နွေနေပူပူမှာ ဒါတွေဆောင်ထားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 1 min read
Share now

နွေနေပူပူမှာ နေပူလွန်းလို့ ချွေးတွေလည်းထွက်လို့ စိတ်တွေလည်း ညစ်ရမှာပါ။ နေပူနေချိန်မှာ အပြင်လည်း ထွက်ချင်မှာ မဟုတ်ပါဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင်တော့ နေပူရှိန်ကြောင့် အလှမပျက်၊ ကျန်းမာရေး မထိခိုက်ရအောင် ဆောင်ထားရမယ့် ပစ္စည်းလေးတွေ ရှိပါတယ်။

(၁) ထီး၊ ဦးထုပ်

ထီး၊ ဦးထုပ်ကတော့ နွေရာသီမှာ လူတိုင်းဆောင်ထားကြမှာပါ။ နွေနေပူတာကြောင့် ခေါင်းကိုက်ခြင်း၊ ရေဓါတ်ခမ်းခြောက်လွယ်ခြင်း၊ သွေးတိုးလွယ်ခြင်းတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်ရအောင် ထီး၊ ဦးထုပ်ဆောင်ရပါမယ်။

(၂) ရေဗူး

အပြင်ထွက်တဲ့အခါတိုင်းမှာ ရေဗူးသေးသေးလေး ဆောင်သွားပါ။ နေရာသီမှာ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်နိုင်ပြီး မျက်စိမှုန်ဝေဝါးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ရေဆာတာတွေ၊ ရေငတ်တာတွေ မဖြစ်စေဖို့ ရေဗူးလေးတွေ ဆောင်ထားပါ။

(၃) ပေါင်ဒါမှုန့်

ချွေးထွက်သန်တဲ့သူတွေအတွက်တော့ နွေရာသီဟာ အရမ်းကို စိတ်ပျက်စရာ ကောင်းနေမှာပါ။ နေပူလေ ချွေးပိုထွက်လေပါပဲနော်။ ကိုယ့်ရဲ့ ချွေးနံ့ကြောင့် သူတပါးစိတ်ညစ်ရမှာ စိုးတယ်ဆိုရင်တော့ ပေါင်ဒါမှုန့်ဗူး သေးသေးလေး ဒါမှမဟုတ် ချိုင်းချွေးနံ့ ပျောက်ဆေးတွေ ဆောင်ထားဖို့ လိုပါတယ်။

(၄) အဆီစုပ်စက္ကူ

နွေရာသီမှာ ချွေးတွေထွက်ပြီး မျက်နှာမှာ အဆီပြန်တတ်ပါတယ်။ အဓိက အားဖြင့်တော့ T zone (နှာခေါင်းတဝိုက်ပေါ့)။ ဒီလိုဆိုရင် မိတ်ကပ်တွေကွက်ပျက်ပြီး အဆီတဝင်းဝင်းနဲ့ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် အဆီစုပ်စက္ကူလေးတွေ သွားလေရာမှာ ဆောင်သွားပါနော်။

(၅) Waterproof

နွေရာသီမှာ အလှမပျက်စေဖို့ Waterproofဖြစ်တဲ့ အလှကုန်ပစ္စည်းတွေ သုံးဖို့ လိုပါတယ်။ မျက်တောင်ကော့ဆေး၊ eye liner တွေကို ရေစိုခံ ချွေးစိုခံတာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် နွေရာသီ နေပူဒဏ်ကြောင့် ချွေးထွက်ပြီး မျက်တောင်ကော့ဆေး၊ eye liner ပျက်ကာ အလှတွေ လျှော့သွားစေနိုင်ပါတယ်။

(၆) နေရောင်ကာခရင်မ်

နေပူဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေ မဖြစ်စေဖို့အတွက် အပြင်ထွက်တဲ့အခါမှာ နေရောင်ခြည်ကာခရင်မ်တွေ လိမ်းသွားဖို့ လိုပါတယ်။ နေရောင်ကာခရင်မ်လေးတွေလည်း ဆောင်ထားပါနော်။ ဒါဆိုရင်တော့ နေလောင်တာတွေ သက်သာသွားမှာပါ။

(၇) နှုတ်ခမ်းနီ

နွေရာသီမှာ matte နှုတ်ခမ်းနီတွေ မဆိုးတာ ကောင်းပါတယ်။ matte တွေက ကြာကြာခံတယ်ဆိုပေမယ့် နှုတ်ခမ်းသားခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ lip balm လိုမျိုး အဆီလေးတွေ ဆိုးတာ ကောင်းပါတယ်။ နှုတ်ခမ်းနီ ခဏခဏ ထုတ်ဆိုးတတ်တယ်ဆိုတော့ Lip balmလေး ဆောင်ထားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သံပုရာသီးစိမ်ရည်ရဲ့ ကျန်းမာရေးအကျိုးပြုပုံ

သံပုရာသီး အလှအပ ကျန်းမာရေး အသားအရေ ရေဓာတ် အချဉ်ဓာတ် ဗီတာမင်စီ အာဟာရ ကိုယ်အလေးချိန် ကယ်လိုရီ အရေပြား အစိုဓာတ် နေလောင်ဒဏ် ခံတွင်းအနံ့ဆိုး ဝမ်းချုပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ပိုးသတ်ဆေး ဘေးထွက်ဆိုးကျိုး ဘက်တီးရီးယား ဗိုက်အောင့်ဗိုက်နာ ဖျားနာ နေလောင်ဒဏ် အရေပြား အစာအိမ် ဓာတ်မတည့် မိန်းမကိုယ် သွေးမတိတ် မှိုစွဲ အင်ပျဉ်ထ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ဆေးဝါးများအားလုံး ဇူလိုင် 31, 2020 . 2 mins read

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ကျန်းမာရေး အလှအပ အိပ်စက်ခြင်း ညအိပ်ချိန် လူငယ် စိတ်ဖိစီးမှု အသားအရေ အိုမင်းရင့်ရော်ခြင်း နေလောင်ဒဏ် နှလုံး အိပ်ရေးမဝ ဦးနှောက်အာရုံကြော ကိုယ်တွင်းအင်္ဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
အိပ်စက်ခြင်း ဇူလိုင် 31, 2020 . 2 mins read

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

အုန်းနို့ ကျန်းမာရေး အုန်းသီး အုန်းဆီ ပြည့်ဝဆီ ခေါင်းမူး နွေရာသီ အချိုဓာတ် သွေးတိုး နှလုံးရောဂါ ဝမ်းချုပ် အစာမကြေ နွားနို့ အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read

နေလောင်ခံအသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
ဗီတာမင် PP နဲ့ အသားအရေ

ဗီတာမင် PP နဲ့ အသားအရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read
ဝါးကပေးတဲ့ အလှအပတရား

ဝါးကပေးတဲ့ အလှအပတရား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 8, 2020 . 2 mins read