သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။
အုန်းဆီ ကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၁ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။

မိတ်ကပ်ဖျက်ဆေး

အုန်းဆီ ဟာအသားအရည်အတွက်ကောင်းတာကြောင့် မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုတာက သင်ထင်ထားတာထက်
ပိုပြီးကောင်းမွန်နေပါလိမ့်မယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် ပိုနည်းတဲ့ ပမာဏက သင့်မိတ်ကပ်တွေကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။ အုန်းဆီဟာ မျက်လုံးကိုထိခိုက်မှုလည်းမဖြစ်စေတာကြောင့် မျက်လုံးပေါ်ခြယ်သထားတဲ့ မိတ်ကပ်တွေကို စိတ်ချလက်ချဖျက်နိုင်မှာပါ။

နှုတ်ခမ်းလိမ်းဆေးအဆီ (lip balm)

ခြောက်သွေ့နေတဲ့နှုတ်ခမ်းသားတွေက တကယ်ကို သက်တောင့်သက်သာမရှိစေတာပါ။ အလှကုန်တွေဖြစ်တဲ့ နှုတ်ခမ်းလိမ်းဆေး တွေကလည်း ဓါတုပစ္စည်းတွေသုံးပြီး လုပ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်း ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ သဘာဝနည်းကတော့ သေချာပေါက်ပိုကောင်းတာပေါ့။ အုန်းဆီ ကို သူ့ရဲ့ ကုစားပေးနိုင်တဲ့အစွမ်းကြောင့် နှုတ်ခမ်းအဆီ အဖြစ်အသုံးပြုနိုင်ပါတယ်။ ပိုပြီးလည်း စိတ်ချရတာပေါ့။

အုန်းဆီ နှင့် အသားအရည်ထိန်းသိမ်းခြင်း

လိုချင်တဲ့ ရလဒ်ကိုရဖို့ လိုးရှင်း တွေနဲ့ ခရင်မ်တွေအပြင် အခြားပစ္စည်းတွေကိုလည်း သင့်အသားအရေပေါ်တင်နေရပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ဓါတုပစ္စည်းတွေပါဝင်တာကြောင့် အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးတွေရှိမှာပါ။

အုန်းဆီ က ဒီပြဿနာကို အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်။ အုန်းဆီဟာ မော်လီကျူ အလေးချိန် နည်းတာကြောင့် အရေပြားက အလွယ်တကူစုပ်ယူနိုင်ပြီး အသားအရေကို ဆဲလ်တွေထဲထိ ပိုမိုကောင်းမွန်လာစေပါတယ်။ အုန်းဆီမှာပါဝင်တဲ့ အက်ဆစ်တွေဟာ ရေဓါတ်လျော့ခြင်းနဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။ မျက်နှာသစ်ခြင်းမှစ လက်ဆေးသည်အထိ သို့မဟုတ် ရေချိုးသည်အထိ နှစ်သက်ရာနည်းအမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

ဆံပင်ထိန်းသိမ်းခြင်း

အုန်းဆီရဲ့ လူသိများတဲ့အကျိုးကတော့ ဗောက်တွေလျော့နည်းစေခြင်းပါ။ အခြားကောင်းကျိုးတစ်ခုက အုန်းဆီကို ပျော့ဆေးအဖြစ်အသုံးပြုနိုင်ပါသေးတယ်။ ဒီလိုအသုံးပြုခြင်းက ပျက်စီးနေတဲ့ဆံပင်တွေကို ပြန်ကောင်းလာစေပြီး တောက်ပတဲ့ ဆံကေသာအဖြစ် ပြန်ပြီးမြင်ရအောင်လုပ်ပေးနိုင်ပါတယ်။

အုန်းဆီ နှင့် နှလုံးရောဂါ

လူသိများတဲ့ ဒဏ္ဍာရီတစ်ခုအရတော့ အုန်းဆီဟာ နှလုံးရောဂါအတွက်မကောင်းပါဘူးတဲ့။ လက်တွေ့မှာတော့ အုန်းဆီက နှလုံးရောဂါအတွက်ကောင်းပါတယ်။ အုန်းဆီမှာ Lauric acid ၅၀ ရာခိုင်နှုန်း ပါဝင်ခြင်းက ကိုလက်စထရောပမာဏ မြင့်ခြင်းနဲ့ သွေးတိုးခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး နှလုံးအခြေအနေကို ပိုပြီးတိုးတက်လာစေပါတယ်။ ဒါက သွေးလွှတ်ကြောတွေ ဒဏ်ရာရခြင်းကနေလည်း အနည်းငယ်ကာကွယ်ပေးနိုင်ပါသေးတယ်။

အလေးချိန်လျှော့ခြင်း

ကြားရတာတော့ တစ်မျိုးကြီးဖြစ်နေမှာပါ။ ဒါပေမယ့် အုန်းဆီမှာပါဝင်တဲ့ အဆီအက်ဆစ် က သင့်ကိုဝစေနိုင်တဲ့အဆီတွေကို တိုက်ဖျက်ရာမှာ အသုံးဝင်ပါတယ်။ အုန်းဆီကို နေ့စဉ်အသုံးပြုသူတွေက ခံတွင်းပိုကောင်းတာမို့ အစာပိုပြီးတောင့်တနေတာ၊အစားလွန်တာမျိုးတွေ မခံစားရပါဘူး။ အုန်းဆီဟာ အစာချေဖျက်ခြင်းကို ပိုမိုလွယ်ကူစေပြီး ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။

ခုခံအား

ပါဝင်တဲ့အက်ဆစ်အမျိုးအစားများပြားခြင်းနဲ့ အခြားသောအသုံးဝင်တဲ့ပစ္စည်းတွေကြောင့် အုန်းဆီကို ခုခံအားမြှင့်တင်ပေးတဲ့အရာအဖြစ်လည်း အသုံးပြုလို့ရနိုင်ပါတယ်။ ရေယုန်၊ တုပ်ကွေး ၊ cytomegalovirus နဲ့ HIVလိုရောဂါမျိုးတွေကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေနဲ့လည်း အုန်းဆီက ရင်ဆိုင်နိုင်ပါတယ်။

အစာခြေခြင်း

အစာအိမ်နဲ့ အစာခြေဖျက်ခြင်းဆိုင်ရာ ပြဿနာတွကို အုန်းဆီအသုံးပြုခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက အစာခြေစနစ်ကိုတိုးတက်စေပြီး ဝမ်းဗိုက်ကို အမျိုးမျိုးသော အန္တရာယ်ဖြစ်စေနိုင်တဲ့ မှိုတွေ၊ ကပ်ပါးနဲ့ ဘက်တီးရီးယားတွေရန်ကနေ ကာကွယ်ပေးပြီး ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ အာဟာရတွေကို စုပ်ယူပေးခြင်းကိုတော့ မြှင့်တင်ပေးနိုင်ပါတယ်။

ပိုးဝင်ခြင်းနဲ့ ကုသခြင်း

ဒဏ်ရာရနေတဲ့နေရာမှာ အုန်းဆီကိုထည့်ပေးနိုင်ပါတယ်။ အုန်းဆီမှာ အံ့သြစရာကောင်းတဲ့ ကုစားနိုင်စွမ်းတွေရှိပါတယ်။ အုန်းဆီဟာ ဘက်တီးရီးယားတွေ ဖုန်မှုန့်တွေနဲ့ အခြား အန္တရာယ်ရှိပစ္စည်းတွေကို ခန္ဓာကိုယ်ထဲမဝင်အောင် ထိန်းသိမ်းနိုင်ဖို့ အကာအရံတစ်ခု လုပ်လိုက်ပါတယ်။ သူက အသားအရည်ထိခိုက်သွားတာကို ပြန်လည်ကုသပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါသေးတယ်။

အိပ်ဆေး

အုန်းဆီနဲ့နှိပ်ပေးခြင်းဟာ သောကတွေစိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် သက်တောင့်သက်သာအနားယူနိုင်ပြီး ငြိမ်းချမ်းစွာအိပ်စက်နိုင်မှာပါ။

အထက်ဖော်ပြပါအချက်တွေက လူတွေအသုံးများတဲ့နည်းလမ်းတွေပါ။ အုန်းဆီဟာလူသားတွေအတွက် အံ့သြစရာကောင်းတဲ့ သဘာဝရဲ့လက်ဆောင်ဖြစ်တာကြောင့် သူ့ကိုသုံးလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိနေပါသေးတယ်။ အုန်းဆီရဲ့ အကျိုးသက်ရောက်မှုဟာ ကောင်းလွန်းတာကြောင့် ကျန်းမာရေးအတွက်ထုတ်တဲ့ပစ္စည်းတွေမှာတောင် ထည့်သွင်းအသုံးပြုနေကြပါပြီ။ ဒီလိုဆန်းကြယ်လှတဲ့အုန်းဆီဟာ သင့်အတွက်လည်း အသုံးဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 17/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။