COVID-19 ရောဂါဖြစ်စဉ် အချိန်ဇယား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 23 mins read
Share now

ဝူဟန်မြို့ကနေစတင်ခဲ့တဲ COVID-19 အဖျားရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကျးန်မာရေးဆိုင်ရာ ပြဿနာဆိုးတစ်ခုဖြစ်လို့နေပါတယ်။ COVID-19 အဖျားရောဂါပိုးဟာ SARS နွယ်ဝင် ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီးတော့ လင်းနို့တွေကနေ စတင်ပေါက်ပွားတယ်လို့ ယူဆခြင်းခံထားရပါတယ်။

လူဦးရေ ၁၁ သန်းကျော်နေထိုင်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုကနေစတင်ခဲ့တဲ့ ဒီရောဂါဆိုးဟာ လက်ရှိမှာ ကမ္ဘာ့နိုင်ငံအများအပြားမှာ သေဆုံးမှုတွေ ပြင်းထန်ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေစေတဲ့ လက်သည်တစ်ခုဖြစ်လို့နေပါတယ်။

COVID-19 ရောဂါပိုး ကူးစက်ခံရသူတွေဟာ တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေ ကြုံတွေ့ရမှာဖြစ်ပြီးတော့ အသက်အရွယ်အကြီးရင့်သူတွေနဲ့ ကိုယ်ခံအားနည်းပါးသူတွေအတွက်တော့ အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဖျားတက်တာ၊ နှာချေတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။

ယခုအောက်မှာ ဆက်လက်ဖော်ပြမယ့် အချက်တွေကတော့ ဒီကူးစက်ရောဂါကြီးရဲ့ လက်ရှိအချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ဖြစ်စဉ် အတက်အကျတွေကို ပြည့်ပြည့်စုံစုံ စုစည်းတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ယခုဖြစ်စဉ် Timeline မှာ ပြည်တွင်းနဲ့ ပြည်ပက နိုဗယ်ကိုရိုနာနဲ့ သက်ဆိုင်တဲ့ နေ့စဉ် Up-to-date အခြေအနေတွေကိုလည်း နေ့စဉ် ဆက်လက်ဖြည့်စွက်တင်ပြပေးသွားမှာဖြစ်ပါတယ်။

မတ်လ

၂၅၊ မတ်၊ ၂၀၂၀ – အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ လူနာ ၁၂၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ဗြိတိန် တစ်နိုင်ငံံလုံးက ဝေဒနာရှင်အရေအတွက်ရဲ့ ၂ ဆပမာဏဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ကလည်း ၂၇၁ ဦးအထိရှိလာခဲ့ပါတယ်။

၂၄၊ မတ်၊ ၂၀၂၀ – COVID-19 ကို တိုက်ဖျက်ဖို့ FDA အသိအမှတ်ပြုထားတဲ့ ဆေးဝါးသစ် တစ်ချို့ရှိနေပြီလို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အီတလီနိုင်ငံဟာ ရောဂါကူးစက်နှုန်းရော သေဆုံးမှုနှုန်းရော ၂ ရက်ဆက်တိုက်လျော့ကျသွားခဲ့တာမို့ ရောဂါကို စတင်ထိမ်းချုပ်နိုင်ပြီလို့ ဆိုလိုက်ပါတယ်။
COVID-19 ဒါဏ်ကနေ လွတ်နေသေးတဲ့ လာအိုနိုင်ငံမှာ လူနာ ၂ ဦး တွေ့ရှိခဲ့ရတာမို့ WHO အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံအားလုံးမှာ COVID-19 ရောဂါ ေ ပြန့်နှံ့ရာက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ရောဂါထိမ်းချုပ်ရေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ဖို့ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပါတယ်။

၂၃၊ ၃၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူအရေအတွက် ရုတ်တရက် တိုးမြင့်လာခဲ့ပြီး ၇၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ထိုင်းနိုင်ငံက မြန်မာလူမျိုးတွေဟာ ရောဂွါကပ်ဘေးနဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ကြောင့် ပြည်တွင်းကို အစုလိုက်အပြုံလိုက်ပြန်လာနေကြပြီး နယ်စပ် အာဏာပိုင်တွေအတွက် ကိုင်တွယ်ရခက်ခဲမှုတွေ ရှိနေခဲ့ပါတယ်။
မြန်မာ – မြန်မာပြည်မှာ COVID-19 ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည် ၂ ဦး စတင်တွေ့ရှိခဲ့ပါတယ်။

၁၇၊ မတ်၊ ၂၀၂၀ – Active Case နဲ့ တိုင်းတာမယ်ဆိုရင် တရုတ်နိုင်ငံဟာ COVID-19 ဖြစ်ပွားမှု အဆိုးရွားဆုံးတိုင်းပြည်စာရင်းမှာ အီတလီရဲ့ နောက် ဒုတိယနေရာကို ဆင်းသွားခဲ့ပါတယ်။ စုစုပေါင်းဖြစ်ပွားမှုနှုန်းမြင့်မားနေသေးပေမယ့် တရုတ်မှာ ရောဂါတိုးပွားမှုနှုန်းက သိသိသာသာလျော့ကျလာနေပါတယ်။

စပိန်နိုင်ငံ အခြေစိုက် ဘောလုံးကလပ် ဗလင်စီယာအသင်းက သူတို့အသင်းက ကစားသမားနဲ့ နည်းပြအဖွဲ့ဝင် ၃၀% လောက် COVID-19 ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ကြေညာခဲ့ပါတယ်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အိုင်းဒရစ် အယ်လ်ဘာက သူ့မှာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

၁၅၊ မတ်၊ ၂၀၂၀ – အီတလီမှာ တစ်ရက်အတွင်း လူနာအရေအတွက် ၃၅၉၀ ဦးအထိ ထပ်မံတိုးပွားလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၃၆၈ ဦးအထိ တိုးလာပါတယ်။

ဗြိတိန်မှာ လူနာသစ် ၂၃၂ ဦးထပ်မံတွ့ရှိပြီး ၁၄ ဦးသေဆုံးခဲ့ပါတယ်။ နာမည်ကျော် အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ အောက်တန်းလိဂ်တွေအားလုံးကို ဧပြီလ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ပြီး ရောဂါပြန့်နှံ့မှုအပေါ် မူတည်ပြီး ရာသီကုန်အထိ ရပ်ဆိုင်းဖွယ်ရှိနေတယ်လို့ FA က ကြေညာခဲ့ပါတယ်။

၁၄၊ မတ်၊ ၂၀၂၀ – ပြင်သစ်မှာ လူနာသစ် ၈၃၈ ဦးတိုးပွားလာခဲ့ပြီး သေဆုံးသူလည်း ၁၂ ဦးအထိ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် လူနာအရေအတွက် ၄၄၉၉ အထိရောက်လာသလို သေဆုံးသူအရေအတွက် စုစုပေါင်းဟာလည်း ၉၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ တစ်ရက်တည်းနဲပ လူနာသစ် ၁၃၆၅ ဦးတိုးပွားလာတာကြောင့် စုစုပေါင်းလူနာအရေအတွက် ၁၂၇၂၉ ဦးအထိ ရောက်ရှိသွားခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ဟာလည်း ၆၁၁ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။

အီတလီနိုင်ငံမှာတော့ ရောဂါဖြစ်ပွားနှုန်းကို ထိန်းချုပ်နိုင်ဖို့ ရုံးကန်နေရဆဲဖြစ်ပြီး လူနာ ၂၁၁၅၇ ဦးအထိ ရှိနေပြီး သေဆုံးသူ ၁၄၄၁ ဦးအထိရှိနေပြီဖြစ်ပါတယ်။

မြန်မာ – သင်္ကြန်ကာလအတွင်း မဏ္ဍပ်တည်ဆောက်ကစားတာမျိုးကို ခွင့်ပြုတော့မှာမဟုတ်ပဲ လူစုလူဝေးနဲ့ ကျင်းပရမယ့် အခမ်းအနားတွေကို ဧပြီလကုန်အထိ ခွင့်ပြုသွားမှာမဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

၁၃၊ မတ်၊ ၂၀၂၀ – ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒါးဟာ ဇနီးဖြစ်သူမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း Isolated လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

COVID-19 ရောဂါကြောင့် ပထမဆုံး သေဆုံးသူရှိလာပြီလို့ အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ COVID-19 ရောဂါကူးစက်သူအရေအတွက် အထူးကျဆင်းလာနေပြီး နေ့စဉ် ကူးစက်မှုနှုန်း ၁၀ ဦး အောက်ကို ကျရောက်နေတာ ၂ ရက်ရှိနေပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

၁၂၊ မတ်၊ ၂၀၂၀ – ဥရောပဒေသနဲ့ ရက် ၃၀ အဆက်အသွယ်ဖြတ်မယ်လို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် NBA ဘက်စကက်ဘောပြိုင်ပွဲကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါကူးစက်မှုအခြေအနေကို Epidemic ကနေ Pandemics အဖြစ် ပြောင်းလဲ ကြေညာလိုက်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူ ၁၂၆၃၀၀ ကျော်အထိရှိနေပြီဖြစ်ပြီးတော့ သေဆုံးသူဦးရေဟာလည်း ၄၆၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အီရန် ဒုတိယ သမ္မတ (၁) အီရှက် ဂျဟန်ဂီရီဟာ COVID-19 ဝေဒနာခံစားနေရတယ်လို့ သမ္မတရုံးက အတည်ပြုလိုက်ပါတယ်။

၁၁၊ မတ်လ၊ ၂၀၂၀ – အမေရိကန် သရုပ်ဆောင် တွမ်ဟန့်စ်နဲ့ ဇနီးဖြစ်သူ ရီတာ ဝီလ်ဆင်တို့က သူတို့နှစ်ဦးမှာ COVID-19 ရောဂါကူးစက်ခံထားရတယ်လို့ ကြေညာလိုက်ပါတယ်။ အသက် ၆၃ နှစ်အရွယ် ဇနီးမောင်နှံဟာ သြစတြေးလျမှာ ရိုက်ကူးရေးသွားရောက်ရင်း ရောဂါ ကူးစက်ခံရတာဖြစ်ပါတယ်။

၉၊ မတ်၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံမှာ လူနာသစ် ၉၆ ဦးတိုးပွားလာပြီး လူနာစုစုပေါင်း ၇၄၇၈ ဦးအထိ ရှိလာပါတယ်။

၇၊ မတ်၊ ၂၀၂၀ – ဂျာမနီမှာ လူနာအရေအတွက် ၈၀၀ အထိရောက်လာခဲ့ပြီး သေဆုံးသူတော့ မရှိသေးပါဘူး။
အီရန်မှာ လူနာသစ် ၁၀၇၆ ဦးတိုးလာသလို သေဆုံးသူလည်း ၂၁ ဦးလည်း တိုးလာပါတယ်။ ဝန်ကြီးဖြစ်သူ ဖာတီမာ ရာဘာဟာလည်း အဆိုပါဝေဒနာနဲ့ ဆုံးပါးသွားခဲ့ပါတယ်။

၆၊ မတ်၊ ၂၀၂၀ – အီတလီမှာ သေဆုံးနှုန်းနဲ့ ကူးစက်နှုန်းတိုးနေဆဲဖြစ်ပြီး တစ်ရက်အတွင်းမှာ လူနာသစ် ၇၇၈ ဦးနဲ့ သေဆုံးသူ ၄၉ ဦးတိုးလာခဲ့ပါတယ်။

၅၊ မတ်၊ ၂၀၂၀ – အီတလီမှာ တစ်ရက်တည်းနဲ့ လူနာသစ် ၇၆၉ ဦးအထိ တိုးပွားလာပြီးတော့ သေဆုံးသူလည်း နောက် ၄၁ ဦးတိုးလာခဲ့ပါတယ်။

၄၊ မတ်၊ ၂၀၂၀ – အိန္ဒိယမှာ ကူးစက်ခံရသူ ၂၃ ဦးအထိ ရှိလာပြီး ၁၅ ဦးက အီတလီလူမျိုး ခရီးသွားတွေဖြစ်ပါတယ်။
အီတလီနိုင်ငံမှာ သေဆုံးသူ ၁၀၇ ဦးအထိရှိလာပြီး ကူးစက်ခံရသူ ၅၈၇ ဦးအထိ ရောက်လာပါတယ်။
ဂျပန်မှာ ကူးစက်ခံရသူ ၁၀၀၀ ကျော်သွားခဲ့ပြီး အဲ့ဒီထဲမှာ Diamond Princess အပျော်စီးသင်္ဘောက လူနာတွေ မပါရှိသေးပါဘူး။

၃၊ မတ်၊ ၂၀၂၀ – အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် ၆ ဦးအထိ ရှိလာခဲ့ပါတယ်။

COVID-19 ရောဂါပြဿနာ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတဲ့ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်နဲ့ အီတလီတို့ကနေ ရောက်ရှိလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို သီးသန့့်ခွဲခြားထားရှိတော့မှာဖြစ်တယ်လို့ တရုတ်နိုင်ငံ ဘေဂျင်းမြို့က လက်ထောက် မြူနီစပါယ် အုပ်ချုပ်ရေးအရာရှိချုပ် ချန်ဘေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၊ မတ်လ၊ ၂၀၂၀ – အင်ဒိုနီးရှားမှာ လူနာစတင်တွေ့ရှိထားတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံမှာ ကူးစက်ခံထားရတဲ့ လူနာ ၁၅၀၁ ဦးအထိ မြင့်တက်လာခဲ့ပြီး သေဆုံးနှုန်းဟာလဘ်း ၆၆ ဦးအထိ ရှိလာခဲ့ပါတယ်။

အီတလီမှာတော့ တစ်ရက်တည်းနဲ့ လူနာ ၃၄၀ ဦးအထိ တိုးပွားလာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။ လက်ရှိအခြေအနေကြောင့် နာမည်ကျော် စီးရီးအေ ဘောလုံးပြိုင်ပွဲကိုတောင် ရပ်နားဖို့ အာဏာပိုင်တွေက စဉ်းစားနေကြပြီဖြစ်ပါတယ်။

၁၊ မတ်လ၊ ၂၀၂၀ – တကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၈၀၁၅၁ ဦးအထိ ရှိလာပေမယ့် သေဆုံးနှုန်းကတော့ ဝ.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ WHO က ကြေညာခဲ့ပါတယ်။

စင်ကာပူနိုင်ငံံမှာ မြန်မာအမျိုးသမီးတစ်ဦး COIVD-19 ရောဂါ Positive အခြေအနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကနေ မကြာသေးခင်ကမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဖျားနာဖူးခြင်းမရှိဘူးလို့ ဆိုပါတယ်။ သူမရဲ့ အမည်ကိုထုတ်ပြန်ထားခြင်းမရှိပဲ Case 104 လို့သာ စင်ကာပူဘက်က သတ်မှတ်ထားပါတယ်။

ဖေဖော်ဝါရီ

၂၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ရောဂါနဲ့ နီးစပ်မှု လုံးဝမရှိတဲ့ လူတစ်ယောက်မှာ ပိုးကူးနေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန် CDC က ကြေညာလိုက်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ တရုတ်ပြည်ကို မသွားခဲ့ဖူးသလို ရောဂါဖြစ်ပွားရာနေရာတွေ၊ ဖြစ်ပွားဖူးသူတွေ၊ သံသယလူနာတွေနဲ့လည်း ထိတွေ့မှုမရှိဖူးသူဖြစ်တာမို့ COVID-19 ဟ အလွန်အန္တရာယ်များတဲ့ ရောဂါတစ်ခုဖြစ်လာပြီလို့ CDC က ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု မက်ဆာချုးဆက်ပြည်နယ်က Moderna Therapeutics ဇီဝနည်းပညာကုမ္ပဏီဟာ COVID-19 ရောဂါ ကာကွယ်ဆေးကို စတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ အဆိုပါဆေးရဲ့ ပထမအသုတ်ကို စတင်တင်ပို့လိုက်ပြီလို့ Time သတင်းစာက ဖော်ပြခဲ့ပါတယ်။ တရုတ်သုတေသီတွေက ရောဂါပိုးရဲ့ မျိုးဗီဇကို ထုတ်ပြန်ခဲ့ပြီး ၄၂ ရက်အကြာမှာ ကာကွယ်ဆေးကို ဖန်တီးထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဂျပန်နိုင်ငံတွင် လူနာသေဆုံးမှု ဒုတိယအကြိမ်ဖြစ်ပွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်ပျံ့နှံ့မှု အရှိန်ပြင်းထန်နေပြီး ကူးစက်ခံထားရသူ ၁၆၉ ဦးနဲ့ သံသယလူနာ ၁၁၄၆ ဦးအထိ ရှိလာနေပါတယ်။

၂၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဆွစ်ဇာလန်၊ သြစတြီးယား၊ ဘရာဇီးလ်၊ အယ်လ်ဂျီးရီးယားနဲ့ ခရိုအေးရှားတို့မှာ နိုင်ငံအလိုက် ပထမဆုံးသော လူနာသစ်တွေ တွေ့ရှိခဲ့ပါတယ်။
အီရန်မှာ သေဆုံးသူအရေအတွက် ၁၅ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၇ ဦးအထိရှိလာခဲ့ပြီး သံသယလူနာ ၃၂၂ ဦးအထိ ရှိနေပါတယ်။

စင်ကာပူမှာ သေဆုံးသူ ၁ ဦးထပ်တိုးလာခဲ့ပြီး ရောဂါကူးစက်ခံထားရသူ ၉၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ သေဆုံးသူ ၄ ဦး ထပ်တိုးလာတာမို့ စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူ ၁၄၄ ဦးအထိရှိနေပြီး သံသယလူနာ ၉၇၇ ဦးအထိ ရှိနေပါတယ်။

မြန်မာ – တောင်ရီးယားနိုင်ငံမှာ ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားနေတာကြောင့် ပြည်တွင်းကို လာရောက်မယ့် ကိုရီးယားခရီးသည်တွေကို ကြပ်မတ်စွာ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသေးပေမယ့် အချိန်၊ နေရာ မရွေး၊ လူအများအပြားမှာ ကူးစက်နိုင်ချေရှိနေတာမို့ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အဖြစ် သတ်မှတ်လိုက်ကြောင်းလည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံဟာ သူတို့နိုင်ငံက COVID-19 ရောဂါအခြေအနေကို အနီရောင်အဆင့်အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ ၆၀၂ ဦးအထိရှိနေပြီး သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်ပါတယ်။

နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာ ဂျော်ဂျီယို အာမာနီဟာ မီလန်ဖက်ရှင်ရက်သတ္တပတ်ရဲ့ အကြီးဆုံး ဖက်ရှင်ရှိုးပွဲဖြစ်တဲ့ AW20 ပွဲကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အာဖဂန်နစ္စတန်၊ ဘာရိန်း၊ အီရတ်၊ ကူဝိတ်နဲ့ အိုမန်တို့မှာ COVID-19 ဝေဒနာ ကူးစက်ခံထားရတဲ့ လူနာတွေ တွေ့ရှိထားကြောင်း သက်ဆိုင်ရာ အစိုးရအသီးသီးက ကြေညာခဲ့ကြပါတယ်။

၂၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – အီရန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၈ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။

အီတလီနိုင်ငံမှာ လူနာနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒီလိုသေဆုံးမှုကြောင့် နာမည်ကျော် မီလန်ဖက်ရှင်ရက်သတ္တပတ်ကို ကျင်းပဖို့ ကိစ္စဟာလည်း မရေမရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

မြန်မာ – လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 လူနာ တစ်ဦးတစ်ယောက်မှ မရှိသေးပဲ သံသယလူနာတစ်ချို့သာတွေ့ရှိထားရပေမယ့် နိုင်ငံတကာက တစ်ချို့လူနာတွေဟာ ရောဂါလက္ခဏာမပြသပဲ ကူးစက်ခံထားရတာမျိုးတွေ ရှိလာနေတာကြောင့် နိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ဖို့နဲ့ လူထူထပ်တဲ့နေရာတွေဆီ မသွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ဂါယာမြို့ကို သွားရောက်တဲ့ မြန်မာခရီးသည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းကို မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တရားဝင်ငြင်းဆိုလိုက်ပါတယ်။ သက်ဆိုင်ရာ ဒေသခံဆေးရုံထံ ဆက်သွယ်အတည်ပြုချက် ရယူထားကြောင်းနဲ့ အဆိုပါ လူနာမှာ COVID-19 ရောဂါကူးစက်ခံထားရခြင်းမရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။

၂၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တောင်ကိုရီးယားနိုင်ငံဟာ ချောင်းဒို ခရိုင်နဲ့ ဒယ်ဂူး ခရိုင် ၂ ခုကို အထူးစောင့်ကြည့်ဇုံတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ အစိုးရတာဝန်ရှိသူတွေဟာ စစ်ဘက်ဆေးဝန်ထမ်းတွေပါ ပေးပို့ထားပြီး အဆိုပါဒေသနှစ်ခုကို သီးခြားကြပ်မတ်မှုပြုလုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒေသခံတွေကိုလည်း အပြင်ကို မထွက်ဖို့ သတိပေးထားပါတယ်။

၂၀၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – အီရန်နိုင်ငံမှာ COVID-19 ရောဂါကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးသူ စုစုပေါင်း ၂၀၀၄ ဦးအထိရှိလာခဲ့ပြီး ရောဂါပိုးကူးစက်ခံထားရသူ ၇၄၁၈၅ ဦးအထိ ရှိလာခဲ့ပါတယ်။

Diamond Princess အပျော်စီးသင်္ဘောပေါ်က COVID-19 ရောဂါစမ်းသပ်စစ်ဆေးမှုမှာ Negative ရလဒ်ပြတဲ့ ခရီးသည် ၅၀၀ ကို ကမ်းပေါ်တက်ခွင့်ပြုလိုက်ပြီလို့ ဂျပန်နိုင်ငံက ကြေညာခဲ့ပါတယ်။ သက်ကြီးရွယ်အိုအများစုပါဝင်တဲ့ အဆိုပါခရီးသည်တွေဟာ ယိုကိုဟားမားမြို့ကို သွားရောက်ခွင့်ရမှာဖြစ်ပါတယ်။

မြန်မာ – မြန်မာနိုင်ငံကနေလာတဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးလာရောက်တဲ့ ခရီးသည်တစ်ဦးမှာဂါကူးစက်ခံနေရတယ်လို့ သံသယဖြစ်ဖွယ်အခြေအနေရှိတောကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အခြေစိုက် ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ခရီးသည်ဟာ ဂါယာကို ဘုရားဖူးခရီး ရောက်ရှိလာတဲ့ အယောက် ၃၀ ပါ မြန်မာခရီးသွားအုပ်စုထဲကဖြစ်ပြီး ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတယ်လို့ သံသယဖြစ်ဖွယ် အခြေအနေမျိုးဖြစ်ကြောင်း ဆေးစစ်မှုပြုလုပ်ပေးနေတဲ့ Anugrah Narayan Medical College Hospital (ANMCH) က တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။

၁၉၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – COVID-19 ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၆ ဦး သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၁၅ ဦးအထိရှိလာနေပြီလို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။ အဆိုပါ ကျန်းမာရေးဝန်ထမ်းတွေထဲက ၈၇% ဟာ ဟူဘေးပြည်နယ်ထဲမှာ ဆေးဝါးကုသရေးတာဝန်တွေထမ်းဆောင်ရင်း ရောဂါကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။

ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒမီထရို ကိုဗယ်က COVID-19 ရောဂါစတင်ရာ ဟူဘေးပြည်နယ်ထဲက ယူကရိန်းနိုင်ငံသားအားလုံးကို တိုင်းပြည်ထံပြန်လည်ခေါ်ဆောင်တော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီဒေသအတွင်းမှာ ရောက်ရှိနေတဲ့ ယူကရိန်းနိုင်ငံသား ၄၈ ဦးလုံးကို ၂ ပတ်ကြာစောင့်ကြည့်ပြီးတဲ့နောက်မှာ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာမရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီမို့ လေယာဉ်နဲ့ ချက်ခြင်း ပြန်လည်ခေါ်ဆောင်သွားမယ်လို့ ကြေညခဲ့တာပါ။

အီဂျစ်နိုင်ငံံက ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအမျိုးသားဟာ ပြန်လည်ကျန်းမာလာနေပြီဖြစ်တယ်လို့ World Health Organization (WHO) က အတည်ပြုလိုက်ပါတယ်။

၁၈၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – COVID-19 ဝေဒနာရှင်တွေကို ကုသပေးနေတဲ့ ဝူဟန်ဆေးရုံက ဒါရိုက်တာဖြစ်သူ ဒေါက်တာ လျူကျီမင်းဟာ အဆိုပါရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ်သာရှိသေးတဲ့ ဒေါက်တာလျူဟာ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကို ဦးဆောင်နေသူဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ သောင်တင်နေတဲ့ Diamond Princess သင်္ဘောပေါ်ကနေ လူနာသစ် ၈၈ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က COVID-19 ရောဂါရဲ့ အကျိုးဆက်တွေကြောင့် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းအနေနဲ့ ပီဆို ဘီလီယံနဲ့ချီ နစ်နာမှုရှိနေတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ရောဂါကပ်ဆိုးကြောင့် တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သလို ခရီစဉ်အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

နာမည်ကျော် နည်းပညာလုပ်ငန်း Apple ကလည်း တုပ်ကွေးကပ်ဆိုးကြောင့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွက် သူတို့ ပစ်မှတ်ထားနေတဲ့ ဝင်ငွေရရှိဖို့ မလွယ်ကူတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ တခြားနည်းပညာကုမ္ပဏီတွေလိုပဲ Apple ဟာလည်း ဥရောပဈေးကွက်နဲ့ တရုတ်ဈေးကွက်တို့မှာ ဝင်ငွေသိသိသာသာ ကျဆင်းလာနေပါတယ်။

COVID-19 ကြောင့် သေဆုံးသူ ၉၈ ဦးတိုးလာခဲ့ပါတယ်။ သေဆုံးသူစုစုပေါင်း ၁၈၈၆ ဦးအထိ ရှိလာခဲ့ပါတယ်။ တရုတ်ကျန်းမာရေးဌာနရဲ့ ကြေညာချက်အရ စုစုပေါင်း လူနာအရေအတွက်ဟာလည်း ၇၂၄၃၆ ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရောဂါဆိုးကနေ ပြန်လည်သက်သာပျောက်ကင်းလာသူ အရေအတွက်လည်း တိုးပွားလာနေပြီး ၁၂၀၀၀ အထိရှိလာပြီဖြစ်ပါတယ်။

ဟောင်ကောင်ဟာ COVID-19 ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် ဘက်ဂျက်ကို အမေရိကန်ဒေါ်လာ ၃.၀၆ ဘီလီယံအထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
Singapore Airlines ဟာ နိုင်ငံတကာက အဓိကမြို့တော်ကြီးတွေဆီကို ပျံသန်းမယ့် ခရီးစဉ်တစ်ချို့ကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ ရောဂါပိုးပျံ့ပွားမှုကို တားဆီးနိုင်ဖို့ ခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

၁၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ထိုင်းမှာ လူနာ ၃၅ ဦးအထိဖြစ်လာပြီး ဟောင်ကောင်မှာလည်း လူနာ ၆၀ ပြည့်သွားပါတယ်။ စင်ကာပူမှာတော့ လူနာ ၇၇ ဦးအထိ ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယားမှာတော့ ၃၀ ဦးအထိရှိနေပြီဖြစ်ပါတယ်။

ဂျပန်မှာတော့ ရောဂါပိုးကူးစက်ခံထားရသူအရေအတွက် ၇ ဦးအထိ ထပ်မံတိုးတက်လာခဲ့ပြီး ပြည်တွင်းမှာ လူနာ ၆၆ ဦးအထိ ရှိလာပါတယ်။ Diamond Princess သင်္ဘောပေါ်က လူနာအရေအတွက်ကလည်း နေ့စဉ်ရက်ဆက် ဆက်လက်တိုးပွားနေခဲ့ပြီး စံချိန်တင် ၉၉ ဦးအထိ တွေ့ရှိခဲ့တာကြောင့် အဆိုပါသင်္ဘောပေါ်မှာ လူနာ စုစုပေါင်း ၄၅၄ ဦးအထိ ရှိသွားပါတယ်။

HSBC ဘဏ်က အာရှတိုက်ရဲ့ စီးပွားရေးဟာ မနှစ်ကထက် ၃၀% အထိကျဆင်းမယ်လို့ သုံးသပ်လိုက်ပါတယ်။ COVID-19 ရောဂါရဲ့ သက်ရောက်မှုတွေဟာ အာရှဈေးကွက်ကို သိသိသာသာထိခိုက်စေလိမ့်မယ်လို့ အဆိုပါဘဏ်ကသုံးသပ်ခဲ့တာပါ။

WHO ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူတွေထဲက ၂၀% သာ စိုးရိမ်ရတယ်လို့ ဆိုထားပါတယ်။

ဂျပန်နိုင်ငံဟာ ဘုရင့်မွေးနေ့ပွဲကျင်းပဖို့ ရှိနေပေမယ့် COVID-19 ရောဂါကပ်ဆိုးကြောင့် အများနဲ့ဆိုင်တဲ့ ပွဲလမ်းတွေမလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ အပြေးသမားပေါင်း ၃၈၀၀၀ ပါဝင်မဲ့ တိုကျို မာရသွန်ပွဲကိုလည်း မကျင်းပတော့ဘူးလို့ ဆက်လက်ကြေညာခဲ့ပါတယ်။

မြန်မာ – မြန်မာနိုင်ငံမှာ COVID-19 ရောဂါ သံသယရှိလူနာအရေအတွက် တိုးပွားလာခြင်းမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ သံသယလူနာ ၈ ဦးရှိနေပြီး စိုးရိမ်ရတာမျိုးမရှိဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုနဲ့ တရားဝင်နယ်စပ် ဝင်ပေါက်/ထွက်ပေါက် (၂၇) ခုမှာ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုမှုတွေ ဆက်လက်ပြုလုပ်နေပြီး သံသယ လူနာ/စောင့်ကြည့်လူနာသစ် ထပ်မတိုးလာဘူးလို့ အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ မှာကျင်းပမယ့် e-Government ဆွေးနွေးပွဲမှာ အဖျားတိုင်းကိရိယာ (Thermal Scanner) တပ်ဆင်ထားမှာဖြစ်တယ်လို့လည်း အဆိုပါကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံကို လူနာသီးခြား ထားရှိရန် (Designated Hospital) အဖြစ်သတ်မှတ်ပြီး လူနာသီးခြားထားရှိရန် အခန်းများ (Isolation Ward) နှင့် အထူးကြပ်မတ် ကုသဆောင် (Intensive Care Unit-ICU) တွေ ထားရှိသွားမယ်လို့ သိရပါတယ်။

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို WHO၊ ထိုင်းတပ်မတော် သုတေသနဌာ၊ ဂျပန်သံရုံး၊ JICA တို့ရဲ့ ကူညီမှုနဲ့ အဆင့်မြှင့်တင်မှုပြုလုပ်နေပြီး လာမယ့် ၂၀ ရက်နေ့ကနေစတင်ပြီး ရောဂါပိုး စစ်ဆေးမှုတွေကို အဆိုပါဌာနမှာတင် ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

၁၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – နောက်ထပ် လူနာ ၇၀ ဦး Diamond Princess သင်္ဘောပေါ်မှာ ထပ်မံတွေ့ရှိပါတယ်။ ဒါကြောင့် စုစုပေါင်း အရေအတွက်ဟာလည်း ၃၅၅ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ တိုင်းပြည်အတွင်းမှာလည်း လူနာအရေအတွက် ၅၉ ဦးအထိရောက်အောင် ဆက်လက်တိုးလာနေတာမို့ ဖိအားများလာခဲ့ပါတယ်။

ထိုင်ဝမ်မှာ COVID-19 လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ လူနာအရေအတွက်ဟာလည်း ၂၀ ဦးအထိရှိလာပါတယ်။

စင်ကာပူမှာ ၇၅ ဦးအထိရှိလာပြီး ဟောင်ကောင်မှာတော့ ၅၇ ဦးအထိရှိလာပါတယ်။ တောင်ကိုရီးယားမှာတော့ ၂၉ ဦးအထိ ဖြစ်ပွားနေပါတယ်။

မြန်မာ – ကျန်းမာရေးဝန်ကြီးဌာနဟာ ဝူဟန်မြို့အထိ အထူးလေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်မှု ပြုလုပ်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနဲ့ သွားရောက်ခေါ်ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၃ ဦးတို့ကို နေရပ်သို့ ပြန်ခွင့်ပြုခဲ့ပါတယ်။

၁၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – မလေးရှားမှာ အမေရိကန်နိုင်ငံသား ခရီးသွားတစ်ဦးအပါအဝင် လူနာ သစ် ၃ ဦးတိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလည်း လူနာအရေအတွက် ၃၄ ဦးအထိ ရှိလာခဲ့ပါတယ်။ စင်ကာပူမှာတော့ လူနာအရေအတွက် ဆက်လက်တိုးတက်နေခဲ့ပြီး ၇၂ ဦးအထိ ရှိလာပါတယ်။

ဥရောပမှာ ပထမဆုံး COVID-19 ရောဂါနဲ့ လူသေမှုဟာ ပြင်သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ရောဂါပိုးကူးစက်ခံထားရကြောင့် ရှာဖွေတွေ့ရှိထားတဲ့ ခရီးသွားတစ်ဦးဖြစ်ပြီး အသက် ၈၀ အရွယ် တရုတ်လူမျိုးတစ်ဦးဖြစ်ပါတယ်။

Diamond Princess သင်္ဘောကနေ လူနာသစ် ၆၇ ဦးထပ်မံစမ်းသပ်တွေ့ရှိတယ်လို့ ဂျပန်အာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ သင်္ဘောပေါ်မှာ လူနာ ၂၈၅ ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။

မြန်မာ – ဖေဖော်ဝါရီလ ၉ ရက်နေ့တုန်းက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်အမျိုးသားတစ်ဦးမှာ သံသယလက္ခဏာတွေ ပြသလာတာမို့ ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင်ကာ ဓါတ်ခွဲစပ်သပ်စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လူနာဟာ ဖျားနေပေမယ့် လတ်တလောစစ်ဆေးချက်တွေအရ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ လက္ခဏာတွေ မတွေ့ရှိသေးပါဘူး။ စောင့်ကြည့်ကုသနေတဲ့ သံသယ လူနာ (၉) ဦးအထိရှိနေပြီး ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ကောင်းမွန်နေတယ်လို့ ကြေညာခဲ့ပါတယ်။

၁၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာတော့ ရောဂါဖြစ်ပွားသူဦးရေဟာ ဆက်လက်တိုးတက်နေခဲ့ပြီး ၅၆ ဦးအထိ ဖြစ်လာပါတယ်။ စင်ကာပူမှာလည်း လူနာအရေအတွက် ၆၇ ဦးအထိ ဖြစ်လာပါတယ်။ ဂျပန်မှာတော့ ပြည်မမှာ အရေအတွက်တိုးလာခဲ့ပြီး ၃၇ ဦးအထိဖြစ်လာပါတယ်။

အာဖရိကမှာ ပထမဆုံးသော COVID-19 ရောဂါခံစားနေရသူကို အီဂျစ်နိုင်ငံမှာ သတင်တွေ့ရှိခဲ့ပြီး နိုင်ငံခြားသားတစ်ဦးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
မြန်မာ – COVID-19 နဲ့ သက်ဆိုင်တဲ့ ရောဂါကျန်းမာရေးအသိပညာပေး အချက်အလက်တွေကို မြန်မာဘာသာနဲ့ သာမက တရုတ်ဘာသာနဲ့ပါ ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

၁၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဂျပန်နိုင်ငံအတွင်းမှာ လူနာ ၃၃ ဦးအထိ ရှိလာပြီး Diamond Princess သင်္ဘောပေါ်မှာတော့ လူနာ ၂၁၈ ဦးအထိ အရေအတွက်တိုးလာခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်မှာ သေဆုံးမှုလည်း ဖြစ်ခဲ့ပါတယ်။

ဟောင်ကောင်က ၅၃၊ ဗီယက်နမ်က ၁၆ နဲ့ မလေးရှားက ၁၉ ဦးအသီးသီးရှိနေပြီလို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

စင်ကာပူမှာ လူနာအရေအတွက် ၅၈ ဦးအထိ ရှိလာခဲ့ပြီး ပရော်ဖက်ဆာတစ်ယောက် ရောဂါပိုးကူးစက်ခံထားရကြောင်း အတည်ပြုခဲ့တဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၂၁ ရက်နေ့အထိကို e-learning စနစ်နဲ့သာ သင်ကြားပေးတော့မယ်လို့ ကျောင်းသားတွေထံ အသိပေးလိုက်ပါတယ်။

အမေရိကန်မှာ ၁၅ ဦးမြောက်လူနာကို ထပ်မံတွေ့ရှိခဲ့ရပြီး တက္ကဆက်ပြည်နယ်က စစ်စခန်းတစ်ခုမှာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဟူဘေးပြည်နယ်ထဲက မရှိမဖြစ်မဟုတ်တဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လုပ်ငန်းရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး ကုန်ထုတ်လုပ်ငန်းစက်ရုံ အများအပြား ပါဝင်နေခဲ့ပါတယ်။

အဆိုပါနေ့မှာပဲ ဟူဘေးပြည်နယ်ထဲက ရောဂါပိုး ကူးစက်ခံလူနာအရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ လူနာသစ် ၁၄၈၄၀ ဦးတိုးလာခဲ့ပါတယ်။ ဒါဟာ ၁၂ ရက်နေ့တုန်းက တိုးပွားလာတဲ့ လူနာသစ်အရေအတွက်ထက် ၁၀ ပိုများတဲ့ ပမာဏဖြစ်ပါတယ်။ သေဆုံးမှုဟာလည်း တစ်ရက်အတွင်း ၂၄၂ ဦးအထိရှိခဲ့ပြီး ရှေ့ရက်ကထက် ၂ ဆ တိုးလာတာဖြစ်ပါတယ်။

မြန်မာ – နိုင်ငံတစ်ဝှမ်းမှာ COVID-19 သံသယလူနာ ၁၈ ဦးတွေ့ရှိထားပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဒေသဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လူနာတွေရဲ့ ဆေးစစ်ချက် ဓာတ်ခွဲအဖြေတွေကို စောင့်ဆိုင်းနေဆဲလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
COVID-19 ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး ကောလဟာလတွေကို မယုံကြဖို့ ဝန်ကြီးဌာနက တိုက်တွန်းထားပြီး သတင်းမှားတွေကို တားဆီးနိုင်ဖို့ Myanmar Facebook Team နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုခဲ့ပါတယ်။

၁၂၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – Diamond Princess အပျော်စီးသင်္ဘောမှာ လူနာသစ် ၃၉ ဦး ထပ်မံတွေ့ရှိပါတယ်။ သင်္ဘောပေါ်က ခရီးသည်တွေအပြင် လူနာတွေကို စောင့်ရှောက်ပေးနေတဲ့ အရာရှိတစ်ဦးပါ ပါဝင်လာခဲ့ပါတယ်။ သင်္ဘောပေါ်မှာတင် လူနာ ၁၇၄ ဦးအထိရှိလာပြီး ဂျပန်ကုန်းမြေပေါ်မှာတော့ လူနာ ၂၉ ဦးအထိဖြစ်လာပါတယ်။

စင်ကာပူမှာတော့ လူနာ ၅၀ ဦးပြည့်မြောက်သွားပါတယ်။ DBS Bank က ဝန်ထမ်း ၃၀၀ ဟာ သူတို့ ရုံးတည်ရှိရာ Marina Bay Financial Centre Tower 3 မှာ ရောဂါပိုးရှာဖွေတွေ့ရှိခဲ့တာမို့ အလုပ်တွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်မှာလည်း လူနာ ၅၀ ပြည့်သွားခဲ့ပါတယ်။ ဗြိတိန်မှာ လူနာ ၉ ဦးအထိရှိလာပြီး အမေရိကန်မှာတော့ လူနာ ၁၄ ဦးဖြစ်လာပါတယ်။

မြန်မာ – ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ Coronavirus Disease 2019 (COVID-19) ကူးစက်ခံထားရတဲ့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာမို့ ဝေဘာဂီအထူးကုဆေးရုံကို ပို့ဆောင် စောင့်ကြပ်ကြည့်ရှုနေပြီး အခြေအနေကောင်းမွန်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူနာရဲ့ မိသားစုဝင်တွေကိုလည်း Home Quarantine ပြုုလပ်ထားပြီး ၎င်းတို့အနေဖြင့်လည်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ ဆိုထားပါတယ်။

၁၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်မှာ လူနာ ၁၅ ဦးအထိရှိလာပါတယ်။ ၃ လသားအရွယ်ကလေးငယ်လေးနဲ့ သူမရဲ့ အဘွားတို့ကူးစက်ခံထားရတာကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဟောင်ကောင်မှာတော့ လူနာ ၇ ဦးထပ်တွေ့ပါတယ်။ ဒါဟာ နောက်ဆုံး ၃ ရက်အတွင်းမှာ ရောဂါပိုးကူးစက်ခံထားရသူ ၂၃ ဦးအထိ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စုစုပေါင်းအရေအတွက်ဟာလည်း ၄၉ ဦးအထိရှိလာပါတယ်။ စင်ကာပူမှာလည်း လူနာ ၄၇ ဦးအထိဖြစ်လာပါတယ်။

ဥရောပမှာတော့ ဂျာမနီဟာ အဆိုးဆုံးဖြစ်နေပြီး လူနာ ၁၆ ဦးအထိ ရှိနေခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရောဂါရဲ့ နာမည်ကို COVID-19 လို့ တရားဝင် အမည်သတ်မှတ်လိုက်ပါတယ်။ ဗိုင်းရပ်စ်ကိုတော့ SARS-CoV-2 လို့ ခေါ်ဝေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာ – စောင့်ကြည့်လူနာ ၁၆ ဦးအထိရှိလာပြီလို့ မြန်မာဘက်က ကြေညာခဲ့ပါတယ်။

၁၀၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – Diamond Princess ဇိမ်ခံသင်္ဘောကနေ လူနာသစ် ၆၅ ဦးအထိ ထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အဆိုပါသင်္ဘောမှာတင် လူနာ ၁၃၅ ဦးအထိ ရှိလာပါတယ်။

ဗြိတိန်မှာတော့ လူနာ ၄ ဦးတပြိုင်နက်တည်း ထပ်တိုးလာခဲ့ပြီး ပြင်သစ်ကနေတဆင့် ကူးစက်တယ်လို့ စွပ်စွဲပါတယ်။

စင်ကာပူမှာလည်း လူနာ အရေအတွက် ၄၅ ဦးအထိရောက်ရှိလာခဲ့ပြီး ကန့်သတ်နယ်မြေကို ဦးဆောင်စီမံနေတဲ့ အရာရှိတစ်ဦးပါ ရောဂါကူးစက်ခံခဲ့ရပါတယ်။

ဟောင်ကောင်မှာတော့ အစုလိုက်အပြုံလိုက်ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး တစ်ရက်တည်းမှာတင် လူနာသစ် ၆ ဦး ထပ်မံတိုးလာခဲ့ပါတယ်။ UAE မှာတော့ ရောဂါကူးစက်ခံထားရသူ ၈ ဦးအထိ ရှိလာခဲ့ပြီး တစ်ဦးဟာ အိန္ဒိယနိုင်ငံသားဖြစ်တယ်လို့ ဒေသခံအာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အမေရိကမှာလည်း ၁၃ ဦးမြောက်ကူးစက်ခံရသူကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမှာ တွေ့ရှိခဲ့ရပြီး ဝူဟန်ကို သွားခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။

၉၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တရုတ်ပြည်မမှာ ကူးစက်ခံထားရသူ ၄၀၂၁၃ ဦးအထိ ရှိလာခဲ့ပြီး ဟူဘေးပြည်နယ်တစ်ခုတည်းမှာတင် ၂၉၆၃၁ ဦးအထိ ကူးစက်ခံထားရပါတယ်။ သေဆုံးသူအရေအတွက်ဟာလည်း ၈၁၁ ဦးအထိဖြစ်လာတာမို့ ၂၀၀၂-၀၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ SARS ရောဂါကပ်ဆိုးကာလမှာ သေဆုံးခဲ့တဲ့ ပမာဏကို ကျော်လွန်သွားခဲ့ပါတယ်။

Diamond Princess အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ နောက်ထပ် လူနာသစ် ၆ ဦးထပ်မံတွေ့ရှိခဲ့တာမို့ အဆိုပါသင်္ဘောပေါ်ကနေ တွေ့ရှိရတဲ့လူနာ ၇၀ ဦးအထိရှိလာပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံအနေနဲ့လည်း လူနာ ၉၆ ဦးအထိ လက်ခံထားရတဲ့တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ လူနာ ၁၇ ဦးအထိတိုးတက်လာခဲ့ပြီး၊ စင်ကာပူမှာတော့ လူနာ အရေအတွက် ၄၃ ဦးအထိ ရောက်ရှိသွားပါတယ်။

ဟောင်ကောင်မှာလည်း မိသားစုတစ်စုတည်းကနေ လူနာ ၁၀ ဦးအထိရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ရပြီး စုစုပေါင်းအရေအတွက် ၃၆ ဦးအထိ ဖြစ်သွားပါတယ်။ တောင်ကိုရီးယားမှာလည်း ၃ ဦးထပ်တွေ့ခဲ့တာမို့ လူနာ ၂၇ ဦးအထိ ရှိလာခဲ့ပါတယ်။

စပိန်မှာ ဒုတိယမြောက်လူနာတွေ့ခဲ့သလို ဗြိတိန်မှာလည်း စတုတ္ထမြောက်လူနာ တွေ့ရှိခဲ့ရပါတယ်။

မြန်မာ – ထိုင်းကနေပြန်လာတဲ့ အမျိုးသမီးလူနာတစ်ယောက် မကွေးဆေးရုံမှာ ကွယ်လွန်သွားခဲ့ပေမယ့် ဝူဟန်ကိုရိုနာရောဂါနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၈၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ပြင်ပက တခြားပြည်နယ်တွေမှာ ရောဂါပိုး ကူးစက်ခံထားရသူအရေအတွက် ၁၀၀၀၀ ကျော်သွားခဲ့ပါတယ်။

Diamond Princess သင်္ဘောကနေ လူနာ ၃ ဦး ထပ်တွေ့ရကြောင်း ဂျပန်အစိုးရက ကြေညာပါတယ်။ တစ်နိုင်ငံလုံးမှာ လူနာ ၈၉ ဦးအထိ ရှိလာပါတယ်။
UAE နိုင်ငံမှာလည်း လူနာ ၇ ဦးအထိ ရှိလာပါတယ်။

ဝူဟန်မှာ တစ်နေ့တည်းနဲ့ သေဆုံးသူ ၆၃ ဦးအထိ တိုးပွားလာခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးသူ အရေအတွက်ဟာလည်း ၆၀၈ ဦးအထိ ရှိလာပါတယ်။ ဂျပန်နိုင်ငံသားတစ်ဦးနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးတို့လည်း အဆိုပါနေ့မှာ သေဆုံးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၇ ဦးတစ်ပြိုင်နက်တည်း တွေ့ရှိခဲ့တာမို့ စုစုပေါင်းအရေအတွက် ၃၂ ဦးအထိရှိလာခဲ့ပါတယ်။ စင်ကာပူမှာလည်း ၇ ဦး တွေ့ရှိရတာမို့ လူနာ ၄၀ ဦးအထိရှိလာပါတယ်။

မှုတ်ဆေး/ဖြန်းဆေးဘူးတွေဟာ ကူးစက်မှုရဲ့ ကြားခံဖြစ်နိုင်တယ်လို့ ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

ဘေဂျင်းအာဏာပိုင်တွေဟာ ရောဂါရဲ့ စိုးရိမ်ဖွယ်အဆင့်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လူနာတစ်ဦးဟာ ၃ ကြိမ်အထိ Negative ပြခဲ့ပြီးမှာ ရောဂါ ရှာဖွေတွေ့ရှိခဲ့သလို ရှီကျန်းက တခြားလူနာတစ်ဦးဟာလည်း ၄ ကြိမ် Negative ပြခဲ့ပြီးမှ ၅ ကြိမ်မြောက် စစ်ဆေးတော့မှ ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

၇၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ကွမ်တုန်ဒေသမှာလည်း ရောဂါပိုးကူးစက်ခံထားရသူ ၁၀၀၀ ပြည့်သွားပါတယ်။ ဒါ့အပြင် သေဆုံးမှုလည်း ရှိလာခဲ့ပါတယ်။ ဟူဘေးပြည်နယ်အပြင်ဘက်မှာ ရောဂါပိုးကူးစက်ခံရသူ ၁၀၀၀ ပြည့်သွားတဲ့ ဒုတိယမြောက်ဒေသဖြစ်လာပါတယ်။

ရောဂါရဲ့ မူလအစဖြစ်တဲ့ ဝူဟန်မြို့မှာတော့ သေဆုံးသူဦးရေ ၆၇ ဦးအထိ တိုးပွားလာပြီး ဟူဘေးပြည်နယ်ထဲက တခြားမြို့တွေမှာလည်း သေဆုံးသူ ဦးရေ ၁၄ ဦးအထိ ရှိလာပါတယ်။ ဟူဘေးပြည်နယ်တစ်ခုတည်းမှာတင် သေဆုံးသူ ၁၅၄ ဦးအထိရှိလာကာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် သေဆုံးသူဦးရေ ၅၄၅ ဦးအထိ ရှိလာပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမားမှာ သောင်တင်နေတဲ့ Diamond Princess အပျော်စီးသင်္ဘောမှာ ရောဂါပိုး Positive ဖြစ်နေသူ ၄၁ ဦးအထိ တပ်မံစမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံတစ်နိုင်ငံလလုံးအနေနဲ့ ရောဂါပိုးကူးစက်ခံရသူအရေအတွက်ဟာ ၈၆ ဦးအထိ ခုန်တက်လာပါတယ်။

ဟောင်ကောင်မှာလည်း ပိုးကူးစက်ခံရသူအရေအတွက် ဆက်တိုက်တိုးလာနေပြီး ၂၆ ဦးအထိ ဖြစ်လာပါတယ်။ ဂျာမနီမှာလည်း လူနာသစ် ၂ ဦးထပ်မံတွေ့ရှိတာမို့ ၁၅ ဦးဖြစ်လာပါတယ်။ ဗီယက်နမ်မှာလည်း ၁၃ ဦးအထိ တိုးလာပါတယ်။ မလေးရှားမှာလည်း လူနာတစ်ဦးတိုးလာခဲ့ပြီး စင်ကာပူကနေလာတဲ့ ခရီးသွားတစ်ဦးဖြစ်ကြောင်း သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။

စင်ကာပူမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၃ ဦးအထိဖြစ်လာခဲ့ပြီး ဒီထဲက တစ်ချို့တွေဟာ ဘယ်ကနေ ကူးစက်ခံရတယ်ဆိုတဲ့ အရင်းအမြစ်ကို ရှင်းလင်းစွာမသိရှိနိုင်တာကြောင့် ရောဂါထိမ်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ (DORSCON) က တိုင်းပြည်ရဲ့ အခြေအနေကို လိမ္မော်ရောင်အဆင့်အထိ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ – သံသယ လူနာ ၁ ဦး စောင့်ကြည့်လူနာ ၉ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟူဘေးပြည်နယ်အပြင်ဘက်က ကျီကျန်းခရိုင်တစ်ခုတည်းမှာတင် လူနာ ၁၀၀၀ အထိရှိလာပါတယ်။

ဟောင်ကောင်မှာ လူနာ ၃ ဦးတိုးလာတာမို့ ၂၄ ဦးအထိ ရှိလာပြီး ကနေဒါမှာ ရောဂါရှိနေတယ်လို့ လုံးဝနီးပါး ယူဆရတဲ့ သံသယရှိ လူနာ ၂ ဦးတွေ့ရှိခဲ့ရပါတယ်။

Diamond Princess အပျော်စီးသင်္ဘောက ခရီးသည်တွေထဲမှာ 2019-nCoV ရောဂါပိုး ကူးစက်ခံထားရသူ ၁၀ ဦးထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဂျပန်မှာ စုစုပေါင်း လူနာအရေအတွက်ဟာလည်း ၄၅ ဦးအထိ တိုးပွားလာခဲ့ပါတယ်။

မလေးရှားမှာတော့ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိခဲ့ကာ စုစုပေါင်း ၁၄ ဦးအထိ ရှိလာခဲ့ပြီး တစ်ဦးဟာ မလေးရှားနိုင်ငံအတွင်းမှာပဲ ကူးစက်ခံရသူဖြစ်ပါတယ်။

စင်ကာပူမှာတော့ လူနာအရေအတွက် ဆက်လက်တိုးတက်နေပြီး ၃၀ ဦးအထိ ရှိလာပါတယ်။ တိုင်ဝမ်မှာ့ ၁၆ ဦး၊ ဗီယက်နမ်မှာ ၁၂ ဦးအထိ ရောဂါကူးစက်ခံထားရပါတယ်။

ဗြိတိန်ကလည်း ရောဂါကူးစက်ခံထားရသူ ၃ ဦးအထိ ရှိနေပြီလို့ ကြေညာခဲ့ပါတယ်။ EU တိုင်းပြည်တွေဖြစ်ကြတဲ့ အီတလီနဲ့ ဂျာမနီတို့မှာ ရောဂါပိုးကူးစက်ခံထားရသူအရေအတွက် ဆက်လက်တိုးလာနေခဲ့ပါတယ်။ ဥရောပတစ်တိုက်လုံးမှာ ရောဂါဖြစ်ပွားနေသူ ၃၁ ဦးအထိ ရှိလာပါတယ်။

ရောဂါဆိုးအကြောင်း လူထုထံ ပထမဆုံး စတင်အသိပေးခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းတစ်ယောက် အဆိုပါရောဂါဆိုးကူးစက်ခံရမှုကြောင့်ပဲ ကွယ်လွန်သွားပါတယ်။

၅၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့တစ်မြို့တည်းမှာတင် ရောဂါကူးစက်ခံရသူ ၁၀၁၁၇ ယောက်ရှိနေတယ်လို့ တရုတ်ဘက်က အတည်ပြုခဲ့ပါတယ်။

ဟောင်ကောင်မှာတော့ ၃ ဦး ထပ်မံတိုးပွားလာတာမို့ ရောဂါကူးစက်ခံရသူ ၂၁ ဦးဖြစ်လာပါတယ်။

ဂျပန်နိုင်ငံကို ရောက်လာတဲ့ Diamond Princess ဆိုတဲ့ အပျော်စီးသင်္ဘောတစ်စင်းမှာ ရောဂါကူးစက်ခံထားရသူ ၁၀ ဦးပါဝင်လာတာမို့ အာဏာပိုင်တွေက သင်္ဘောကို ယိုကိုဟားမားအနီးမှာ သီးသန့်ခွဲထားလိုက်ပါတယ်။ သင်္ဘောပေါ်မှာ ခရီးသည် ၃၅၀၀ ကျော်ပါဝင်ပြီး အားလုံးကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာတော့ လူနာအရေအတွက် ဆက်လက်တိုးလာနေပြီး ၁၈ ဦးအထိ ရှိလာပါတယ်။

တရုတ်နိုင်ငံက စီးပွားရေးမြို့တော်တစ်ခုဖြစ်တဲ့ တီယန်ကျင်းမြို့မှာ COVID-19 ကြောင့် သေဆုံးသူ စတင်ရှိလာပါတယ်။ တရုတ်ကျန်းမာရေး ကျွမ်းကျင်သူတွေက ရောဂါပိုးစမ်းသပ်ရာမှာ အသုံးပြုနေတဲ့ Nucleic Acid Testing နည်းလမ်းဟာ ၃၀%-၅၀% ဝန်းကျင်သာ မှန်ကန်တိကျမှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စင်ကာပူမှာလည်း ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာတိုးတက်လာနေပြီး ၂၈ ဦးအထိရှိလာခဲ့သလို လူနာတစ်ဦးဟာ ၆ လသား အရွယ် ကလေးငယ်တစ်ဦးဖြစ်ပါတယ်။
မလေးရှားကလည်း လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိတယ်လို့ ကြေညာခဲ့သလို ဖိလစ်ပိုင်ကလည်း ၃ ဦးထပ်မံတွေ့ရှိကြောင်း ကြေညာပါတယ်။

မြန်မာ – ကွမ်ကျိုးကလာတဲ့ တရုတ်လူနာမှာ ကိုရိုနာတုပ်ကွေးကူးစက်ခံထားရခြင်းမရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကူအညီနဲ့ ဓာတ်ခွဲစစ်ဆေးပြီးတဲ့နောက်မှာ မြန်မာဘက်က အတည်ပြုလိုက်ပါတယ်။

၄၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာ လူနာတစ်ဦး စတင်သေဆုံးပါတယ်။ ၃၉ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ ကူးစက်ခံရသူအရေအတွက်ကလည်း ၁၃ ဦးအထိ ရှိလာပါတယ်။

ဗီယက်နမ်မှာလည်း လူနာ ၂ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သူတို့ဟာလည်း လေယာဉ်စီးရင်း ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ ကိုရီးယားနိုင်ငံသား တစ်ဦးမှာ ရောဂါပိုးကူးစက်လာတာကြောင့် တောင်ကိုရီးယားမှာ ရောဂါကူးစက်ခံရသူ ၁၆ ဦးအထိရှိလာပါတယ်။ မလေးရှားမှာလည်း ကူးစက်ခံရသူ ၁၀ ဦးအထိ ဖြစ်လာပါတယ်။

စင်ကာပူမှာတော့ တစ်ရက်တည်းနဲ့ COVID-19ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၆ ဦးအထိ တွေ့ရှိခဲ့တာမို့ ကူးစက်ခံရသူ ၂၄ ဦးအထိ ဖြစ်လာခဲ့ပါတယ်။ သူတို့ထဲက ၂ ဦးက ဝူဟန်က ပြန်လာသူတွေဖြစ်ပါတယ်။

ထိုင်းမှာလည်း တစ်ရက်တည်းနဲ့ လူနာသစ် ၆ ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် ကူးစက်ခံရသူ ၂၅ ဦးအထိ အရေအတွက်တိုးလာခဲ့ပါတယ်။

ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံကလည်း သူတို့တိုင်းပြည်ထဲမှာ လူနာတစ်ဦး တွေ့ရှိထားကြောင်း ကြေညာခဲ့ပြီး EU အဖွဲ့ဝင်တိုင်းပြည်တွေထဲမှာ ၂၄ ဦးမြောက် ရောဂါကူးစက်ခံရသူ ဖြစ်လာပါတယ်။

မြန်မာ – ကျောင်းသားအဖွဲ့အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လေယာဉ်ဝန်ထမ်းတွေမှာ COVID-19 ဗိုင်းရပ်စ် ရှိမရှိ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

၃၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်ရဲ့ အပြင်ဘက်ဒေသတွေက လူသေမှုနှုန်းဟာ ၁၀၁ ဦးအထိ ရှိလာပါတယ်။

ဗီယက်နမ်မှာ ဗီယက်နမ်အမျိုးသမီး လူနာတစ်ဦးထပ်တွေ့ခဲ့ပါတယ်။ သူမဟာ လေယာဉ်စီးစဉ် လေယာဉ်ပေါ်ပါ ရောဂါပိုးရှိသူ လူ ၃ ဦးထံကနေ ကူးစက်ခံရတာဖြစ်ပါတယ။
အိန္ဒိယမှာ တတိယမြောက်လူနာ ထပ်တွေ့ပါတယ်။

မြန်မာ – ကွမ်ကျိုးကနေ ရန်ကုန်ကို လေယာဉ်နဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို သံသယလူနာအဖြစ် ခွဲခြား စောင့်ရှောက်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်က ၇ ဦးမြောက်လူနာကို ထပ်တွေ့ပါတယ်။ တောင်ကိုရီးယားကတော့ လူနာ ၁၅ ဦးအထိ ရှိလာနေပြီလို့ ကြေညာပါတယ်။ UAE မှာ လူနာ ၅ ဦးအထိတိုးပွားလာခဲ့ပြီး အိန္ဒိယကလည်း ဒုတိယမြောက်လူနာကို တွေ့ရှိခဲ့ပါတယ်။

ဤနေ့မှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်ပြင်ပမှာ COVID-19 ဝေဒနာနဲ့ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာဖြစ်ပါတယ်။ အသက် ၄၄ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ ဖိလစ်ပိုင်မှာ ပထမဆုံးရောဂါကူးစက်ခံရသူလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူနာ ၃ ဦးထပ်မံတွေ့ရှိခဲ့ပြီးတော့ ၃ ဦးစလုံးဟာ ကာလီဖိုးနီးယားကဖြစ်ပါတယ်။ အမေရိကန်မှာ ရောဂါကူးစက်ခံရသူ ၁၁ ဦးအထိ ရှိလာခဲ့ပါတယ်။ ဂျာမနီမှာလည်း ဝူဟန်ကနေ လေယာဉ်နဲ့ ပြန်လာတဲ့ လူနှစ်ဦးမှာ ရောဂါကူးစက်ခံထားရတာကို ရှာဖွေတွေ့ရှိခဲ့တာမို့ အရေအတွက်ဟာ ၁၂ ဦးအထိ တိုးမြင့်သွားခဲ့ပါတယ်။

မြန်မာ – မြန်မာအစိုးရဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသား ၆၃ ဦးထဲကနေ ၅၉ ဦးကို မန္တလေးမြို့သို့ အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ကျန်ရစ်ခဲ့သူ ၄ ဦးမှာ ၁ ဦးက တရုတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့်ဖြစ်ပြီး ၁ ဦးမှာ ပြည်နယ်ပြင်ပသို့ ခရီးလွန်နေခြင်းဖြစ်ကာ၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန်မြင့်မားနေတာမို့ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်နေတာကြောင့် လိုက်ပါလာခြင်းမဟုတ်မရှိဘူးလို့ သိရပါတယ်။

၁၊ ဖေဖော်ဝါရီ၊ ၂၀၂၀ – ဗီယက်နမ်မှာ ၆ ဦးမြောက် ရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ပါတယ်။ လူချင်းကူးစက်ခံထားရသူဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

စင်ကာပူမှာတော့ ကူးစက်ခံရသူ ၂ ဦး ထပ်မံတိုးလာခဲ့ပြီး ၁၈ ဦးအထိ ရှိလာပါတယ်။ ဂျပန်မှာလည်း ရောဂါကူးစက်ခံရသူအရေအတွက် ၂၀ ဦးအထိ မြင့်တက်လာသလို တောင်ကိုရီးယားမှာလည်း ၁၂ ဦးအထိဖြစ်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ၈ ယောက်ဖြစ်လာပါတယ်။

သြစတြေးလျ အာဏာပိုင်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်ရှိနေသူ ၃ ဦး ထပ်မံတွေ့ရှိခဲ့ရပါတယ်။
မြန်မာ – သံသယလူနာတွေ့ရှိပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးမှုအစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

ဇန်နဝါရီ

၃၁၊ ဇန်နဝါရီ၊ ၂၀၂၀ – ဗြိတိန်၊ စပိန်၊ ဆွီဒင်နဲ့ ရုရှားနိုင်ငံတွေက သူတို့နိုင်ငံအသီးသီးရဲ့ ပထမဆုံး လူနာတွေ စတင်တွေ့ထားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကမှာတော့ ၇ ဦးမြောက်လူနာကို ထပ်မံတွ့ရှိခဲ့ပြီး ကာလီဖိုးနီးယားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း ရောဂါကူးစက်နှုန်း မြန်ဆန်လာခဲ့ပြီး လူနာသစ် ၅ ဦးထပ်တိုးလာပါတယ်။

တရုတ်ကျန်းမာရေး ကျွမ်းကျင်သူတွေက ရောဂါသက်သာပျောက်ကင်းသွားသူတွေအနေနဲ့ ပြန်လည်ကူးစက်ခံရတာမျိုးဖြစ်နိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့အထိ စာရင်းဇယားတွေအရ ရောဂါကူးစက်ခံထားရသူ ၁၁၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၅၈ ဦးအထိ ရှိလာခဲ့ပါတယ်။ တရုတ်နိုင်ငံပြင်ပမှာတော့ သေဆုံးသူမရှိသေးပါဘူး။

မြန်မာ – သံသယလူနာ တစ်ဦးစတင်တွေ့ရှိတယ်လို့ မြန်မာဘက်က ကြေညာလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သံသယလူနာ ပထမဆုံး စတင်တွေ့ရှိတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တစ်ဦးဟာ ကိုယ်ပူချိန်အနည်းငယ်မြင့်မားနေပြီး၊ ချောင်းဆိုးတာ၊ နှာစေးတာနဲ့ လည်ချောင်းနာနေတဲ့ လက္ခဏာတွေတွေ့ခဲ့တာမို့ သံသယလူနာအဖြစ် သတ်မှတ်ကာ ခွဲခြားထားရှိလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

တစ်ဆက်စပ်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်နိုင်တဲ့ ဓာတ်ခွဲခန်းမျိုး ကမ္ဘာ့တစ်ဝန်းမှာ (၁၁) ခုသာရှိတဲ့အတွက် လူနာရဲ့ အခြေအနေကို အတည်ပြုဓါတ်ခွဲစစ်ဆေးနိုင်ဖို့ WHO နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ကြေညာခဲ့ပါတယ်။

၃၀၊ ဇန်နဝါရီ၊ ၂၀၂၀ – တိဘက်က သံသယရှိလူနာဟာ ရောဂါကူးစက်ခံထားရတာ မှန်ကန်ကြောင်း ဒေသခံအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ပြည်နယ် ၃၁ ခု လုံးမှာ ရောဂါပိုးကူးစက်ခံထားရသူရှိနေတဲ့ အခြေအနေအဖြစ် ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယနဲ့ ဖိလစ်ပိုင်မှာ လူနာ တစ်ဦးစီ စတင်တွေ့ရှိခဲ့ရပြီး မလေးရှားမှာတော့ ၈ ဦးမြောက်လူနာထပ်တိုးလာပါတယ်။

တရုတ်ပြင်ပမှာ ရောဂါပြန့်ပွားမှုနှုန်းမြန်ဆန်နေတဲ့ ဂျပန်နဲ့ စင်ကာပူမှာ လူနာသစ် ၃ ဦးစီ ထပ်တွေ့ပါတယ်။ တောင်ကိုရီးယားမှာလည်း လူနာသစ် ၂ ဦးစီ ထပ်တွေ့ခဲ့ရပြီး တစ်ဦးဟာ လူအချင်းချင်း ကူးစက်တာဖြစ်ပါတယ်။ ဗီယက်နမ်မှာ လူနာ ၃ ဦးထပ်တိုးလာပါတယ်။ အမေရိကန်မှာ လူနာစုစုပေါင်း ၆ ဦးအထိရှိလာပြီး၊ ပြင်သစ်မှာ ၆ ဦး၊ ဂျာမနီမှာ ၅ ဦးအထိ ဖြစ်လာပါတယ်။

၂၉၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံအတွင်းမှာ COVID-19 ရောဂါ ကူးစက်ခံနေရသူတွေ/သံသယဖြစ်ခံရသူတွေ ပြည်နယ် ၃၁ ခုလုံးမှာရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ဟူဘေးပြည်နယ်က ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်တာတွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ရပ်ဆိုင်းခဲ့ကြပြီး ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကိစ္စကိုလည်း အာဏာပိုင်တွေက တားဆီးထားခဲ့ပါတယ်။

UAE နိုင်ငံမှာ ရောဂါကူးစက်ခံထားရသူတစ်ဦး စတင်တွေ့ရှိခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းပြည်တွေမှာ ပထမဆုံး စတင်တွေ့ရှိမှုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံကလည်း သူတို့နိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်ခရီးသွားတစ်ဦးမှာ ရောဂါရှိနေတယ်လို့ ကြေညာခဲ့ပါတယ်။

တဆက်တည်းမှာပဲ စင်ကာပူနဲ့ မလေးရှားမှာ လူနာ ၃ ဦးစီထပ်တွေ့ခဲ့ပါတယ်။ စင်ကာပူဟာ ရောဂါပိုးကူးစက်သူ ၁၀ ဦးအထိ ရှိလာပါတယ်။ ဂျပန်မှာလည်း စတုတ္ထမြောက်လူနာကို တွေ့ရှိခဲ့သလို ပြင်သစ်မှာလည်း လူနာအရေအတွက် တစ်ဦးထပ်တိုးလာပါတယ်။

အာမေးနီးယားနဲ့ ဂျော်ဂျီယာတို့မှာ သံသယလူနာ ၂ ဦးနဲ့ ဘရာဇီးလ်မှာ ၉ ဦး တွေ့ခဲ့ရပါတယ်။

ကနေဒါနိုင်ငံပိုင် Air Canada ကလည်း တရုတ်ပြည်ကို ပျံသန်းပြေးဆွဲမယ့် လေကြောင်းခရီးစဉ်အားလုံးကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ရပ်ဆိုင်းလိုက်ပါတယ်။

၂၈၊ ဇန်နဝါရီ၊ ၂၀၂၀ – ရောဂါအကြောင်းဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းမှာ အပြစ်မရှိဘူးလို့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်သူ့တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လူနာသစ် ၆ ဦးအထိ ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါရှိတယ်လို့ အတည်ပြုထားသူ ၁၄ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီး အနူတင် ချာန်ဝိရာကူလ်က အခြေအနေကို တားဆီးဖို့ စွမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ကူးစက်ခံထားရသူ ၇ ဦးအထိ ရှိလာခဲ့ပါတယ်။

ဂျာမနီနိုင်ငံကတော့ တရုတ်ပြည်ကို တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ ဂျာမန်လူမျိုးတစ်ယောက် ထူးဆန်းစွာ ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဂျာမနီမှာ လူနာ ၃ ဦးတိုးလာသလို ပြင်သစ်မှာလည်း တိုးလာပါတယ်။

ယူကေ-တရုတ် ဆေးသုတေသနစာစောင်ရဲ့ အစီရင်ခံစာအရ ရောဂါပိုး အမှန်တကယ် ကူးစက်ခံထားရသူ အရေအတွက်ဟာ မျှော်မှန်းထားတာထက် ပိုမိုများပြားနိုင်ကြောင်း ရေးသားပါတယ်။ သူတို့ရဲ့ ခန့်မှန်းချက်က (ဇန်နဝါရီလ ၂၈ ရက်နေ့မှာ) ကူးစက်လူနာ ၂၆၇၀၁ ဦးအထိရှိနိုင်တယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုမ်းမြို့၊ ပီတာ ဟိုဟာတီ တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လူနာတွေဆီက ရရှိတဲ့ နမူနာတွေကို အသုံးပြုပြီး 2019-nCoV ရောဂါပိုးကို ဓာတ်ခွဲခန်းမှာ မွေးမြူနိုင်ခဲ့ပါတယ်။ ဒါဟာ ရောဂါကာကွယ်ဆေးနဲ့ ကုသဆေး ရှာဖွေဖော်ထုတ်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းသစ်ဖြစ်လာပါတယ်။

ဟူဘေးပြည်နယ်ထဲက ရှန်ယန်းဒေသဟာလည်း ကန့်သတ်ဇုန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၂၇၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်အခြေစိုက် ဒင်းတက္ကသိုလ်က SARS နဲ့ ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂါဘရီယယ် လွန်းက ကိုရိုနာဗိုင်းရပ်စ် အမှန်တကယ် ကူးစက်ခံထားရသူအရေအတွက်ဟာ တရုတ်အစိုးရထုတ်ပြန်ထားတဲ့ ပမာဏထက် ၁၀ လောက်ပိုများနေလိမ့်မယ်လို့ တွက်ချက်ပြခဲ့ပါတယ်။

ဝူဟန်မြို့တော်ဝန် ကျူးရှန်ဝမ်ကလည်း ဗဟိုအစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အပြုအမူတွေအပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

သြစတြေးလျဟာ လူနာ ၅ ဦးအထိရှိလာပြီလို့ ကြေညာခဲ့သလို သီရိလင်္ကာကလည်း သူတို့ဆီက သံသယ လူနာ ၂ ဦးမှာ ၁ ဦးဟာ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။ ကနေဒါမှာလည်း လူနာစတင်တွေ့ရှိခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ ဂျာမနီမှာ ပထမဆုံး လူနာတွေ စတင်တွေ့ရှိခဲ့သလို စင်ကာပူကလည်း ၅ ဦးမြောက်လူနာကို တွေ့ရှိထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဂျာမနီမှာ တွေ့ရှိတဲ့လူနာတွေထဲက တစ်ဦးဟာ ရောဂါလက္ခဏာမပြသပဲ ပိုးရှိနေသူဖြစ်ပြီး တရုတ်နိုင်ငံပြင်ပမှာ ယခုလိုဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ထိုင်ဝမ်ကတော့ ပြည်တွင်းမှာတင် အချင်းချင်း ကူးစက်ခံရသူရှိထားကြောင်း ကြေညာပါတယ်။

ဘေကျင်းမြို့က လူနာတွေထဲမှာ သေဆုံးသူ ရှိလာခဲ့ပါတယ်။

ဥရောပတိုက် သြစတြီးယားမှာ သံသယလူနာ ၃ ဦး၊ ပိုလန်နဲ့ ဆွစ်ဇာလန်မှာ ၂ ဦးစီနဲ့ ရိုမေးနီးယား၊ အီကွေဒေါတို့မှာ တစ်ဦးစီ စတင်တွေ့ရှိပါတယ်။ အားလုံးဟာ တရုတ်နဲ့ ဟောင်ကောင်က ခရီးသွားတွေဖြစ်ကြပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းမှာလည်း သံသယရှိတရုတ်ခရီးသွားလူနာ ၆ ဦး တွေ့ရှိခဲ့ပါတယ်။ ဖီဂျီအာဏာပိုင်တွေဟာ သူတို့ကို ချက်ခြင်း သီးခြားခွဲထားခဲ့ပြီး ရောဂါကင်းစင်ကြောင်း သက်သေမပြနိုင်မခြင်း ခွဲခြားထားခဲ့ကြပါတယ်။

၂၆၊ ဇန်နဝါရီ၊ ၂၀၂၀ – ရှန်ဟိုင်းမှာ လူနာတစ်ဦးစတင်သေဆုံးပါတယ်။ အသက် ၈၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူနာ သစ် ၃ ဦးထပ်မံတွေ့ရှိခဲ့တာမို့ ရောဂါပိုးကူးစက်ခံထားရသူ ၅ ဦးအထိရှိလာပါတယ်။ မကာအိုမှာ ၅ ဦး၊ ဟောင်ကောင်နဲ့ ထိုင်းမှာ ၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ထိုင်းမှာ သံသယလူနာလည်း ၃၉ ဦးအထိ ရှိလာပါတယ်။

တရုတ် CDC က COVID-19 ရောဂါကုသဆေးထုတ်လုပ်ဖို့ စတင်ကြိုးပမ်းပါတယ်။

အိုင်ဗရီကို့စ်နိုင်ငံမှာ သံသယရှိလူနာ စတင်တွေ့ရှိခဲ့ပြီး အာဖရိကမှာ ပထမဆုံး သံသယရှိလူနာတွေ့ရှိတာဖြစ်ပါတယ်။

သေဆုံးနှုန်းမြင့်တက်လာပြီး ၃% အထိရှိလာတာကြောင့် ရောဂါဖြစ်ပွားမှုကို ထိမ်းချုပ်ဖို့ တစ်နိုင်ငံလုံးကို စောင့်ကြည့်မှုပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ကြေညာပါတယ်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဝမ်ရှန်လျန်းဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

၂၅၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်သမ္မတ ရှီကျင်းပင်က ရောဂါဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီး စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ပါတီရဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

သြစတြေးလျနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ တပြိုင်နက်တည်း လူနာ ၄ ဦးစီ စတင်တွေ့ရှိပါတယ်။ ကနေဒါမှာလည်း လူနာ စတင်တွေ့ရှိခဲ့ပြီး ဂျပန်နဲ့ စင်ကာပူမှာ လူနာသစ် တစ်ဦးစီ ထပ်မံတိုးလာခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာတော့ သံသယရှိလူနာ ၂ ဦး စတင်တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာတော့ ဟူဘေးပြည်နယ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လျန်ဝူဒေါင်းဟာ အဆိုပါတုပ်ကွေးရောဂါကြောင့် သေဆုံးသွားပါတယ်။ ဒါဟာ ကျန်းမာရေးဝန်ထမ်းတွေထဲက ပထမဆုံး သေဆုံးမှုဖြစ်ပါတယ်။

၂၄၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်မှာ လူနာသစ် ၂ ဦး ထပ်မံတွေ့ရှိပါတယ်။

ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် လူနာ တစ်ဦးစီ ထပ်မံတွေ့ရှိခဲ့ကြပါတယ်။

စင်ကာပူနဲ့ ဟောင်ကောင်မှာ ရောဂါကူးစက်ခံထားရသူ ၃ ဦးစီအထိ ရှိလာခဲ့ပြီး ထိုင်းမှာ ၅ ဦးအထိရှိလာပါတယ်။ ဗီယက်နမ်မှာ တွေ့ရှိတဲ့ ကူးစက်မှုဟာ တရုတ်ပြင်ပမှာ လူလူချင်းပထမဆုံး ကူးစက်မှုဖြစ်ကြောင်း WHO က ကြေညာခဲ့ပါတယ်။

နီပေါနိုင်ငံမှာလည်း လူနာစတင်တွေ့ရှိခဲ့ပါတယ်။

ပြင်သစ်မှာ တပြိုင်နက်တည်း လူနာ ၃ ဦးတွေ့ရှိခဲ့တာကြောင့် ဥရောပမှာ ပထမဆုံး ရောဂါတွေ့ရှိမှုဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ကျန်းမာရေးဝန်ကြီး အဂ်နက်စ် ဘူဇိုင်းက လူနာအရေအတွက်တိုးလာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြပဲ လူ့ခန္တာကိုယ်ထဲမှာ ရက်ချီခိုအောင်းနေနိုင်တယ်လို့ တရုတ်သုတေသနပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။

ဟူဘေးပြည်နယ်အတွင်းက ရှင်းယန်နဲ့ ရှန်နွန်ကျားတို့ကို သီးခြားကန့်သတ်ဇုန်တွေအဖြစ် ထပ်မံသတ်မှတ်လိုက်ပါတယ်။

မြန်မာ – တရုတ်နိုင်ငံက ဝူဟန်မြို့ကနေ ခရီးသွားလာခွင့်တွေကို ပိတ်ဆို့လိုက်ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံကို လေယာဉ်တစ်စီးဆိုက်ရောက်လာခဲ့ပြီး ခရီးသွားတွေကို ပြည်ဝင်ခွင့်ပေးခဲ့တာမို့ ပြည်တွင်းအာဏာပိုင်တွေအနေနဲ့ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက တာဝန်ရှိသူတွေကတော့ အဆိုပါခရီးသည်တွေကို စစ်ဆေးရာမှာ 2019 CoV အဆုတ်ရောင်ရောဂါ သံသယလူနာမတွေ့ရှိရဘူးလို့ ဆိုခဲ့ပါတယ်။

၂၃၊ ဇန်နဝါရီ၊ ၂၀၂၀ – မနက် ၁၀ နာရီမှာ ဝူဟန်မြို့ကို သီးခြားကန့်သတ်ဇုန်အဖြစ် စတင်သတ်မှတ်လိုက်ပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ မြို့တွင်း ဘတ်စ်ကားတွေ၊ ဖယ်ရီလိုင်းတွေ၊လေကြောင်းလိုင်းတွေနဲ့ ရထားလိုင်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

သေဆုံးသူအရေအတွက် တိုးမလာခဲ့ပေမယ့် လူနာအရေအတွက် ၆၂၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။

စင်ကာပူမှာ ပထမဆုံး လူနာစတင်တွေ့ရှိခဲ့သလို ဗီယက်နမ်မှာလည်း ၂ ဦး တပြိုင်နက်တည်း တွေ့ရှိကြောင်း ကြေညာပါတယ်။

၂၂၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်နဲ့ မကာအိုမှာ ရောဂါကူးစက်ခံထားရတဲ့ လူမမာ တစ်ဦးစီ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ နောက်ထပ် လူနာတစ်ဦးထပ်မံတွေ့ရှိကြောင်း ဟောင်ကောင်အာဏာပိုင်တွေက ဆက်လက်ကြေညာခဲ့ပါတယ်။ လူနာ ၅၇၁ ဦးအထိရှိလာပြီး သေဆုံးသူ ၁၇ ဦးအထိ တိုးမြင့်လာပါတယ်။

ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံထားရသူ ၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၄ ဦးအထိ ရှိလာခဲ့ပါတယ်။

ရောဂါကူးစက်နှုန်းဟာ အရှိန်အဟုန်နဲ့ မြင်တက်လာတာကြောင့် ဝူဟန်မြို့ကို သီးခြားကန့်သတ်ဇုန်အဖြစ် သတ်မှတ်တော့မှာဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

၂၁၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်က အဓိကမြို့ကြီးတွေမှာ ရောဂါကူးစက်သူအရေအတွက် ၂၉၁ ဦးအထိ ရှိလာခဲ့ပါတယ်။ လူနာအများစုဟာ လူဦးရေ ၁၁ သန်းနေထိုင်ရာ ဝူဟန်မြို့ကဖြစ်ပါတယ်။ ဒါပေမယ့်လည်း လန်ဒန် အင်ပီရီယယ်ကောလိပ်ရဲ့ MRC Centre for Global Infectious Disease Analysis ကတော့ အမှန်ကတယ်ကူးစက်ခံရသူအရေအတွက်ဟာ ၁၇၀၀ နဲ့အထက်မှာ ရှိနေလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

ကျီကျန်း၊ တီယန်ကျင်း၊ ဟီနန်၊ ရှန်ဟိုင်း၊ ဘေကျင်း၊ ဟူဘေး၊ ကွမ်တုန်၊ ချုံကင်း၊ ဆီချွမ်၊ ရှန်ဒေါင်း၊ ဟူနန်၊ ယူနန်နဲ့ ကျန်းရှိတို့မှာ လူနာသစ်တွေ အမြောက်အများတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၁၂ အထိရှိလာခဲ့ပါတယ်။ သေဆုံးသူ ၆ ဦးအထိရှိလာခဲ့သလို ရောဂါကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်း ၁၅ ဦးလည်းပါဝင်နေခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်တွေမှာ ရောဂါပိုးကူးစက်ခံထားရသူ တစ်ဦးစီ စတင်တွေ့ရှိခဲ့ပါတယ်။

၂၀၊ ဇန်နဝါရီ၊ ၂၀၂၀ – COVID-19 ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ တရုတ် CDC ဌာနက ကြေညာခဲ့ပါတယ်။

ရှန်ဟိုင်းမှာ လူနာသစ်တစ်ဦး တွေ့ရှိခဲ့သလို ပေကျင်းမှာ ၃ ဦးနဲ့ ကွမ်တုန်မှာ ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း Positive လူနာစတင်တွေ့ရှိပြီလို့ ကြေညာခဲ့ပါတယ်။

တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်က COVID-19 ဗိုင်းရပ်စ်ဟာ လူလူချင်းကူးစက်နိုင်တယ်လို့ ကြေညာပါတယ်။

စင်ကာပူအစိုးရဟာ Grand Hyatt Hotel မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာအစည်းအဝေးတစ်ခုမှာ ရောဂါလက္ခဏာပြသနေသူ ၅ ဦး တွေ့ရှိခဲ့တာမို့ မိခင်တိုင်းပြည်ထံ ပြန်ပို့ခဲ့ပါတယ်။ လူဦးရေ ၁၀၉ ဦးတက်ရောက်တဲ့ အဆိုပါအစည်းအဝေးကို နိုင်ငံခြားသား ၉၆ ဦးအထိလာရောက်ခဲ့တာဖြစ်ပြီး မလေးရှး၊ တောင်ကိုရီးယားနဲ့ စင်ကာပူဒေသခံတချို့မှာ ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရတာပါ။

၁၉၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်အပြင်ဘက်မှာ ပထမဆုံး လူနာစတင်တွေ့ရှိခဲ့ရပါတယ်။ ၃ ဦးတွေ့ရှိခဲ့တာဖြစ်ပြီးတော့ တစ်ဦးက ကွမ်တုန်ကဖြစ်ကာ ၂ ဦးက ပေကျင်းကဖြစ်ပါတယ်။
ဝူဟန်ဓာတ်ခွဲခန်းက လည်း လူနာသစ် ၁၃၆ ဦးထပ်တွေ့တယ်လို့ ကြေညာခဲ့ပြီး စုစုပေါင်း ၂၀၁ ဦးအထိရှိလာပြီလို့ ကြေညာခဲ့သလို သေဆုံးသူအရေအတွက်ဟာလည်း ၃ ဦးအထိရှိလာပါတယ်။

၁၈၊ ဇန်နဝါရီ၊ ၂၀၂၀ – ၁၆ ရက်ဆက်တိုက် လူနာသစ်မတွေ့ဘူးလို့ တရုတ်အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အတည်ပြုပြီးလူနာ ၄၁ ယောက်သာရှိပါတော့တယ်။ လူနာတွေဟာ အသက် ၃၀ နဲ့ ၇၉ နှစ်အကြားအရွယ်တွေဖြစ်ကြပြီး ၈ ဦးက ပြင်းထန်တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့မှာ ဝူဟန်အာဏာပိုင်အစိုးရအဖွဲ့ဟာ နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲကြီး ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အပြင်းအထန် ဝေဖန်ခံခဲ့ရသလို နောက်ပိုင်းမှာ ရောဂါကူးစက်သူအရေအတွက်ဟာလည်း ရာချီ မြင့်တက်လာခဲ့ပါတယ်။

၁၇၊ ဇန်နဝါရီ၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ ဒုတိယမြောက်ရောဂါသည် ထပ်မံတွေ့ရှိပါတယ်။ အသက် ၇၄ နှစ်အရွယ် တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ဝူဟန်ကနေ ဘန်ကောက်ကို လောယာဉ်နဲ့ လာရောက်ခဲ့သူဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ Assets Supervision and Administration Commission ရဲ့ ဦးဆောင်အရာရှိ ယန်ရှောင်ဘိုဟာ ဟန်ကိုရိုနာရောဂါနဲ့ ကွယ်လွန်ပါတယ်။

၁၆၊ ဇန်နဝါရီ၊ ၂၀၂၀ – COVID-19 ပိုး Positive ဖြစ်နေတဲ့ လူနာ စတင်တွေ့ရှိကြောင်း ဂျပန် ကျန်မာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက WHO ထံ အကြောင်းကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ တရုတ်လူမျိုး အမျိုးသားဟာ ပင်လယ်စာဈေးကို မရောက်ဖူးပေမယ့် ဝူဟန်က ရောဂါပိုးရှိသူတွေနဲ့ တွေ့ဆုံဖူးခဲ့တယ်လို့ သံသယရှိခြင်းခံထားရသူဖြစ်ပါတယ်။

၁၅၊ ဇန်နဝါရီ၊ ၂၀၂၀ – ဒုတိယမြောက် သေဆုံးမှု ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး အသက် ၆၉ နှစ်အရွယ် အဘိုးအိုတစ်ဦးဖြစ်ပါတယ်။ ချာရတီဆေးရုံရဲ့ အကူအညီနဲ့ WHO က ရောဂါပိုးစမ်းသပ်စစ်ဆေးနိုင်မယ့် နည်းလမ်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၁၄၊ ဇန်နဝါရီ၊ ၂၀၂၀ – လပ်ထက်ပြီး လင်မယားနှစ်ဦးလုံး တပြိုင်နက်တည်း ကူးစက်ခံထားရကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ လူလူချင်းကူးစက်နိုင်ခြေရှိကြောင်း သံသယရှိမှု မြင့်တက်လာပါတယ်။

၁၃၊ ဇန်နဝါရီ၊ ၂၀၂၀ – ထိုင်းနိုင်ငံမှာ သံသယရှိလလူနာ စတင်တွေ့ရှိခဲ့ပါတယ်။ အသက် ၆၁ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝူဟန်ဒေသခံတစ်ဦးလည်းဖြစ်ပါတယ်။ ထူးခြားချကက် သူမဟာ ဝူဟန် ပင်လယ်စာဈေးကို ရောက်ဖူးခြင်းမရှိသူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမမှာ ရောဂါပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

၁၁-၁၂၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်နိုင်ငံအတွင်းက လူ ၇၀၀ ကျော်ကို ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ပြီး ၄၁ ဦးမှာ ပိုးကူးစက်ခံထားရကြောင်း သိရှိခဲ့ရပါတယ်။ အဆိုပါစစ်ဆေးမှုမှာ ကျန်းမာရေးဝန်ထမ်း ၄၀၀ ကျော်လည်း ပါဝင် စစ်ဆေးခံခဲ့ကြရပါတယ်။
WHO ဟာ ခရီးသွားတွေအတွက် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

၁၀၊ ဇန်နဝါရီ၊ ၂၀၂၀ – 2019-nCoV ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီး SARS ရောဂါနဲ့ မျိုးတစ်ခုတည်းက ဆင်းသက်လာတာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ရောဂါအကြောင်း စတင်ဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဝမ်လျန်းမှာ ချောင်းခြောက်ဆိုးတာအပါအဝင် ရောဂါလက္ခဏာတစ်ချို့ စတင်တွေ့ရှိခဲ့ကြပါတယ်။ ဒေါက်တာလီရဲ့ မိဘတွေကိုလည်း ဆေးရုံတက်ခဲ့ကြရပါတယ်။ ဒေါက်တာလီဟာ ရောဂါကူးစက်ခံခဲ့ရတယ်လို့ သံသယအဖြစ်ခံခဲ့ရပေမယ့် ဆေးစစ်မှု ရလဒ်တွေမှာ အကြိမ်ကြိမ် Negative သာ ပြသနေခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ရောက်မှသာ ရောဂါပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

၉၊ ဇန်နဝါရီ၊ ၂၀၂၀ – တုပ်ကွေးရောဂါသစ်ကြောင့် ပထမဆုံး သေဆုံးသူရှိလာခဲ့ပါတယ်။ အသက် ၆၁ နှစ် အရွယ် တရုတ်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပြီးတော့ နာတာရှည်အသည်းရောဂါအခံ ရှိနေသူတစ်ဦးဖြစ်ပါတယ်။
2019-nCoV ဗိုင်းရပ်စ်ဟာ SARS လောက် အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်တဲ့ ရောဂါမျိုးမဟုတ်ဘူးလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။

၈၊ ဇန်နဝါရီ၊ ၂၀၂၀ – 2019-nCoV လို့အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ကြေညာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံက တုပ်ကွေးရောဂါသစ်ကူးစက်ခံထားရတယ်လို့ သံသယရှိလူနာ စတင်တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ မကြာသေးခင်ကမှ တရုတ်နဲ့ ဟောင်ကောင်ကို ခရီးသွားခဲ့သူတစ်ဦးဖြစ်တယ် ဖော်ပြခဲ့ပါတယ်။

၇၊ ဇန်နဝါရီ၊ ၂၀၂၀ – တရုတ်အာဏာပိုင်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ #WuhanSARS ဆိုတဲ့စာသားနဲ့ တင်တဲ့ စာသားတိုင်းကို ဖျက်ချခဲ့ပါတယ်။ သတင်းမှား ဖြန့်ချိသူတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန် CDC က တရုတ်ပြည်၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က ခရီးသွားတွေကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

၆၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်ကျန်းမာရေးအာဏာပိုင်တွေဟာ တခြားတုပ်ကွေးတွေလို အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တယ်ဆိုတဲ့ အချက်ကို ဆက်လက်ငြင်းဆိုခဲ့ကြပါတယ်။

၅၊ ဇန်နဝါရီ၊ ၂၀၂၀ – ရောဂါကူးစက်ခံရသူ ၅၉ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။ ၇ ဦးဟာ စိုးရိမ်ဖွယ်အခြေအနေရှိနေပါတယ်။ အားလုံးကို သီးခြားခွဲခြားထားခဲ့သလို ဆေးဝန်ထမ်းတွေကိုလည်း သီးသန့်စောင့်ကြည့်မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအချိန်အထိ လူလူချင်းကူးစက်တာမျိုး၊ ဆေးဝန်ထမ်းတွေဆီ ကူးစက်တာမျိုးဖြစ်နိုင်ကြောင်း သက်သေမပြနိုင်သေးပါဘူး။

၄၊ ဇန်နဝါရီ၊ ၂၀၂၀ – ဟောင်ကောင်တက္ကသိုလ် ကူးစက်ရောဂါဗဟိုဌာနက ဒေါက်တာ ဟိုပတ်လျန်းက တုပ်ကွေးရောဂါသစ်ဟာ လူအချင်းချင်း ကူးစက်နိုင်ကြောင်း စတင်သတိပေးခဲ့ပါတယ်။

COVID-19 ရောဂါသည်လို့ ယူဆရတဲ့ လူနာတစ်ဦး စတင်တွေ့ရှိကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နမိုးနီးယားဝေဒနာ ခံစားနေရတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ပြီး တရုတ်ပြည်ဝူဟန်ကနေ ပြန်လာတာမကြာသေးဘူးလို့ ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့မှာဆိုတော့ အဆိုပါကလေးငယ်ဟာ ရောဂါသစ် ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြန်လည်ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။

ရောဂါနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ချပြခဲ့ခြင်းမရှိတဲ့အတွက် တရုတ်အစိုးရကို ဝေဖန်မှုတွေ စတင်မြင့်တက်လာခဲ့ပါတယ်။

၃၊ ဇန်နဝါရီ၊ ၂၀၂၀ – National Institute of Viral Disease Control and Prevention (NIVDC) က တရုတ်သိပ္ပံပညာရှင်တွေဟာ လူနာတွေဆီက ရယူထားတဲ့ နမူနာတွေကို အသုံးပြုပြီး တုပ်ကွေးရောဂါသစ်ရဲ့ မျိုးဗီဇပုံစံကို ဖန်တီးဖို့ စတင်ကြိုးပမ်းခဲ့ကြပါတယ်။

လူနာအရေအတွက် ၄၄ ဦးအထိ တိုးလာခဲ့ပြီး ၁၁ ဦးက ဆိုးရွား ပြင်းထန်တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

ကောလဟာလဖြန့်ချိမှုနဲ့ ဒေါက်တာ လီဝမ်လျန်းကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

၂၊ ဇန်နဝါရီ၊ ၂၀၂၀ – ဝူဟန်မြို့ထဲမှာ COVID-19 ကူးစက်ခံရသူ ၄၁ ဦးအထိ ရှိလာပါတယ်။ အဲ့ဒီထဲက ၂၇%သော လူနာတွေဟာ ပင်လယ်စာဈေးထဲကနေ ကူးစက်လာတာလို့ ဓာတ်ခွဲခန်းက အတည်ပြုနိုင်ခဲ့ပါတယ်။ တုပ်ကွေးလူမမာတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းကုသဖို့ ဆုံးဖြတ်လိုက်ပြီး ကျန်ယင်တန်ဆေးရုံဆီ အားလုံးကို ပို့ဆောင်လိုက်ပါတယ်။

၁၊ ဇန်နဝါရီ၊ ၂၀၂၀ – အစိုးရက ဝူဟန် ပင်လယ်စာဈေးကို ပိတ်သိမ်းလိုက်ပါတယ်။ The Lancet ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ အဲဒီလိုပိတ်သိမ်းတယ်လို့ တကယ်တမ်းကြေညာချိန် မတိုင်ခင်ကတည်းက ဈေးကို ရှင်းလင်းပြီးနေပြီလို့ ဆိုပါတယ်။

ဒီဇင်ဘာ

၃၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန် မြူနီစပယ် ကျန်းမာရေးစင်တာက ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ The Lancet ဆေးပညာဂျာနယ်က ဖော်ပြခဲ့ပါတယ်။

၃၀၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန်ဗဟိုဆေးရုံကြီးက အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လီဝမ်လျန်းက သူတို့ဆေးရုံမှာ တက်နေတဲ့ လူနာ ၇ ဦးကို ကုသမှုတွေမအောင်မြင်ကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေဆီ WeChat ကနေတဆင့် အကြောင်းကြားခဲ့တာ ပေါက်ကြားခဲ့ပါတယ်။ ဒီအခြေအနေကြောင့် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေကလည်း အဆိုပါ သတင်းပေါက်ကြားမှုအတွက် ဆရာဝန် ၈ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ ရောဂါဆိုးအကြောင်း ပထမဆုံးဖွင့်ချခဲ့တဲ့ ဒေါက်တာ လီဟာ လူနာကနေတဆင့် တုပ်ကွေးရောဂါသစ် ကူးစက်ခံခဲ့ရပြီး ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဆေးရုံတင်ကုသမှုခံယူခဲ့ပေမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒေါက်တာလီရဲ့ ဖွင့်ချမှုကြောင့် ဆိုရှယ်မီဒီယာတွေမှာ ဒီရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရေးသားဖော်ထုတ်မှုတွေ ရှိလာခဲ့ပါတယ်။

ဟောင်ကောင် ကျန်းမာရေးနဲ့ အစားအသောက်ဝန်ကြီးဌာနက ဝန်ကြီးဖြစ်သူ ဆိုဖီယာ ချန်ဆျူးချီးက ဌာနတွင်း အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး နမိုးနီးယားဖျားနာနေသူတွေနဲ့ ၁၄ ရက်အတွင်း ဝူဟန်ကနေ ရောက်လာသူတွေကို သီးသန့်ခွဲခြားထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။၃၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဝူဟန် မြူနီစပယ် ကျန်းမာရေးစင်တာက ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ The Lancet ဆေးပညာဂျာနယ်က ဖော်ပြခဲ့ပါတယ်။

၂၉၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ် CDC ရဲ့ ထုတ်ပြန်ချက်အရ ဝူဟန်အခြေစိုက် ဆေးရုံတစ်ရုံမှာ အဆိုပါ နမိုးနီးယားကူးစက်ခံထားရသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဆိုပါလူ ၄ ဦးလုံးဟာ ပင်လယ်စာဈေးက အလုပ်သမားတွေဖြစ်ကြပါတယ်။ တရုတ်အစိုးရနဲ့ ဟူဘေးပြည်နယ်က အာဏာပိုင်တွေဟာ ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပါတယ်။

၂၄၊ ဒီဇင်ဘာ၊ ၂၀၁၉ – စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက COVID-19  (Coronavirus) လို့ အမည်ပေးထားတဲ့ ရောဂါပိုး ကူးစက်ခံရသူ စင်ကာပူမှာ စတင်တွေ့ရှိထားတယ်လို့ ကြေညာပါတယ်။

၂၁၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ်နိုင်ငံ ရောဂါထိမ်းချုပ်ရေးဗဟိုဌာနက နမိုးနီးယားနွယ်ဝင်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

၁၈၊ ဒီဇင်ဘာ၊ ၂၀၁၉ – ဒီဇင်ဘာ ၈ ရက်ကနေ ၁၈ ရက်အကြားကာလမှာ နောက်ထပ် ရောဂါပိုးကူးစက်ခံထားရသူ ၆ ဦး ထပ်မံတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီထဲက ၂ ဦးဟာ ဝူဟန်မြို့က ပင်လယ်စာဈေးကနေ ကူးစက်ခံခဲ့ရတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၁၂၊ ဒီဇင်ဘာ၊ ၂၀၁၉ – တရုတ်အစိုးရပိုင် CCTV သတင်းဌာနက အမျိုးအမည်မသိ ရောဂါပိုးပျံ့နှံ့မှုဖြစ်စဉ်လို့ စတင်သုံးစဲလာပါတယ်။

၈ ဒီဇင်ဘာ၊ ၂၀၁၉ – ထူးဆန်းတဲ့ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံထားရတဲ့ ဝေဒနာရှင်တစ်ဦးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပထမဆုံးအကြိမ် စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဘာမှန်းမသိသေးတဲ့ အဆိုပါရောဂါကို COVID-19 လို့ နာမည်ပေးခဲ့ကြပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths တွေ အများကြီးကို ကြားမိနေနိုင်ပါတယ်။ ဒီအချက်တွေက တကယ်ရော မှန်ရဲ့လား။ ယုံကြည်သင့်ရဲ့လား။ သတင်း အမှန်တွေက ဘာတွေလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား

COVID-19 ရောဂါပိုးဆိုင်ရာ ထပ်မံတွေ့ရှိရတဲ့ အသစ်တစ်ခုကတော့ SARS-CoV-2 ဆိုတဲ့ COVID ပိုးက ဦးနှောက်ကိုပါ ဖျက်ဆီးနိုင်သလား ဆိုတဲ့မေးခွန်းရဲ့ အဖြေပါ

ရေးသားသူ Ye Zon Aung

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ကျန်းမာရေးဝန်ထမ်းတစ်ယောက် COVID-19 ရောဂါကူးစက်ခံလိုက်ရတာဟာ လူနာတွေအတွက်ရော တိုင်းပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ နစ်နာမှုတစ်ရပ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

how to prevent covid when you have to be in a crowd

လူစုလူဝေးအကြားမှာ ကိုဗစ်အန္တရာယ် ကင်းကင်းနဲ့ နေနိုင်ဖို့ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

Covishield ကာကွယ်ဆေး နဲ့ အရက် သောက်သုံးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 2 mins read
Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

Zoom Fatigue သို့ Video Call ကြောင့် ဖြစ်လာတဲ့ ဖြစ်လာတဲ့ ကျန်းမာရေးထိခိုက်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read