ဒါပေမယ့် တချို့သော ပညာရှင်တွေကလည်း ဒါက သိပ်မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ MIS-Cနဲ့ Kawasaki ရောဂါမှာက မတူတဲ့ အချက်တွေ ရှိနေလို့ပါတဲ့။ သူတို့ကတော့ MIS-C သက်သက်ပဲလို့ ယူဆကြပါတယ်။
ကွာခြားတာက Kawasakiရောဂါက ကုသလို့ရပြီး မကုဘဲ ထားမယ်ဆိုရင်တောင် နှလုံးထိခိုက်တဲ့ အနေအထားက ၂၅ရာခိုင်နှုန်းပဲ ရှိတာပါ။ MIS-C ဖြစ်တဲ့သူမှာတော့ နှလုံးထိခိုက်တာက ကြောက်စရာကောင်းလောက်အောင် များလွန်းပါတယ်။ Kawasaki ရောဂါမှာက အပြင်ပန်း ဘာလက္ခဏာမှ မပြရင်တောင် အဖျားကြီးတာနဲ့ သွေးထဲမှာ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေ များနေတာက တွေ့ကို တွေ့ရပါတယ်။ နောက်ပြီး MIS-Cက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပေမယ့် Kawasakiကတော့ ၅နှစ်အောက် ကလေးတွေမှာ ပိုတွေ့ရပါတယ်။
နောက်တစ်မျိုးပြောကြတာက SARS-CoV-2က မျိုးဗီဇအရ Kawasakiရောဂါဖြစ်နိုင်တဲ့ ကလေးတွေမှာ ပိုကူးစက်နေတာများလားလို့ ပြောကြပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ တချို့ကလေးတွေက COVID-19ကို ဘာရောင်ရမ်းမှ မရှိဘဲ သက်သာသွားတယ်။ တချို့က Kawasakiလို ရောဂါမျိုး ဖြစ်သွားတယ်။ တချို့ကျတော့ MIS-C လိုမျိုး Kawasakiနဲ့မတူတဲ့ ပြင်းထန်တဲ့ ရောင်ရမ်းမှုမျိုးတွေ ဖြစ်လာကြပါတယ်။
တွေ့ရတာတော့ COVID-19က ပြင်းထန်လေလေ ရောင်ရမ်းမှုတွေ ပိုဆိုးလေလေပါပဲ။ MIS-Cက Kawasakiရဲ့ရောဂါအခွဲလား၊ သူက ရောဂါသက်သက်တစ်ခုလားလို့လည်း ပြောနေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကုသမှုပုံစံတွေ အတူတူပါပဲ။
မိဘတွေကို မှာချင်တာက
COVID-19မှာ Kawasakiလိုမျိုး ရောင်ရမ်းတာတွေ တွေ့ရတာက ကလေးတွေမှာ အများဆုံးဆိုတော့ မိဘတွေက စိုးရိမ်နေမှာပါ။ ပညာရှင်တွေက တကယ်ပဲ ဆက်စပ်မှု ရှိမရှိဆိုတာ ဆက်ပြီးလေ့လာရဦးမှာ ဖြစ်လို့ သိပ်ပြီး မစိုးရိမ်ဖို့ နှစ်သိမ့်ထားပါတယ်။ ကလေးတွေမှာ COVID-19ဖြစ်တာလည်း ရှားပါတယ်။ အမေရိကန်မှာဆိုရင် ရောဂါရှင်တွေရဲ့ ၂ရာခိုင်နှုန်းလောက်ကပဲ ၁၈နှစ်အောက် လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ ဖြစ်လာခဲ့ရင်တောင်မှ အပေါ်မှာ ပြောခဲ့တဲ့ တစ်ကိုယ်လုံးရောင်ရမ်းဖို့ဆိုတာ ရှားပါတယ်။
ဘာပဲဖြစ်ဖြစ် မိဘတွေ အနေနဲ့ ကလေးက အဖျားကြီးမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်၊ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေရှိမယ်။ အကြောင်းရင်းလည်း ရှာမရဘူးဆိုရင် ဆေးရုံသွားဖို့ အကြံပြုလိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။