လက်ရှိမှာတော့ သံသယလူနာ ဒါမှမဟုတ် ပိုးရှိလူနာနဲ့ ထိတွေ့ထားတဲ့သူတွေကို သတ်မှတ်ထားတဲ့နေရာ quarantine centreမှာ ၁၄ရက်နေခိုင်းပြီး ပိုပြီးစိတ်ချရအောင် အိမ်ပြန်သွားတဲ့အခါ အိမ်မှာ ၇ရက် quarantine နေခိုင်းပါတယ်။ ပိုးရှိလူနာတွေလည်း အတူတူပါပဲ။ ဆေးရုံကဆင်းလာပြီးတဲ့နောက်မှာ လူနာက ရောဂါလက္ခဏာတွေ ပျောက်ကင်းနေပြီ ဖြစ်ပေမယ့် သူကနေတဆင့် သူများကို ကူးစက်မှု မရှိအောင် အိမ်မှာ quarantine ၇ရက် ထပ်နေရပါတယ်။