တကယ်လို့သင်ကအလုပ်များသူဆိုရင် မနက်ခင်းလမ်းဘျှောက်တာတို့ ပြေးတာတို့လုပ်နိုင်ပါတယ်။ သင့်ကျန်းမာရေးကိုကာကွယ်ဖို့အတွက် လေ့ကျင့်ခန်းတစ်ရက်နည်းနည်းစီတော့လုပ်ပေးဖို့လိုပါတယ်။
(၃) ကိုယ်အလေးချိန်ထိန်းပါ
အပေါ်ကပြောသွားတဲ့ ကိုယ်လက်လှုပ်ရှားတာကလည်း ကိုယ်အလေးချိန်ကျစေပါတယ်။ တကယ်လို့သင်ကအဝလွန်နေရင် တစ်နေ့ကို အဆီ ၂.၃ ကီလိုဂရမ်ကျစေတာက အဆင်ပြေပါတယ်။ သင့်တော်တဲ့ကိုယ်အလေးချိန်မှာရှိတာကသင့်ကိုသွေးတိုးနဲ့ တခြားရောဂါတွေဆီကကာကွယ်ပေးနိုင်ပါတယ်။
(၄) အရက်သောက်တာကန့်သတ်ချက်ထားပါ
အရက်ကသွေးတိုးစေတဲ့အကြောင်းအရင်းဖြစ်တဲ့အပြင် အသည်းထိခိုက်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အမျိုးသမီးအရွယ်တိုင်းက တစ်နေ့ကိုအရက်တစ်ခွက်သောက်နိုင်ပြီး အသက် ၆၅ နှစ်အောက်အမျိုးသားတွေကတော့ တစ်ရက် နှစ်ခွက်သောက်နိုင်ပါတယ်။ ဒါပေမယ့် အရက်အစား အယ်လ်ကိုဟောပါဝင်မှုနည်းတဲ့ ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဒါပေမယ် တန်ဆေးလွန်ဘေးပါ။
(၅) စိတ်ဖိစီးမှုလျှော့ချပါ
ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေ အဖြစ်များကြပါတယ်။ လူတိုင်းလိလိုက အလုပ်၊ ဖျားနာမှု၊ မိသားစုနဲ့ ဆက်ဆံရေးတွေကြောင့် စိတ်ဖိစီးဖူးကြပါတယ်။ ဒီလိုစိတ်ဖိစီးတာကိုရှောင်ကြဉ်ဖို့အတွက် သင့်နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ပါ။
ဥပမာ – လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဒေါသထိန်းချုပ်ခြင်းတွေဖြစ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံးစိတ်ဖိစီးမှုကိုလျှော့ကြပါ။
(၆) သွေးတိုးမှန်မှန်စစ်ပါ
သွေးတိုးစစ်ဖို့ဆေးရုံသွားစရာမလိုပါဘူး။ အိမ်မှာ သွေးတိုးတိုင်းကိရိယာဝယ်တိုင်းနိုင်ပါတယ်။ တစ်ရက်နှစ်ကြိမ်တိုင်းသင့်ပါတယ်။ မနက်နဲ့ညပါ။ မှတ်ထားရမှာက မတိုင်းခင် ဆေးလိပ်သောက်ခြင်း၊ ကော်ဖီသောက်ခြင်း၊ မျက်စဉ်းဆေးခတ်ခြင်း စတာတွေမလုပ်ထားရပါဘူး။ ဒါတွေက ရလဒ်ကိုသက်ရောက်စေလို့ပါ။ တကယ်လို့ဒါကိုသင်မှန်မှန်လုပ်ရင် အလေ့အကျင့်ရလာမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။