ဒီလိုလူတွေအတွက် နည်းလမ်းကောင်းအချို့ကို ပြောပြပေးပါမယ်။
(၁) ခုလိုကပ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ ကပ်ရောဂါကိုပဲ အာရုံစိုက်နေလို့ မဖြစ်ပါဘူး။ နှလုံး၊သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာဝေဒနာရှင်တွေဟာ မိမိရဲ့ဆေးကို မေ့လျော့ပြီးမသောက်သုံးမိပါက ရောဂါအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်းပဲ ဆေးဝါးတွေကို ဆက်လက်မှီဝဲပါ။ ဆရာဝန်ရဲ့ ဆေးကုသမှုကို ပုံမှန်အတိုင်းဆက်လက်ခံယူပေးပါ။
(၂) ဆေးရုံဆေးခန်းလို နေရာမျိုးဟာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်နိုင်ဖို့ အများဆုံးနေရာပါ။ ဒါကြောင့် ဆေးကုသမှုခံယူရာမှာ အရင်ကလို ပုံမှန်ရက်ချိန်းနဲ့သွားနေတဲ့ ပုံစံမျိုးတော့ မပြုလုပ်သင့်တော့ပါဘူး။ မိမိဆရာဝန်နဲ့တိုင်ပင်ညှိနှိုင်းပြီး တစ်လစာဆေး (သို့မဟုတ်) နှစ်လစာ၊ ဒီထက်ခြားနိုင်ရင်လည်း ခြားနိုင်သလောက် ဆေးဝါးတွေကို ဝယ်ယူသွားသင့်ပါတယ်။ ဆေးရုံဆေးခန်းလာပြရမယ့် ရက်တွေကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်ထားသင့်ပါတယ်။ ရောဂါဝေဒနာမသက်သာလို့ ဆေးရုံသွားပြတာမျိုးကတော့ ခြွင်းချက်ပါ။
(၃) နှလုံး၊ သွေးတိုး၊ ဆီချိုရောဂါဝေဒနာရှင်တွေဟာ သာမန်လူတွေလောက် ကိုယ်ခံအားမကောင်း နိုင်တဲ့အတွက် တခြားသူတွေထက် သတိကြီးကြီးထားဖို့လည်း လိုအပ်ပါတယ်။ နှာချေ၊ ချောင်းဆိုး၊ အအေးမိနေသူတွေနဲ့ တတ်နိုင်သမျှဝေးဝေးနေပါ။ အနည်းဆုံး (၁) မီတာ အကွာမှာနေပါ။ မိသားစုဝင် တွေထဲမှာ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်လည်း နီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားခိုင်းပါ။https://hellosayarwon.com/
(၄) ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး မကြာခဏ လက်ဆေးတဲ့ အကျင့်ကိုပြုလုပ်ပါ။ သတိကြီးစွာနေပါ။ မမေ့မလျော့ပါနဲ့။ မပျင်းပါနဲ့။ မိမိမှာ နဂိုရောဂါအခံရှိနေတာကို တွေးတော ကြည့်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။