backup og meta

ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။

    ကိုဗစ်ကာလအတွင်းမှာ လူတိုင်းလိုလို သတိထားမိလာတဲ့ ဗီတာမင် တစ်မျိုး ရှိပါတယ်။ ဒါကတော့ ဗီတာမင် D ပါ။ ကိုဗစ် ကာကွယ်ဖို့ ဗီတာမင် D သောက်လေ။ ကိုဗစ် ဖြစ်နေပြီလား မြန်မြန်သက်သာအောင် ဗီတာမင် D သောက်လေ ဆိုတဲ့ စကားတွေပါ။ ဗီတာမင် D ကို အစားအသောက်ကနေလည်း ရနိုင်ပေမယ့် အဓိက အရင်းအမြစ်ကတော့ နေရောင်ခြည်ပါ။

    ဒါဆိုရင် ဗီတာမင် Dက ကိုဗစ်ကို တကယ်ပဲ ကာကွယ်ပေးနိုင်လား။ ကိုဗစ်ကို ပြင်းပြင်းထန်ထန် မဖြစ်အောင် ကာကွယ်ပေးနိုင်လား။ Omicron လက္ခဏာတွေကိုရော ကာကွယ်ပေးနိုင်လားဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။

    လေ့လာမှုအတွင်း သုတေသီတွေက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D နည်းတဲ့သူတွေက Omicron အပါအဝင် အခြားကိုဗစ်ရောဂါ လက္ခဏာတွေကို ပြင်းပြင်းထန်ထန် ခံစားရသလို အသက်အန္တရာယ်ထိခိုက်သည်အထိ ခံစားရတာကို တွေ့ရှိခဲ့ရပါတယ်။

    လေ့လာမှုအတွင်း ကိုယ်တွင်းမှာ ဗီတာမင် D ပမာဏ 20 ng/mLထက် နည်းနေတဲ့ သူတွေမှာ ဗီတာမင် D ပမာဏ ပြည့်ပြည့်ဝဝရှိသူတွေထက် ရောဂါပြင်းထန်နိုင်ခြေနဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေ ၁၄ ဆလောက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

    ဗီတာမင် D နည်းနေတဲ့သူတွေမှာ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးနိုင်ခြေက ၂၅.၆ ရာခိုင်နှုန်း ရှိနေပြီး ဗီတာမင် D ပြည့်ပြည့်ဝဝ ရှိနေသူတွေမှာ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးနိုင်ခြေက ၂.၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

    ဗီတာမင် D က Omicron နဲ့ ကိုဗစ်-၁၉ လက္ခဏာတွေ မပြင်းထန်အောင် ကာကွယ်ပေးနိုင်သလား။

    ဗီတာမင် Dက ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ထောက်ကူပေးနိုင်သလား။

    အခုနောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာ ကိုဗစ်လက္ခဏာကို ပြင်းပြင်းထန်ထန် ခံစားရတာက ဗီတာမင် D ချို့တဲ့နေလို့လား၊ ဗီတာမင် D ပြည့်ပြည့်ဝဝ ရရှိမယ်ဆိုရင် ကိုဗစ်ကို ကာကွယ်နိုင်မလား၊ ဗီတာမင် D ပြည့်ဝမှုက ကိုဗစ်လက္ခဏာကို ပြင်းပြင်းထန်ထန် မခံစားရဘူးလားဆိုတဲ့ မေးခွန်းတွေကို အဖြေတိတိကျကျ မထုတ်နိုင်ခဲ့ပါဘူး။ ကိုဗစ် ခံစားနေသူတွေမှာ ဗီတာမင် D သောက်သုံးတာကြောင့် သိသိသာသာ သက်သာလာတာမျိုး ရှိတယ်လို့လည်း မတွေ့ရှိခဲ့ရပါဘူး။

    ဒါပေမယ့် လေ့လာမှုတိုင်းကတော့ တူညီတဲ့ ရလဒ် ထွက်နေတာတော့ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေမှာ ​ဗီတာမင် D ချို့တဲ့မှုနဲ့ ကိုဗစ်ကို ပြင်းပြင်းထန်ထန် ခံစားရမှု အကြားမှာ ဆက်စပ်မှု ရှိတယ်လို့ မတွေ့ရပေမယ့် စပိန်တက္ကသိုလ် တစ်ခုက လုပ်ဆောင်ခဲ့တဲ့ လူ ၇၆ ဦးပါဝင်တဲ့ လေ့လာမှု မှာတော့ ဗီတာမင် Dက ကိုဗစ်ကြောင့် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဗီတာမင် D လုံလောက်စွာ ရရှိစေမှုက ကိုဗစ်ကြောင့် အထူးကြပ်မတ်ကုသခံရတာမျိုး မရှိစေဖို့ ကာကွယ်ပေးတယ်လို့လည်း တွေ့ရှိခဲ့ရပါတယ်။

    အမေရိကန်က သုတေသီတွေ လူနာ ၂၃၅ ဦးရဲ့ သွေးနမူနာတွေနဲ့ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုမှာတော့ ဗီတာမင် D လုံလောက်ပြည့်ဝစွာ ရရှိတဲ့ ကိုဗစ်လူနာတွေက ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေရော ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေပါ နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

    နောက်ထပ် လေ့လာမှု တစ်ရပ်အရသိရတာကတော့ ဗီတာမင် D ကို ဖြည့်စွက်အာဟာရ အနေနဲ့ ပုံမှန် သုံးစွဲပေးတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကိုဗစ်ကို ကာကွယ်ချင်တယ်ဆိုရင် ပုံမှန်လေး ထိုက်သင့်တဲ့ ပမာဏ ရရှိအောင် ဂရုစိုက်ပေးတာက အဆင်အပြေဆုံး ဖြစ်မှာပါ။

    ဒါကြောင့် ဗီတာမင် Dက ကိုဗစ်ကိုဗစ်ကို တကယ်ပဲ ကာကွယ်ပေးနိုင်သလား။ ရောဂါ ပြင်းပြင်းထန်ထန် မခံစားရအောင် လျှော့ချပေးနိုင်သလား။ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးနိုင်သလား။ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်သလား ဆိုတာတွေကို သေသေချာချာ သိရှိနိုင်စေဖို့အတွက် နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

    ပုံမှန်အားဖြင့်ကတော့ ကိုယ်ခံအားစနစ် ကျန်းမာစေဖို့နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေ ကူးစက်မှုကို ကာကွယ်ဖို့ဆိုရင် ဗီတာမင်D ပြည့်ဝနေဖို့တော့ လိုပါမယ်။

    တစ်နေ့တာမှာ ဗီတာမင် D ပမာဏ ဘယ်လောက် လိုအပ်မလဲ။

    အခြားသော ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလိုပါပဲ ဗီတာမင် D လိုအပ်ချက်ကလည်း အသက်အရွယ်၊ ကျား/မ ကွာခြားချက်၊ နေထိုင်မှုပုံစံတွေအပေါ်လိုက်ပြီး တစ်ဦးနဲ့ တစ်ဦး လိုအပ်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဖြစ်နေမယ်၊ နို့တိုက်မိခင်ဖြစ်နေမယ်ဆိုရင်လည်း ဗီတာမင် D လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။

    ပုံမှန်အားဖြင့်တော့ အသက် ၁၈-၇၀ကြား လူတစ်ယောာက်က တစ်နေ့ကို 600 IU သို့ 15 micrograms လိုအပ်ပါတယ်။ ဒါပေမယ့် နေရောင်မထိတဲ့သူ၊ အရိုးပွရောဂါရှိသူတွေဆိုရင်တော့ ဒီထက်ပိုလိုမှာပါ။

    ဗီတာမင် Dက ပြည့်ဝဖို့ လိုတယ်ဆိုပေမယ့် အရမ်းများသွားမယ် သွေးထဲမှာ ဗီတာမင် D ပမာဏ 50 ng/mL ထက် များနေမယ်ဆိုရင် မအီမသာဖြစ်တာ၊ အော့အန်တာ၊ ကြွက်သားတွေ အားနည်းတာ၊ နာကျင်တာ၊ အာရုံကြော ကျန်းမာရေးကို ထိခိုက်တာ၊ အစာ စားချင်စိတ် မရှိတာ၊ ရေဓာတ်ဆုံးရှုံးတာ၊ ရေအရမ်းငတ်တာ၊ ကျောက်ကပ် ကျောက်တည်တာတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ဗီတာမင် Dကို ဘာတွေကနေ ရရှိနိုင်မလဲ။

    ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိနိုင်တယ်ဆိုပေမယ့် အခုလို အစားအစာတွေကနေတဆင့်လည်း ဗီတာမင် Dကို ရရှိနိုင်ပါတယ်။

  • ထရောက်ငါး
  • ဆယ်လ်မွန်ငါး
  • တူနာငါး
  • မက်ကာရယ်ငါး
  • ငါးကြီးဆီ
  • အမဲအသည်း
  • မှို အမျိုးမျိုး
  • ချိစ်
  • ကြက်ဥအနှစ်တွေကနေ ရရှိနိုင်ပါတယ်။ ပါဝင်မှုတော့ အရမ်း မများပါဘူး။
  • ဗီတာမင်ဒီနဲ့ ကိုဗစ်

    ဗီတာမင်ဒီနဲ့ ကိုဗစ်ကြားက ဆက်စပ်မှုကတော့ ခုထိ ကွဲလွဲမှုတွေ ရှိနေပါသေးတယ်။ မိမိကိုယ်မိမိ ဗီတာမင်ဒီ ချို့တဲ့တယ်လို့ ခံစားရရင် နေရောင်ခံတာ၊ ဗီတာမင်ဒီ ပြည့်ဝတဲ့ အစားအစာတွေ စားတာ၊ ပမာဏ မများလွန်းတဲ့ ဖြည့်စွက်အားဆေးသောက်တာတွေ လုပ်ပေးနိုင်ပါတယ်။ အလွန်အကျွံမှီဝဲတာကိုတော့ ရှောင်စေချင်ပါတယ်။
    ဗီတာမင်ဒီ သောက်ထားလို့ ကိုဗစ်မပြင်းထန်လောက်ဘူးဆိုပြီး ပေါ့ပေါ့ဆဆ နေတာမျိုးကိုလည်း ဆင်ခြင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement