backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ

လှုပ်ရှားမှုမရှိတဲ့ လူမှုဘဝနေထိုင်ပုံဟာ နှလုံးရောဂါရရှိနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ World Heart Federation က လေ့ကျင့်ခန်း မလုပ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၅၀% တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ အခြားနှလုံးရောဂါ ဖြစ်စေတဲ့အချက်တွေကတော့

  • ပြည့်ဝဆီ များတဲ့ အစားအစာများစားခြင်း
  • ဆီးချို အမျိုးအစား ၂
  • သွေးတိုးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ကိုလက်စထရော များခြင်း
  • အဝလွန်ခြင်း
  • မိသားစုတွင် နှလုံးရောဂါ ရှိသူ ရှိခြင်း

ဒီအချက်တွေကို လျှော့ချခြင်းဟာ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို လျှော့ချပေးပြီး နှလုံးခွဲစိတ်မှု အပါအဝင် ကျန်းမာရေး လုပ်ဆောင်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း)ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိတယ်လို့ သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့ အချက်ဖြစ်တဲ့ ကိုယ်အလေးချိန်နဲ့ သွေးဖိအားကိုပါ လျှော့ချပေးပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း တခါတရံမှာ နှလုံးရပ်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ အထူးသဖြင့် နှလုံးရောဂါ ရှိပြီး သူတို့ရဲ့ လှုပ်ရှားမှုကို သေချာ မစောင့်ကြည့်တဲ့ လူမျိုးမှာ ဖြစ်တတ်ပါတယ်။

ကြိုတင်ကာကွယ်မှုတွေ ဘာလို့ ပြုလုပ်သင့်တာလဲ။

လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါ ကာကွယ်ဖို့အတွက် အရေးပါပါတယ်။ လူအများစုအတွက်လည်း လုံခြုံစိတ်ချရပါတယ်။ ဒါပေမယ့် သင့်မှာ အောက်ပါအခြေအနေတွေရှိရင်တော့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်သင့်ပါတယ်။

  • သင့်ဆရာဝန်က သင့်မှာ နှလုံးရောဂါ ဖြစ်စေတဲ့ အချက် တစ်ချက် (သို့) တစ်ချက်ထက်ပိုပြီး ရှိနေတယ်လို့ ပြောခြင်း
  • မကြာသေးမီက နှလုံးရပ်ခြင်း (သို့) အခြားနှလုံးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခု ကို ခံစားထားရခြင်း
  • အရင်တုံးက လှုပ်လှုပ်ရှားရှား မရှိခြင်း။

လေ့ကျင့်ခန်းမလုပ်ခင် သေချာစစ်ဆေးထားတဲ့ နှလုံးရောဂါ ရှိသူတွေဟာ လေ့ကျင့်ခန်းကို လုံခြုံစိတ်ချစွာ လုပ်နိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းဟာ နှလုံးရောဂါ ရှိသူအကုန်လုံးနဲ့တော့ မသင့်လျော်ပါဘူး။ လေ့ကျင့်ခန်းကို အခုမှစလုပ်မယ်ဆိုရင် စစချင်းမှာ ဆိုးကျိုးတွေကို ကာကွယ်သင့်ပါတယ်။ လေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုရင် သင့်ဆရာဝန်ကို ပြောပြထားသင့်ပါတယ်။ ကျန်းမာရေး စောင့်ကြည့်မှုတွေအောက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ လိုကောင်းလိုအပ်နိုင်ပါတယ်။

ဒီကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရင်တောင်မှ သင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြုံတွေ့လာရမယ့် ပြဿနာတွေကို သင့်ဆရာဝန်က ကြိုတင်ခန့်မှန်းနိုင်ဖို့ ခဲယဉ်းပါတယ်။ လုံခြုံစိတ်ချရဖို့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တဲ့ လက္ခဏာတွေကို ရင်းနှီးအောင် လုပ်ထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။

နှလုံးဒုက္ခပေးခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

သင် အရင်တုံးက နှလုံးရပ်ခြင်း ဖြစ်ဖူးရင်တောင်မှ နောက်တစ်ခေါက်ဖြစ်ခြင်းမှာ ရောဂါလက္ခဏာတွေက လုံးဝကွဲပြားခြားနားနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ကျန်းမာရေး ကုသမှုယူပါ။

ရင်ဘတ်အတွင်း နေထိုင်မကောင်းဖြစ်ခြင်း

လူအတော်များများဟာ နှလုံးရပ်ရင် ရုတ်တရက် ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်တတ်ပါတယ်။ အချို့နှလုံးရပ်ခြင်းတွေကတော့ ဒီပုံစံနဲ့ စနိုင်ပါတယ်။ ဒါပေမယ့် အတော်များများကတော့ ရင်ဘတ်ထဲ နေထိုင်မကောင်းဖြစ်ခြင်း၊ ဖိအားများခြင်း၊ ညှစ်ထားအသလိုခံစားရပြီး ရင်ဘတ်အလယ် တည့်တည့်မှာ ပြည့်တင်းနေခြင်းတွေနဲ့ စတင်တတ်ပါတယ်။ နာကျင်မှုဟာ အနည်းငယ်သာဖြစ်ပြီး ခဏနေတာနဲ့ ပျောက်သွားတတ်တာကြောင့် ဘာဖြစ်သွားတယ်ဆိုတာ ပြောရခက်ပါတယ်။ ဒီလက္ခဏာတွေ မိနစ်အနည်းငယ်ထက်ပိုပြီး ကြာနေခဲ့မယ်ဆိုရင် လေ့ကျင့်ခန်း လုပ်တာကိုရပ်ပြီး ကျန်းမာရေး ကုသမှုကို ယူသင့်ပါတယ်။

မောခြင်း

ပုံမှန်မဟုတ်တဲ့ မောခြင်းနဲ့အတူ ရင်ဘတ်ထဲ နေလို့မကောင်းခြင်းဟာလည်း နှလုံးရပ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေဟာ ရင်ဘတ်ထဲ နေလို့မကောင်း မဖြစ်ခင် (သို့) မဖြစ်ပဲတောင်မှ ဖြစ်နိုင်ပါတယ်။

ခေါင်းမူးခြင်း (သို့) ရီတီတီဖြစ်ခြင်း

ကိုယ်ခန္ဓါ လှုပ်ရှားမှုဟာ အထူးသဖြင့် သင်လုပ်နေကျ မဟုတ်ရင် ပင်ပန်းစေနိုင်သော်လည်း လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ခေါင်းမူးတာမျိုး ရီတီတီဖြစ်တာမျိုး ဘယ်တော့မှ မရှိသင့်ပါဘူး။ ဒါကို သတိပေးလက္ခဏာအဖြစ်ယူဆပြီး လေ့ကျင့်ခန်းလုပ်နေတာကို ရပ်လိုက်သင့်ပါတယ်။

နှလုံးခုန်သံ မူမမှန်မှုများ

နှလုံးခုန်သံ မြန်နေတာ၊ ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရတာတွေဟာ နှလုံးရောဂါ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်တာတွေ ဖြစ်လာခဲ့ရင် ကျန်းမာရေး ကုသမှု ယူသင့်ပါတယ်။

ကိုယ်ခန္ဓါရဲ့ အခြားနေရာတွေမှာ နေထိုင်မကောင်းမှုတွေ ကြုံတွေ့ရခြင်း

နှလုံးရောဂါတွေဟာ သင့်ရင်ဘတ်အပြင် အခြားနေရာတွေမှာပါ နေထိုင်မကောင်းမှုတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာတွေကတော့ နေထိုင်မကောင်းခြင်း၊ လက်မောင်း၊ ကျော၊ လည်ပင်း၊ မေးရိုး၊ အစာအိမ် တွေမှာ နာကျင်ခြင်း (သို့) တစ်ခုခု ဖိထားသလို ခံစားရခြင်းတွေပဲဖြစ်ပါတယ်။ တစ်နေရာကနေ နေထိုင်မကောင်းခြင်းတွေဟာ အခြားတစ်နေရာကို ပြန့်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ (ဥပမာ ရင်ဘတ်ကနေ မေးရိုး (သို့) လည်ပင်း ကနေပုခုံး၊ လက်မောင်း၊ နောက်ကျောသို့)

ပုံမှန်မဟုတ်တဲ့ ချွေးထွက်ခြင်း

လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်တာဟာ ပုံမှန်ဖြစ်ပေမယ့် ပျို့လာပြီး အေးတဲ့ ချွေးထွက်ခြင်းဟာတော့ ပြဿနာ ဖြစ်နိုင်ပါတယ်။ လူအချို့ဟာ နှလုံးတစ်ခုခု မဖြစ်မီ စိတ်ထင့်ခြင်းတို့၊ ဖြစ်လာမယ့် ကြမ္မာဆိုးကို ကြိုတင်ခံစားမိခြင်းတို့ ဖြစ်တတ်ပါတယ်။

အရေးပေါ်ကို ဘယ်အချိန်မှာ ခေါ်ရမလဲ။

နှလုံးရောဂါနဲ့ ပတ်သက်လာရင် အချိန်က အရေးကြီးပါတယ်။ အချိန်တစ်မိနစ်မှ မဖြုန်းတီးပဲ အမြန်ခေါ်သင့်ပါတယ်။

မိနစ်အနည်းငယ် (အများဆုံး ငါးမိနစ်) အတွင်း အရေးပေါ် ကျန်းမာရေးအကူအညီယူသင့်ပါတယ်။ သင့်နှလုံးဟာ နှလုံးရပ်တဲ့ ဖြစ်စဉ်အတွင်းမှာ လုံးဝ ရပ်သွားနိုင်ပါတယ်။ အရေးပေါ်က သူတွေဟာ နှလုံးကို ပြန်ခုန်အောင် လုပ်ဖို့အတွက် ဗဟုသုတရော ကိရိယာပါ ရှိကြပါတယ်။

နှလုံးရပ်တဲ့ လက္ခဏာတွေ ရှိလာပြီဆိုရင် အရေးပေါ်ကိုလဲ ခေါ်လို့မရခဲ့ရင် တစ်ယောက်ယောက်ကို ဆေးရုံကို ကားမောင်းခိုင်းသင့်ပါတယ်။ တစ်ခြားရွေးချယ်စရာ မရှိမချင်း ကိုယ်တိုင် ကားမမောင်းသင့်ပါဘူး။

ဘာတွေကို ပြင်ဆင်သင့်သလဲ။

အရေးပေါ်ကို ရောက်ပြီဆိုရင်တော့ အောက်ဖေါ်ပြပါ မေးခွန်းတွေကို ဖြေဆိုဖို့ ပြင်ဆင်သင့်ပါတယ်။

  • ဘယ်တုန်းက နေထိုင်မကောင်းတာ (သို့) နာကျင်တာတွေ စဖြစ်တာလဲ။
  • နေထိုင်မကောင်းတာ (သို့) နာကျင်တာတွေ စဖြစ်တော့ ဘာလုပ်နေသလဲ။
  • ရုတ်တရက်ကြီး မခံမရပ်နိုင်အောင် နာလာတာလား (သို့) ဖြည်းဖြည်းချင်း ပိုပိုနာလာတာလား။
  • နေလို့မကောင်းတာအပြင် အခြားလက္ခဏာတွေ (ပျို့ခြင်း၊ ချွေးထွက်ခြင်း၊ ရီဝေဝေဖြစ်ခြင်း၊ နှလုံးတုန်ခြင်း) တွေရော ရှိသေးလား။
  • ၁ ကနေ ၁၀ အထိရှိပြီး ၁၀ က အဆိုးဆုံးဆိုတဲ့ တိုင်းတာမှုတစ်ခုမှာ အဲဒီအချိန်တုံးက ဖြစ်တဲ့ နေထိုင်မကောင်းမှုကို နံပါတ် ဘယ်လောက်ပေးမှာလဲ။

ဒီမေးခွန်းတွေကို အတတ်နိုင်ဆုံးဖြေခြင်းဟာ ကျန်းမာရေးဝန်ထမ်းတွေကို သင့်ကိုအကောင်းဆုံးကုသမှုပေးဖို့နဲ့ အသက်ကယ်တင်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

ဘာကို မျှော်လင့်နိုင်ပါသလဲ။

နှစ်စဉ် နှစ်တိုင်းမှာ နှလုံးရောဂါနဲ့ လူခြောက်သိန်းလောက် သေဆုံးနေပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ဒီကိန်းဂဏန်းတွေကို လျှော့ချဖို့ နည်းတစ်နည်း ဖြစ်ပေမယ့် သူ့ကိုလည်း ဂရုတစိုက်ပြုလုပ်သင့်ပါတယ်။ နှလုံးထိန်းချုပ်စက်တပ်ထားပြီး နှလုံးခုန်နှုန်းကို စောင့်ကြည့်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း နှလုံးရပ်ခြင်းရဲ့ လက္ခဏာတွေကို နားလည်မှတ်သားသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement