ရေငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ရင်ပူဝေဒနာကိုသက်သာစေတဲ့အစွမ်းလည်းပါဝင်ပါတယ်။ ရင်ပူလာပြီဆိုရင် သဘာဝနည်းနဲ့သာကုသပါ။ရေငန်းသီးကို ပျားရည်နဲ့ရောစပ်ပြီး သို့မဟုတ် ဖရဲသီးနဲ့တွဲဖက်ပြီးလည်း စားသုံးရင် သက်သာစေနိုင်ပါတယ်။
အစာကြေစေခြင်း
ရေငန်းသီးဟာ ဝမ်းချုပ်တတ်သူတွေအတွက်လည်း အကျိုးပြုပါတယ်။ အမျှင်ဓါတ်လည်းကြွယ်ဝလို့ အစာချေဖျက်မှုမှာ အထောက်အကူပေးပါတယ်။ မပျော်ဝင်တဲ့အမျှင်ဓါတ်က အူလမ်းကြောင်းအတွင်း အစာရွေ့လျားမှုကို ကူညီလုပ်ဆောင်ပေးတာကြောင့် ဝမ်းမချုပ်နိုင်တော့ပါဘူး။
ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းကျိုး
ရေငန်းသီးက ဉာဏ်ရည်အတွက်ကောင်းရုံသာမက မြွှေအရေခွံလိုဖြစ်နေတဲ့ အသီးရဲ့အခွံကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်ကောင်းကျိုးပြုပါတယ်။ ရေငန်းသီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုပြည့်စုံစေပြီး အမျှင်ဓါတ်ကလည်းအကျိုးပြုပါတယ်။
ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။