backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

မြင်းခွာရွက်က အလှအပနဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ

ရေစပ်စပ်နားမှာ ပေါက်လေ့ရှိပြီး အစိမ်းရောင်ရှိတဲ့ မြင်းခွာရွက်ကို သုပ်စားကြတာရှိသလို၊ ဟင်းချိုလည်း ချက်သောက်ကြပါတယ်။ မျက်စိအားကောင်းချင်တဲ့သူတွေကတော့ မြင်းခွာရွက်ကို ရေစင်အောင် ဆေးကြောပြီး ထောင်းကာ အရည်ညှစ်သောက်ကြပါတယ်။ တကယ်တော့ မြင်းခွာရွက်မှာ မျက်စိကျန်းမာရေးကောင်းစေတဲ့ အာဟာရဓါတ်တွေအပြင် အလှအပနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းစေတဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

ကျန်းမာရေးကောင်းမွန်စေခြင်း

“Neurological sciences”ဂျာနယ်မှာတော့ မြင်းခွာရွက်ဟာ ဓါတုပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်ပျက်စီးခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။ မြင်းခွာရွက်ဟာ အသည်းကျန်းမာရေးအတွက်လည်း တော်တော်လေးကို အထောက်အကူပြုပါတယ်။ မြင်းခွာရွက်မှာ asiaticosida ပါဝင်တာမို့ အသည်းပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးခြင်းကို လျှော့ချပေးပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ မြင်းခွာရွက်ဟာ ဆီးအိမ်မှာ ပိုးဝင်တာတွေ မဖြစ်စေဖို့ ကာကွယ်ရာမှာ အသုံးဝင်ပါသေးတယ်။ မြင်းခွာရွက်ဟာ ဆီးအိမ်နာကျင်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ဝင်မလာနိုင်အောင် ကာကွယ်ပေးပါတယ်။

Free radicals တွေဟာ ခန္ဓါကိုယ် ကျန်းမာဖို့ အနှောင့်အယှက် ပေးလွန်းတဲ့ အရာပါ။ အကယ်လို့ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ Free radicals တွေကို မဖယ်ရှားဘူးဆိုရင် ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့ ကင်ဆာဆဲလ်တွေ ဒါမှမဟုတ် ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ မြင်းခွာရွက်ဟာ ခန္ဓါကိုယ်ထဲက free radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။ ခန္ဓါကိုယ်မှာ ကိုယ်ခံအား ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်သာ ကောင်းမွန်နေမယ်ဆိုရင် ဗိုင်းရပ်စ်တွေ ဝင်မလာနိုင်တော့ပါဘူး။ ဒါကြောင့် မြင်းခွာရွက်ကို များများလေး စားပေးသင့်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် မြင်းခွာရွက်က ပေးစွမ်းနိုင်တဲ့ နောက်အချက်တစ်ချက်ကတော့ မြင်းခွာရွက် စားသုံးခြင်းဟာ အားပြည့်သလို ခံစားစေရပြီး အားအင်တွေပြည့်ဝကာ စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်ပါတယ်။

အလှအပအတွက် အကျိုးပြုခြင်း

မြင်းခွာရွက်ဟာ အသားအရေ ကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်သလိုမျိုး အရေးအကြောင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ မြင်းခွာရွက်မှာ Collagen ပါဝင်မှု များလို့ပါပဲ။ ခန္ဓါကိုယ်ထဲမှာ Collagen ပါဝင်မှု များတာက အသားအရေကို ကြည်လင်တောက်ပစေပြီး အရေးအကြောင်းတွေနဲ့ အသားအရေ မညီမျှတာတွေကို လျှော့ချပေးနိုင်ပါတယ်။

ခန္ဓါကိုယ်မှာ Cellulite တွေများတာက မိန်းကလေးတွေရဲ့ အလှကို ပျက်စီးစေပါတယ်။ ဘာလို့လဲဆိုတော့ Cellulite တွေသာ ရှိနေမယ်ဆိုရင် လိမ္မော်ခွံလိုမျိုး အဖုအထစ်တွေ ဖြစ်နေမှာပါ။ ဒါဆိုရင် ကြည့်မကောင်းတော့ပါဘူး။ ဒီလို ဖြစ်ခြင်းကို မြင်းခွာရွက်က လျှော့ချပေးပါတယ်။ မြင်းခွာရွက် စားသုံးခြင်းက ရောင်ရမ်းခြင်းတွေကို လျှော့ကျေစပြီး Cellulite တွေ ရှိတဲ့နေရာမှာ သွေးလည်ပတ်စီးဆင်းမှုကို ဖြစ်စေတာကြောင့် Cellulite ဖြစ်ခြင်းတွေ လျှော့နည်းစေပြီး လှပနေဖို့ အထောက်အကူပြုပါတယ်။

Hello ဆရာဝန်စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး ခန္ဓါကိုယ်နဲ့ အသားအရေလှပဖို့လည်း အထောက်အကူပြုတဲ့ မြင်းခွာရွက်ကို များများ စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement