ကကိုက်လိုက်တဲ့အခါ ငှက်ဖျားရောဂါပိုးဖြစ်စေတဲ့ ကပ်ပါးပိုးPlasmodiumကသွေးကြောတွေထဲကိုရောက်ရှိသွာပြီးရောဂါဖြစ်ပွား ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားချိန်မှာတော့ အသည်းကိုရောက်ရှိသွားပြီး ရှင်သန်ဖို့လုပ်ဆောင်ပါတယ်။ ရက်အတော်ကြာတဲ့အခါမှာတော့ရောဂါပိုးကသွေးကြောတွေထဲကို စတင်ရောက်ရှိပြီးသွေးနီဥဆဲလ်တွေကို စတင်ကူးစက်ပါတော့တယ်။ ငှက်ဖျားရောဂါပိုးရဲ့ လက္ခဏာတွေက သွေးနီဥတွေရောဂါပိုးကူးစက်ခံရပြီး ပေါက်ကွဲပျက်စီးကုန်တာကြောင့်အဓိကဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုးက အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်မှာရှင်သန်ပေါက်ဖွားနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက

    ရောဂါပိုးရှိတဲ့ခြင်ကိုက်ခံပြီးရတဲ့အခါ ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာရောဂါလက္ခဏာတွေစဖြစ်လာတတ်ပါတယ်။ အစောပိုင်းရောဂါလက္ခဏာတွေက တုပ်ကွေးနဲ့ခပ်ဆင်ဆင်တူပြီး ၊ အဖျားတက်တာ၊ ကြွက်သားတွေနာကျင်တာနဲ့ခေါင်းကိုက်တာတွေခံစားရနိုင်ပါတယ်။ အဖျားဖြစ်တာရက်ရှည်လာတဲ့အခါမှာတော့ အဖျားကြီးပြီးရေအရမ်းငတ်တာ နဲ့ချွေးထွက်များတာ တွေဖြစ်နိုင်ပါတယ်။ရောဂါအခြေအနေ အရမ်းပြင်းထန်လာတဲ့အခါမှာတော့ အကြောဆွဲတာ၊တက်တာတွေဖြစ်နိုင်သလို ကိုမာဝင်တာမျိုးတွေအထိဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေမှာ ငှက်ဖျားဖြစ်နိုင်သလဲ

    ၂၀၁၅ ခုနှစ်ကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နီးပါးက ငှက်ဖျားရောဂါ ကူးစက်ခံရနိုင်ခြေရှိပါတယ်။ငှက်ဖျားရောဂါက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် အခုပြောပြမယ့်သူတွေကတော့ သာမန်သူတွေထက်ငှက်ဖျားပိုဖြစ်နိုင်ပါတယ်။

    သိထားသင့်တဲ့အချက်တွေက

    နေရာရဲ့ အခြေအနေကို သိထားဖို့လိုပါမယ် –ကိုယ်နေထိုင်တဲ့နေရာပဲဖြစ်ဖြစ် ကိုယ်သွားရောက်မယ့်နေရာပဲဖြစ်ဖြစ်နေရာရဲ့ အနေအထားနဲ့ ရောဂါပိုးရှိနေလားဆိုတာကို သိထားဖို့လိုအပ်ပါမယ်။ တစ်နေရာနဲ့တစ်နေရာရဲ့ရောဂါကူးစက်မှုပုံစံချင်းက မတူညီနိုင်တာကြောင့် အခြေအနေကိုသေချာသိရှိအောင်လုပ်ထားရမယ့်အချက်က မဖြစ်မနေစဉ်းစားသင့်တဲ့အချက်ပါ။

    အိပ်စက်ချိန်မှာခြင်ကိုက်မခံရအောင် သတိထားပါ –ခြင်ကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဒါကြောင့် ညဘက်အိပ်စက်ချိန်မှာပဲဖြစ်ဖြစ်နေ့လည်နေ့ခင်းအိပ်စက်ချိန်မှာပဲဖြစ်ဖစ်ခြင်ကိုက်မခံရအောင် ဂရုစိုက်ရပါမယ်။ အိပ်စက်ချိန်တိုင်းမှာ ခြင်ထောင်ကို အသုံးပြုဖို့ပြောပါရစေ။

    ရေဝပ်နိုင်တဲ့နေရာတွေကိုရှင်းလင်းထားပါ –ရေဝပ်နိုင်တဲ့နေရာတွေမှာ ခြင်တွေအလွယ်တကူပေါက်ဖွားနိုင်တာကြောင့်ရေဝပ်နိုင်တဲ့အရာတွေကို တတ်နိုင်သမျှရှင်းလင်းထားသင့်ပါတယ်။ခြင်နှိမ်နှင်းတာကရောဂါမကူးစက်စေဖို့အတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံစည်းမျဉ်းတစ်ခုပါ။

    ခြင်နိုင်ဆေးသုံးပါ –မိသားစုတွေရှိနေမယ့်နေရာတွေမှာpyrethroids ပါဝင်နေတဲ့ခြင်ဆေးတစ်မျိုးမျိုးအသုံးပြုပေးပါ။ ညနေခင်းနဲ့ညအချိန်တွေမှာခြင်နိုင်ဆေးအသုံးပြုဖို့မမေ့ပါနဲ့။

    လုံခြုံအောင်ဝတ်ဆင်ပါ –ခြင်ကိုက်ခံရတာကြောင့် ငှက်ဖျားဖြစ်တာဆိုတော့ ငှက်ဖျားမဖြစ်အောင် အရင်ဆုံးလုပ်ရမှာကခြင်ကိုက်မခံရအောင် ကာကွယ်ဖို့ပါ။ ဒါကြောင့် ညနေခင်းနဲ့ ညအချိန်တွေမှာ အင်္ကျီလက်ရှည်နဲ့ဘောင်းဘီရှည်တွေဝတ်ဆင်ပြီးခြင်ကိုက်မခံရအောင်ကာကွယ်ပါ။

    ခြင်ကိုက်မခံရအောင် လူးတဲ့ဆေးတွေလူးပေးပါ –ခြင်နိုင်ဆေးထွန်းတာ၊ခြင်ဆေးဖြန်းတာတွေလုပ်ပေမယ့် အခန့်မသင့်ရင်ခြင်ကိုက်ခံရနိုင်တာကြောင့် အရေပြားမှာခြင်ကိုက်မခံရအောင်လူးတဲ့ဆေးရည်ကို လူးထားပေးဖို့ပြောပါရစေ။ တစ်နေ့တာ အလုပ်တွေကိုလုပ်ကိုင်နေချိန်မှာ မတော်တဆခြင်ကိုက်ခံရတာမျိုးမဖြစ်ရလေအောင် အရေပြားပေါ်မှာ ခြင်ကိုက်မခံရအောင်လူးတဲ့ဆေးတွေလူးပေးပါ။နေ့ခင်းဘက်လည်းခြင်ကကိုက်နိုင်တာကြောင့်ပါ။

    ငှက်ဖျားရောဂါကာကွယ်ဆေးသောက်သုံးပါ –ငှက်ဖျားရောဂါကို ကာကွယ်နိုင်တဲ့ဆေးဝါးတွေရှိနေပြီဖြစ်တာကြောင့် ငှက်ဖျားရောဂါကို ကြိုတင်ကာကွယ်ချင်သူတွေအနေနဲ့ ငှက်ဖျားရောဂါကာကွယ်ဆေးကလည်း ထည့်သွင်းစဉ်းစားဖို့လိုမယ့် အချက်တစ်ချက်ဖြစ်လာပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ငှက်ဖျားရောဂါကာကွယ်ဆေးကိုသောက်သုံးပေးလို့ရပါတယ်။

    ဒီအချက်တွေကြောင့် ငှက်ဖျားဖြစ်နိုင်ပါတယ်

    • ရောဂါပိုးရှိတဲ့နေရာမှာနေထိုင်တာ
    • ရောဂါပိုးရှိတဲ့နေရာကို သွားရောက်တာ
    • ငှက်ဖျားကာကွယ်ဆေးကြိုတင်သောက်သုံးမှုမရှိတာ
    • ညနေပိုင်းတွေမှာခြင်ကိုက်နိုင်တဲ့နေရာတွေဖြစ်တဲ့နေအိမ်ပြင်ပ၊ ဖုန်တွေနဲ့ အမှိုက်သရိုက်တွေပေါတဲ့နေရာတွေမှာနေတာ
    • ခြင်ကိုက်မခံရအောင် ကာကွယ်ထားတာမျိုးမရှိတာ

    အခုပြောခဲ့တဲ့ အချက်လေးတွေအတိုင်း လိုက်နာလုပ်ဆောင်ကြည့်ပြီး ငှက်ဖျားရောဂါကို ကိုယ်တိုင်မှာရော မိသားစုဝင်တွေမှာပါ မဖြစ်အောင်ကာကွယ်လိုက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement