Caraway (စမုန်စပါး)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

စမုန်စပါး ကို ဘာအတွက်အသုံးပြုကြသလဲ

တစ်ချို့လူများသည် စမုန်စပါးတွင် ကုစားနိုင်သည့်အစွမ်းများရှိသည်ဟု ထင်ကြသည်။ အဆီ၊ အသီးနှင့် အစေ့များကို ဆေးအဖြစ်သုံးကြသည်။

စမုန်စပါးအား အစာခြေခြင်းနှင့်ဆိုင်သည့်ပြဿနာများတွင် သုံးကြ၏။
• ရင်ပူခြင်း
• ဗိုက်ကယ်ခြင်း
• အစားအသောက်ပျက်ခြင်း
• ဝမ်းချုပ်ခြင်း
• Irritable bowel syndrome,
• အစာမကြေခြင်း
• အူနာခြင်း
• ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
• အူနှင့်အစာအိမ်အောင့်ခြင်း
စမုန်စပါးအဆီကို ချွဲဟတ်ရာတွင်အဆင်ပြေစေရန်လဲသုံးသည်။ ဆီးရွှင်စေရန်၊ ကိုယ်တွင်းရှိဘက်တီးရီးယားများကိုသတ်ရန်၊ ဝမ်းချုပ်ခြင်းကိုသက်သာစေရန်လဲ သုံးကြပါသည်။
ရာသီလာစေရန်အတွက်နှင့် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းများအတွက် စမုန်စပါးဆီကိုအမျိုးသမီးများ အသုံးပြုနိုင်ပါသည်။ ကလေးရှိမိခင်များလဲ နို့ပေါစေရန် အသုံးပြုနိုင်ပါသေးသည်။
လည်ပြွန်ရောင်ခြင်းအတွက် ပလုတ်ကျင်းဆေးအဖြစ်လဲသုံးနိုင်သလို သွေးစီးဆင်းမှုကောင်းစေရန် အရေပြားလိမ်းဆေးအဖြစ်ပါ သုံးနိုင်ပါ၏။

ဘယ်လိုအလုပ်လုပ်လဲ

ဒီဆေးဖက်ဝင်အပင်ထွက်ပစ္စည်းအတွက် လုံလောက်သည့်လေ့လာမှုမျိုးမရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ တစ်ချို့သောလေ့လာမှုများအရ စမုန်စပါးအဆီသည်
• လေအောင့်သက်သာစေခြင်း
• အနာကျက်မြန်စေခြင်း
• ပိုးသေစေခြင်း
ဂုဏ်သတ္တိများရှိပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

စမုန်စပါး အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ခွဲစိတ်ကုသမှုများပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက် သွေးတွင်းသကြားပမာဏကို အနှောက်အယှက်ပြုနိုက်သည်ဟူသော ယူဆချက်ရှိပါသည်။ ထို့ကြောင့် ခွဲစိတ်ကုသမှုခံယူရန်ရှိပါက ၂ပတ်ကြိုတင်၍ ဆေးကိုရပ်ရပါမည်။
နေရောင်တိုက်ရိုက်မထိစေရန်၊ စိုထိုင်းမှုမရှိစေရန်ဂရုစိုက်ပါ။ သတ္တုဗူး ဖန်ဗူးများနှင့် သိမ်းဆည်းပါ။
အပင်ထွက်ဆေးပစ္စည်းများကို ချုပ်ထိန်းထားခြင်းသည် ဆေးများကိုချုပ်ထိန်းခြင်းလောက် တင်းကြပ်မှုများမရှိပါ။ စိတ်ချလက်ချသုံးနိုင်ရန်အတွက် လေ့လာမှုများ ထပ်လိုနေပါသေးသည်။ အသုံးမပြုမှီ ဒီအပင်ထွက်ဆေးကိုသုံးပြီး ရရှိလာမည်အကျိုးသည် အန္တရာယ်ရှိသည်ထက် သာလွန်ကြောင်းသိဖို့လိုသည်။ ထို့ကြောင့် ဆေးပင်ဗေဒဆရာများ ဆရာဝန်များနှင့် သေချာဆွေးနွေးပါ။

စမုန်စပါး က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်ချိန်တွင် မသုံးပါနှင့်။ (သားအိမ်ကြွက်သားပျော့စေနိုင်သည်) နို့တိုက်မိခင်များ ကလေးများ နောက်ထပ်သုသေတန်မရှိမချင်း မသုံးသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

စမုန်စပါး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

• မစားချင်မသောက်ချင်ဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသည်းထိခိုက်ခြင်း
• ကျောက်ကပ်ထိခိုက်ခြင်း
• အနီကွက်ထခြင်း၊ အရေပြားလောင်ခြင်း၊ အရေပြားရောင်ရမ်းခြင်း
စမုန်စပါးကို peppermint အဆီနှင့်တွဲသုံးလျှင် ရင်ပြည့်ခြင်း၊ ရင်ပူခြင်း၊ ပျို့ခြင်းများ ဖြစ်တတ်ပါသည်။ လိမ်းဆေးအဖြစ်သုံးပါက ဓါတ်မတည့်သောသူများတွင် အရေပြားအကွက်ထခြင်း၊ ယားယံခြင်းများဖြစ်နိုင်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။

ဆေးဓါတ်ပြုမှုများ

စမုန်စပါး ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

စမုန်စပါးဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)
စမုန်စပါးသည် သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်ပါသည်။ ဆီးချိုရောဂါရှိပါက စမုန်စပါးသုံးလျှင် သွေးတွင်းသကြားဓါတ်ကို သေချာဂရုစိုက်ရပါမည်။ ဆီးချိုအတွက်သုံးသောဆေးပမာကဏကို လိုအပ်လျှင်ချိန်ညှိရမည်ဖြစ်သည်။ စမုန်စပါးသည် သံဓါတ်စုပ်ယူမှုကိုအားကောင်းစေသည်။ သံဓါတ်အားဖြည့်ဆေးများ၊ သံဓါတ်ပါသောအစားအစာများနှင့်တွဲဖက်အသုံးပြုပါက ခန္ဓါကိုယ်တွင်သံဓါတ်ပမာဏကိုထိခိုက်စေနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

စမုန်စပါး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ရင်ပူခြင်းကိုကုသရန်အတွက် ပုံမှန်ဆေးပမာဏမှာ စမုန်စပါးဆီ ၅၀ – ၁၀၀ မီလီဂရမ်အား Peppermint ဆီနှင့် တွဲဖက်သုံးနိုင်ပါသည်။ လိုအပ်သောဆေးပမာဏသည် တစ်ဦးနှင့်တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမည့်ပမာဏသည် အသက်၊ ကျန်းမာရေးအခြေအနေနှင့် တခြားအချက်များစွာအပေါ်မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းများသည် အမြဲတမ်းစိတ်ချရသည်မဟုတ်ပါ။ မှန်ကုန်သောဆေးပမာဏအတွက် သင့်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးတိုင်ပင်ကြည့်ပါ။

စမုန်စပါး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

စမုန်စပါးကို လက်ဖက်ရည်၊ ဆေးတောင့်၊ အဆီ၊ အစေ့၊ စမုန်စပါးရေ၊ အမှုန့်၊ ပေါင်းရည်အဖြစ် ရရှိနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲသလို ဆေးဖက်ဝင်အပင်အဖြစ်လည်းသုံးပါတယ်။လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ

ရှီးပဒီး ကိုဆေးဖက်ဝင်တဲ့တန်ဖိုးကြီးပစ္စည်းအဖြစ်လူသိများပါတယ်။ သူက အပင်လား၊သက်ရှိလား၊ဘယ်လိုတွေဆေးဖက်ဝင်တာလဲ၊ဘေးကင်းရဲ့လားဆိုတဲ့သိကောင်းစရာတွေဖော်ပြထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ရလား။

ကိုယ်ဝန်ဆောင်မေမေ Detox Water သောက်လို့ ရလား။ ကိုယ်ဝန်ဆောင်မေမေ Detox Water မသောက်ပါနဲ့လို့ ပြောရတဲ့ အကြောင်းအရင်း။ ကိုယ်ဝန်ဆောင်နဲ့Detox Water။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆေးဖက်ဝင်တဲ့ မာလာဖူး ရဲ့ အကျိုးအာနိသင်

အနံ့မွှေးမွှေး အရသာ ရှတတလေးနဲ့ မာလာဖူးရဲ့ သဘာဝ ဆေးဖက်ဝင်အာနိသင်တွေအကြောင်းကို သင်သိပြီးပြီလား။ ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read
တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 2 mins read
ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှု သက်သာစေဖို့ ဘာတွေစားမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 1 min read
အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read