အငန်များတာတွေမစားပါနဲ့ ဆိုလို့ ဟင်းထဲ ဆားလျှော့ချက်တယ်။ ငါးပိ၊ငါးခြောက် မစားဘူး၊ အငန်လျှော့စားတယ်ဆိုပေမယ့်သွေးပေါင်တက်နေတုန်းပဲ။ ဆိုတော့သွေးပေါင်တက်စေတဲ့ တရားခံတွေကရှိနေတာသေချာပါပြီ။နေထိုင်မှုပုံစံနဲ့ စိတ်ဖိစီးမှုကလွဲရင် အစားအသောက်ကို အရင်ဆင်ခြင်ရမှာပါပဲ။ ကိုယ် စားနေတဲ့ အစားအသောက်တွေထဲက ကိုယ်မသိလိုက်တဲ့ အငန်ဓါတ်များတာတွေပါနေနိုင်ပါတယ်။