သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Cardiasthenia (နှလုံးအားနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cardiasthenia (နှလုံးအားနည်းခြင်း) ကဘာလဲ။

နှလုံးအားနည်းခြင်း သည် Decosta အမည်ရှိသော ရောဂါစုဖြစ်ပါသည်။ ထိုလက္ခဏာများသည် နှလုံးဝေဒနာများနှင့် ဆင်တူသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။

ခေတ်သစ်ကာလများတွင် နှလုံးအားနည်းခြင်းကို စိုးရိမ်စိတ်များခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။

Cardiasthenia (နှလုံးအားနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ထိုဖြစ်စဉ်သည် ကျားမ မရွေး၊ အသက်ရွယ်မရွေး ဖြစ်နိုင်ပါသည်။

သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Cardiasthenia (နှလုံးအားနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ

  • မောပန်းလွယ်ခြင်း
  • အသက်ရှုမဝခြင်း
  • ရင်တုန်ခြင်း
  • ချွေးပြန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • မူးဝေခြင်း တို့ဖြစ်ပါသည်။

လူနာသည် ထိုဝေဒနာများကို ခံစားနေရသော်လည်း လူနာကို စစ်ဆေးလျှင် နှလုံရောဂါနှင့် တူသော ဇီဝကမ္မ လက္ခဏာများ မတွေ့ရပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Cardiasthenia (နှလုံးအားနည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ထိုသို့ဖြစ်ခြင်းသည် စိုးရိမ်စိတ်များခြင်းကြောင့် ဖြစ်သော မူမမှန်ဖြစ်စဉ်တစ်ခုအနေဖြင့် ယေဘူယျအားခြင့် ယူဆရပါသည်။

ဖြစ်နိုင်ခြေများ

Cardiasthenia (နှလုံးအားနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးအားနည်းခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓါတ်ကျခြင်း
  • အရက် အလွန်အကျွံသောက်ခြင်း
  • ဆေးလိပ် အလွန်အကျွံသောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cardiasthenia (နှလုံးအားနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ထိုရောဂါလက္ခဏာများရှိကြောင်းဆရာဝန်အားပြောပြလျှင် သင့်ကို စစ်ဆေးခြင်း၊ ရောဂါ ရာဇဝင်များမေးမြန်းခြင်းနှင့် သွေးစစ်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။

နှလုံးအားနည်းခြင်းအတွက် စစ်ဆေးရမည့် အရာများမှာ သွေးစစ်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းတို့ဖြစ်ပါသည်။ သို့သော် ထိုစစ်ဆေးမှုများသည် ရောဂါအမည်တပ်ရန် အဓိကအနေဖြင့် အရေးမပါလှပါ။

Cardiasthenia (နှလုံးအားနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ယနေ့အချိန်အထိ ထိုရောဂါကို ကုသရန်ဆေးမရှိသေးပါ။ စားသောက်နေထိုင်ပုံများပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်ပါသည်။

လူနာသည် ဝေဒနာများခံစားလာရပါက ပွပွချောင်ချောင် အဝတ်အစားများဝတ်ခြင်း၊ ဘယ်ညာစောင်းခြင်း ဆောင့်ကြောင့်ထိုင်ခြင်းစသည့် အနေအထားပြောင်းလဲမှုများကို ရှောင်ကျဉ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ လဲလျောင်းနေခြင်းက အကောင်းဆုံးဖြစ်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • လေ့ကျင့်ခန်းကို တနေ့လျှင် အနည်းဆုံး မိနစ် ၃၀ မှန်မှန်လုပ်ခြင်း
  • အရက်ဖြတ်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • တရား ထိုင်ခြင်း

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Verifying...
health-tool-icon

ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

အမျိုးသား

အမျိုးသမီး

မည်သူ့အတွက် စစ်ဆေးမည်နည်း။

နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

60

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Reference:
Cardiasthenia.

https://en.wikipedia.org/wiki/Da_Costa’s_syndrome.Accessed January 3, 2017.
Cardiasthenia.

http://www.mdguidelines.com/neurocirculatory-asthenia.Accessed January 3,2017.
Cardiasthenia.

https://www.ncbi.nlm.nih.gov/pmc/articles/PMC1277260/.Accessed January 3, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. K Zin Thwe မှ ရေးသားသည်။ 14/02/2018 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။