backup og meta

နှလုံးသွေးကြောချဲ့ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးသွေးကြောချဲ့ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ

    နှလုံးသွေးကြောချဲ့ခြင်းဆိုတာ ဘာလဲ။

    နှလုံးသွေးကြောချဲ့ခြင်းဆိုသည်မှာ နှလုံးကိုထောက်ပံ့နေသော သွေးကြောများကို ဖွင့်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်ပြုလုပ်လေ့ရှိသော ကုသမှုပုံစံဖြစ်သည်။ ထိုကုသမှုကို အရေပြားပေါ်မှတဆင့် နှလုံးသွေးကြောချဲ့ခြင်း (PTCA) ဟုခေါ်သည်။ အများစုတွင် ထိုသို့သွေးကြောချဲ့ပြီးနောက် နှလုံးထံသို့သွေးစီးဆင်းမှုကောင်းစေရန် နှင့် သွေးကြောပြန်မကျဉ်းရန် သွေးကြောတွင်းသို့ပြွန်ချောင်းငယ်လေးများထည့် ကြသည်။

    ထိုအခြေအနေတွင် အချိန်သည် သင့်အတွက်တန်ဖိုးရှိသည်။ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီအတွင်းသွေးကြောချဲ့ပါက သင့်ကိုဆိုးကျိုးပိုနည်းစေမည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်မှ လေ့လာချက်များအရ နှလုံးရုတ်တရက်ထိခိုက်ပြီး တစ်နာရီကျော်မှသွေးကြောချဲ့ပါက သင့်အတွက် အကျိုးသက်ရောက်မှု ရှိချင်မှရှိလိမ့်မည်။ ထို့ကြောင့်တတ်နိုင်သမျှမြန်မြန်ကုသလေလေ နောက်ဆက်တွဲဆိုးကျိုးနှင့် နှလုံးထိခိုက်မှုနည်းလေလေဖြစ်သည်။

    နှလုံးသွေးကြောချဲ့ခြင်းကို နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာရှိသောသူများတွင်လည်း ပြုလုပ်နိုင်သည်။

    နှလုံးသွေးကြောချဲ့ခြင်းကို မည်သို့ပြုလုပ်သလဲ။ ဘယ်လိုအကျိုးရှိနိုင်သလဲ။

    နှလုံးသွေးကြောချဲ့ခြင်းကို ထုံဆေးဖြင့်ပြုလုပ်သည်။ လူနာ၏ပေါင်ခြံ သို့မဟုတ် လက်မောင်းတွင် ခွဲကြောင်းပေးသည်။ ထိုမှတစ်ဆင့် အဆုံးတွင် အဖောင်းအပိန်ပြုလုပ်နိုင်သော ဘောလုံးငယ်လေးပါဝင်သော ပြွန်ချောင်းကို သွေးကြောထဲသို့ ထည့်သွင်းခြင်းဖြစ်သည်။ X ray ဓါတ်မှန်ဗီဒီယို၊ အထူးပုံရိပ်ဖော် ဆိုးဆေး များ၏ အကူအညီဖြင့် ခွဲစိတ်ဆရာဝန်က ပြွန်ချောင်းကို ပိတ်နေသော နှလုံးသွေးကြောနေရာသို့နေရာတကျရောက်ရှိရန် ထည့်သည်။ နေရာတကျ ရောက်ပြီဆိုတာနဲ့ ဘောလုံးကို ဖောင်းပြီး သွေးကြောကို ကျယ်စေသည်။ ဒီလိုပြုလုပ်ခြင်းက သွေးကြောတွင်းရှိ အဆီဖတ်များကို တွန်းထုတ်လိုက်သလိုဖြစ်ကာ သွေးကြောပွင့်စေပြီး သွေးစီးဆင်းမှုကို ပုံမှန်အတိုင်း ပြန်ကောင်းစေသည်။

    အချို့သောပြွန်ချောင်းများသည် စတီးဖြင့်ပြုလုပ်ထားသော ဇကာကွက်သဏ္ဍာန်ပိုက်လုံးငယ်ပါဝင်သည်ဖြစ်သည်။၎င်းသည် သွေးကြောကိုပြန်ပိတ်မသွားအောင်ထိန်းထားနိုင်သဖြင့်ဘောလုံးလေလျှော့၍ ပြွန်ချောင်းကို ဖယ်ထုတ်လိုက်နိုင်သည်။ ထိုသို့ပြုလုပ်ရန် နာရီဝက်မှ နာရီပေါင်းများစွာကြာမြင့်နိုင်သည်။

    နှလုံးသွေးကြောချဲ့ခြင်းသည် ဘယ်လိုအကျိုးရှိနိုင်သလဲ။

    အမေရိကန်ရှိ နှလုံးနှင့် သွေးကြောဆိုင်ရာအဖွဲ့အစည်း၏ပြောကြားချက်အရ နှလုံးရုတ်တရက်ထိခိုက်ပြီးချိန်တွင်အချိန်မီ သွေးကြောချဲ့ခြင်းဖြင့် နှလုံးသို့ အလျင်မြန်ဆုံးသွေးရောက်ရှိနိုင်ပြီး အသက်အန္တရာယ်မှကယ်တင်နိုင်သည်။ နှလုံးသို့သွေးမြန်မြန်ရောက်နိုင်လေ နှလုံးကြွက်သားများထိခိုက်မှုလျော့နည်းလေဖြစ်သည်။ နှလုံးသွေးကြောချဲ့ခြင်းသည် ရင်ဘတ်အောင့်ခြင်း၊နှလုံးမကောင်း၍မောခြင်းတို့ကိုသက်သာစေသည့်အပြင် နှလုံးကြွက်သားများဆီ သွေးထောက်ပံ့မှုနည်းခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဝေဒနာတို့ကိုလည်းလျော့နည်းစေသည်။

    နှလုံးသွေးကြောချဲ့ခြင်းဖြင့်မလုံလောက်ပါက နှလုံးသွေးကြော လမ်းကြောင်းလွှဲခြင်းကဲ့သို့သော ပို၍ကြီးမားသောခွဲစိတ်မှုမျိုးလည်းကြုံရနိုင်သည်။

    နှလုံးသွေးကြောချဲ့ခြင်းသည်သည် သွေးခဲပျော်ဆေးများထက် နှလုံးရုတ်တရက်ထိခိုက်နိုင်ခြေကို နည်းစေသောနည်းလမ်းဖြစ်ကြောင်း အင်္ဂလန်ရှိအမျိုးသားကျန်းမာရေးဌာနမှပြောထားသည်။

    နှလုံးသွေးကြောချဲ့ခြင်းရဲ့ ဆိုးကျိုးနဲ့ဖြစ်နိုင်ခြေရှိသောနောက်ဆက်တွဲ ပြဿနာတွေကဘာတွေလဲ။

    သင်သည် နှလုံးသွေးကြောချဲ့ခြင်းတွင် သုံးသော ထုံဆေး၊ အကြောထိုးဆေးနှင့်အချို့သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းမျိုးဖြစ်နိုင်ပါသည်။

    အချို့သောဖြစိနိုင်ချေများမှာ

    • ပြွန်ချောင်းထည့်သောနေရာတွင် သွေးထွက်ခြင်း၊သွေးခြေဥခြင်း၊သွေးခဲခြင်း

    • ပြွန်ချောင်းထည့်ထားသော သွေးကြောနေရာတွင် အမာရွတ်ဖြစ်ခြင်း

    • နှလုံးခုန်မမှန်ခြင်း

    • နှလုံးသွေးကြော၊ အဆို့ရှင်နှင့် သွေးလွှတ်ကြောတို့ထိခိုက်မိခြင်း

    • နှလုံးရုတ်တရက်ထိခိုက်ခြင်း

    • ကျောက်ကပ်ပျက်စီးခြင်း (အထူးသဖြင့်ကျောက်ကပ်ရောဂါ အခံရှိသောသူများတွင်)

    နှလုံးရုတ်တရက်ထိခိုက်ခြင်းကြောင့် အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်းသည် အခြားအခြေအနေများထက်ပို၍အန္တရာယ်ရှိနိုင်ချေများသည်။

    နှလုံးသွေးကြောချဲ့ခြင်းသည် သွေးကြောပိတ်ခြင်းကို အပြီးတိုင်ကောင်းသွားစေသောနည်းလမ်းမဟုတ်ပါ။ အချို့သူများတွင် သွေးကြောပြန်ကျဉ်းသွားတတ်ကြောင်း တွေ့ရသည်။ ဇကာကွက်ငယ်များပါဝင်သော ပြွန်ချောင်းမျိုး မထည့်လျှင် သွေးကြောပြန်ကျဉ်းနိုင်ခြေပိုများသည်။

    ဘယ်လိုမျှော်လင့်ချက်တွေရှိလဲ။

    နှလုံးရုတ်တရက်ထိခိုက်ပြီးလျှင် ကျန်းမာစေမည့်နေထိုင်မှုပုံစံမျိုးဖြင့်နေထိုင်ရမည့်အချက်များကို သင့်ဆရာဝန်က ညွှန်ကြားလိမ့်မည်။ ညွှန်ကြားထားသည့်ဆေးများကို အမြဲမှီဝဲပါ။ ဆေးလိပ်သောက်နေသူတဦးဖြစ်ပါက ချက်ချင်းဆေးလိပ်ဖြတ်ပါ။ သင့်တော်သော အစားအသောက်၊ လေ့ကျင့်ခန်းတို့ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် သွေးပေါင်ကိုမှန်စေပြီး သွေးတွင်းအဆီများကျဆင်းစေလိမ့်မည်။ ထိုသို့ကျန်ုးမာရေးနှင့်ညီညွတ်အောင်နေထိုင်သွားလျှင် သင်၏နှလုံးထိခိုက်နိုင်ချေလည်း လျော့နည်းသွားပေလိမ့်မည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement