backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါ နှင့် အဆုတ်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါနှင့် အဆုတ်ရောင်ရောဂါတို့ ဘာတွေကွာခြားသလဲ။

အထက်ပါ ရောဂါနှစ်မျိုးကို နှိုင်းစာကြည့်သော် ကွာခြားမှု တချို့ရှိသည်ကို တွေ့ရမည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များသည် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း ပိုများသည်။ ၂၀၀၂ ခုနှစ်ထုတ် အမေရိကန် သမားတော်များ စာစောင်တွင် နာတာရှည် အဆုတ်ရောင် ရောဂါရှင်များ၏ ၇၀ – ၇၅ ရာခိုင်နှုန်းသည် strepcoccus နှင့် haemophilus ကဲ့သို့သော ပိုးကောင်များ ကူးစက်ခံရမှုကြောင့် ရောဂါ ပိုဆိုးလာစေကြောင်း ဖော်ပြထားသည်။

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ဆိုသည်မှာ ထိခိုက်ထားသော အဆုတ်သည် အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ပေးနိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ

• အဆုတ်တွင်းရှိ လေပြွန်ငယ်များ ရောင်ရမ်းခြင်းကြောင့် အသက်ရှုလမ်းကြောင်း ပိတ်သွားခြင်း

• အဆုတ်တွင်း လေအိတ်ငယ်များ ပျက်စီးသွားခြင်းတို့ကြောင့် ဖြစ်သည်။

ရောဂါလက္ခဏာစုများ

ချောင်းဆိုးခြင်း

အသက်ရှုမဝခြင်း

တရွှီရွှီ မြည်ခြင်း

ရင်ကျပ်ခြင်း

အကြောင်းအရင်း

ဆေးလိပ်သောက်ခြင်း

မျိုးရိုးရှိခြင်း

လေထု ညစ်ညမ်းခြင်း

ငယ်စဉ်ကတည်းက ကူးစက်ရောဂါရှိခြင်း

အသက်ရှုလမ်းကြောင်း ထိခိုက်ပျက်စီးခြင်း

ကုသခြင်း

ပျောက်ကင်းအောင် မကုသနိုင်ပါ။

ပဋိဇီဝ ပိုးသတ်ဆေး

ချွဲပျော်ဆေး

အောက်ဆီဂျင်ရှုခြင်း

စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (လေ့ကျင့်ခန်း၊ ရေများများ သောက်ခြင်း) စသည်တို့ဖြင့် ရောဂါ ပို မဆိုးလာစေရန် ထိန်းသိမ်းနိုင်သည်။

အဆုတ်ရောင်ရောဂါ

၎င်းသည် ဘက်တီးရီးယားကြောင့် ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည်။

ရောဂါလက္ခဏာစုများ

ချောင်းဆိုးခြင်း

အသက်ရှုမဝခြင်း

တရွှီရွှီမြည်ခြင်း

ရင်ကျပ်ခြင်း

ဖျားခြင်း

ချမ်းတုန်ခြင်း

ရင်ဘတ်အောင့်ခြင်း

အကြောင်းရင်း

ဘက်တီးရီးယားပိုး

ကုသမှု

ပဋိဇီဝ ပိုးသတ်ဆေး

ချွဲပျော်ဆေး

အောက်ဆီဂျင်ရှုခြင်း

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များတွင် အဆုတ်ရောင်ရောဂါကို ဘယ်လိုမျိုး တွဲဖြစ်သလဲ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါ ခံစားနေရသူများသည် အဆုတ်မကောင်းသောကြောင့် ရောဂါများ ကူးစက်ခံရနိုင်ခြေ များသည်။ နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေးများ ထိုးခြင်းဖြင့် အဆုတ်ရောင် ရောဂါကဲ့သို့သော ကူးစက်မှုမျိုးကို လျှော့ချနိုင်သည်။ ရောဂါပိုဆိုးလာသည့် အခါမျိုးတွင် ရောဂါလက္ခဏာများသည် တူညီနေတတ်သည်။

ဖြစ်လေ့ ရှိသော လက္ခဏာများမှာ

• အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် စကားမပြောနိုင်ခြင်း

• သလိပ်အရောင် ပြောင်းခြင်း (အစိမ်း၊ သံချေးရောင်၊ အဝါ သို့မဟုတ် သွေးရောင်)

• အဖျားတက်ခြင်း

• ပုံမှန်သောက်နေကျ ဆေးများနှင့် မသက်သာခြင်း

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါသည်များတွင် အဆုတ်ရောင်ရောဂါ မဖြစ်စေရန် ဘာတွေ ပြုလုပ်သင့်သလဲ။

ဦးစွာပထမ ဆေးလိပ်ဖြတ်ပါ။ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်နေသူများ၏ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိခြင်း၊ တခြားသော မီးခိုးငွေ့နှင့် ဂက်စ်ငွေ့များ ရှုရှိုက်မိခြင်းမှ ရှောင်ကျဉ်ပါ။

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ရောဂါရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ကာ ကာကွယ်ဆေး ထိုးသင့်သည်။ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးအပြင် flu ကဲ့သို့သော အအေးမိရောဂါ ကာကွယ်ဆေးမျိုးလည်း ထိုးသင့်သည်။ အထက်ဖော်ပြပါ ရောဂါဖြစ်စေသော အကြောင်းရင်းများမှလည်း ရှောင်ကျဉ်သင့်သည်။

လေ့ကျင့်ခန်း ပြုလုပ်ပါ။ အဆုတ်ကို ပိုကျန်းမာစေသည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်နေထိုင်ပါ။ သင့်ရောဂါဂါို မျက်ခြေ မပြတ်ပါစေနှင့်။ ရောဂါမသက်သာလျှင်၊ ပိုဆိုးလာလျှင်၊ သောက်နေကျဆေးများ မတိုးတော့လျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ အရေးပေါ်ကုသမှု ခံယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement