နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 12, 2020 . 2 mins read
Share now

အဆုတ်ထဲရေဝင်တယ်တို့၊ အဆုတ်ရေဝိုင်းတယ်တို့ဆိုတာ ကြားဖူးကြမှာပါ။ ဒီလိုပဲ နှလုံးမှာလည်း ရေဝင်တတ်ပါတယ်။ အတိအကျပြောရရင်တော့ နှလုံးအမြှေးပါးမှာ ရေဝင်တာပေါ့။

ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေမှာ အပေါ်ကနေ အမြှေးပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ဥပမာ နှလုံးတို့ အဆုတ်တို့ပေါ့။ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ဒီအမြှေးပါးနဲ့ ကိုယ်တွင်းအင်္ဂါတွေကြားမှာ ရေဝင်လာတတ်ပါတယ်။ ခုနှလုံးမှာဆို နှလုံးရေဝင်တယ်လို့ ခေါ်တာပေါ့။ နှလုံးအတွင်းထဲကို ရေဝင်တာမျိုး မဟုတ်ဘဲ နှလုံးနဲ့ အမြှေးပါး ကြားထဲမှာ ရေဝင်နေတာပါ။

နှလုံးအမြှေးပါး ရေဝင်ရင် ဘာတွေ ခံစားရမှာလဲ။

လက္ခဏာက ရေဘယ်လောက်ဝင်လဲပေါ် မူတည်ပါတယ်။ ရေနည်းရင် တချို့မှာ လက္ခဏာတောင် မပြတတ်ပါဘူး။ ရေများလာရင်တော့

  • မောတာ၊ အသက်ရှူကြပ်တာ
  • လှဲလိုက်ရင် ပိုမောတာ
  • ရင်ဘတ်အောင့်တာ (များသောအားဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်ခြမ်းက ပိုအောင့်ပါတယ်။)
  • ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ
  • ဝမ်းဗိုက်နဲ့ ခြေထောက်တွေ ဖောရာင်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါတွေက လက္ခဏာ သက်သက်သာ ဖြစ်ပြီး နှလုံးအမြှေးပါး ရေဝင်မဝင်ကိုတော့ နှလုံးအက်ကိုးတို့ အီးစီဂျီတို့ ဓာတ်မှန်တို့ရိုက်မှပဲ အတိအကျ သိရမှာပါ။

ဒီရေတွေ ဘယ်က ဝင်တာလဲ။

အုန်းသီးထဲ ဘယ်သူက ရေလာထည့်သလဲဆိုသလိုပေါ့။ နှလုံးအမြှေးပါးထဲကိုရော ဘယ်သူက ရေလာထည့်သွားတာပါလိမ့်။

နှလုံးအမြှေးပါးထဲကို ရေဝင်စေတဲ့ အကြောင်းရင်းကတော့ နှလုံးအမြှေးပါး ရောင်ရမ်းလို့ပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ အပြင်မှာ သာမန်ပြည်တည်နာဖြစ်ရင် သားနံရည်တွေ ထွက်သလိုပဲ နှလုံးအမြှေးပါးရောင်ရမ်းရင်လည်း ထွက်တတ်ပါတယ်။

ထွက်တဲ့အရည်က ရိုးရိုး အရည်ကြည်လည်း ဖြစ်နိုင်သလို ပြည်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ နှလုံးကို ထိခိုက်ဒဏ်ရာရတာကြောင့် သွေးထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီထဲမှာ အဖြစ်အများဆုံးကတော့ နှလုံးအမြှေးပါးရောင်ရမ်းတာပေါ့။ ဘာတွေကြောင့် ရောင်သလဲဆိုရင်

  • နှလုံးခွဲစိတ်ပြီး ဒါမှမဟုတ် heart attackရပြီး ရောင်ရမ်းတာ
  • အရေပြားလေးဖက်နာ၊ အဆစ်အမြစ်ရောင် လေးဖက်နာ စတဲ့ ခုခံအား ရောဂါတွေကြောင့် ရောင်ရမ်းတာ
  • တခြားနေရာက ကင်ဆာတွေ နှလုံးအမြှေးပါးကို ပျံ့လာတာ
  • နှလုံးအမြှေးပါးကိုယ်တိုင်က ကင်ဆာဖြစ်တာ
  • ကင်ဆာဆေးသွင်းတာ၊ ရောင်ခြည်ပြတာတွေကြောင့် ရောင်ရမ်းတာ
  • ကျောက်ကပ်ပျက်လို့ ကျောက်ကပ်ဆိပ်တွေ ပျံ့လာတာ
  • သိုင်းရွိုက်ဟော်မုန်း နည်းတာ
  • ဗိုင်းရပ်စ်၊ ဘက်တီးရီးယား (အထူးသဖြင့် တီဘီ)၊ ကပ်ပါးပိုးတွေ နှလုံးအမြှေးပါးကို ရောက်လို့ ရောင်ရမ်းတာ
  • တချို့သော ဆေးဝါးတွေကြောင့် ရောင်ရမ်းတာ စတာတွေပဲ ဖြစ်ပါတယ်။

ချက်ချင်းကုသရမှာလား။

ဒါကတော့ လူနာနဲ့ အခြေအနေနဲ့ ဝင်တဲ့ ရေပမာဏအပေါ် မူတည်ပါတယ်။ ပုံမှန်လည်း နှလုံးနဲ့ နှလုံးအမြှေးပါးကြားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် အရည်အနည်းငယ်တော့ ရှိပြီးသားပါ။

ရောဂါတစ်ခုခုကြောင့် ရေဝင်ပြီဆိုရင် ၁၀၀ မီလီလီတာ (ရေသန့်ဘူးရဲ့ ဆယ်ပုံ တစ်ပုံ)ကနေ ၂လီတာထိ ဝင်နိုင်ပါတယ်။ ရေတွေ သိပ်များလာပြီဆို နှလုံးကို ပြန်ဖိပါတယ်။ အဖိခံရတဲ့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်ဘူးဆိုရင် မကြာခင် တစ်ကိုယ်လုံးမှာ ရှော့ဝင်လာမှာပါ။ ဒီအခြေအနေကို pericardial tamponadeလို့ ခေါ်ပါတယ်။ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ် ရှိပါတယ်။

ဒါကြောင့် အထက်ပါ လက္ခဏာတွေကို ခံစားရနေပြီဆိုရင် ဒါမှမဟုတ် ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။ လက္ခဏာတွေက သိသိသာသာ ခွဲခြားဖို့ ခက်တာကြောင့် အသေးစိတ် စစ်ဆေးဖို့ လိုပါမယ်။

ကုသနည်းတွေက အရောင်ကျအောင် ဆေးတွေပေးတာ၊ အရည်တွေ စုပ်ထုတ်တာ၊ ခွဲစိတ်မှုတွေ လုပ်တာ စသဖြင့် လူနာလိုအပ်ချက်နဲ့ ရောဂါအခြေအနေအပေါ် မူတည်ပြီး ကုသလို့ရပါတယ်။ လက္ခဏာတွေ ခံစားရရင်သာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်တာက အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် လက္ခဏာတွေ ခံစားနေရရင် ဆေးရုံကို အမြန်သွားပါ။ ကာကွယ်နည်းတွေကို လိုက်နာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

နာတာရှည် လေပြွန်ရောင် ရောဂါရဲ့ လက္ခဏာတွေကတော့ ချောင်းဆိုးတာ၊ ချွဲကြပ်တာ၊ မောတာ၊ အသက်ရှူရင် တရွှီရွှီမြည်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပန်းနာရင်ကြပ် ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ပန်းနာရင်ကြပ် ရောဂါရှာဖွေဖို့အတွက် ရောဂါရာဇဝင် မေးမြန်းတာ၊ လူနာကို စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ဖို့ လိုပါတယ်။ ဒါမှ ရောဂါကို ကုသလို့ရမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ၊ တန်ဆေးနဲ့ လွန်ဘေး

တန်ဆေး၊ လွန်ဘေးဆိုသလိုပဲ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်ကို အကျိုးပြုတာတွေရော ဆိုးကျိုးဖြစ်စေတာတွေရော ပေးစွမ်းနိုင်တာတော့ အမှန်ပါ။ အထူးသဖြင့် နှလုံးကိုပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
နှလုံးရောဂါ, ကျန်းမာရေးစင်တာ အောက်တိုဘာ 26, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

ကိုဗစ်လူနာ ကို အောက်ဆီဂျင် ဘယ်လောက်ပေးကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 12, 2021 . 3 mins read
နှလုံးသွေးကြော ရောဂါများ

နှလုံးသွေးကြော ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 28, 2020 . 3 mins read
နှလုံးပိုးဝင်ခြင်း

နှလုံးပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 3 mins read
ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read