သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

Heart attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာ နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားများဟာ သွေးကို လုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ခံစားရတဲ့ ဝေဒနာဟာ ရုတ်ချည်းပြင်းထန်စွာ ခံစားရတာမို့ heart attack (သို့) နှလုံးထိုက်ခြင်းလို့ ခေါ်နိုင်ပါတယ်။

နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင် နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်လို့ မပေါ့မဆ သတိပြုသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။

နှလုံးထိခိုက်ခြင်းဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတွေကတော့

– အသက်အရွယ်

– မျိုးရိုးရှိခြင်း

– သွေးတိုးခြင်း

– ကိုလက်စထရောများခြင်း

– အဝလွန်ခြင်း

– အာဟာရမပြည့်ဝခြင်း

– အရက်အလွန်အကျွံသောက်ခြင်း

– စိတ်ဖိစီးခြင်း

– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေ ဖြစ်ပါတယ်။

အဆိုပါ အချက်တွေထဲမှာ ပါဝင်နေရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲသင့်တဲ့အပြင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်နားလည် သိရှိထားသင့်ပါတယ်။

ရင်ဘတ်အောင့်ခြင်း၊၊ တင်းကြပ်ခြင်း၊ မအီမသာဖြစ်ခြင်း

Heart attack ကြုံရသူ လူအများစုဟာ ရင်ဘတ်အောင့်ခြင်းကို ခံစားရတတ်ပါတယ်။ သတိပြုရမယ့် အချက်ကတော့ နှလုံးထိခိုက်မှုဖြစ်တိုင်းလည်း ရင်ဘတ်အောင့်ခြင်း မဖြစ်တတ်ပါဘူး။

နှလုံးသွေးငတ်ခြင်း ဖြစ်ပေါ်ပြီး ရင်ဘတ်အောင့်ခြင်းကို ခံစားဖူးသူများဟာ ဒီဝေဒနာကို ရင်ခေါင်းကို ဆင်တက်နင်းသလိုပဲဆိုတဲ့ ဥပမာမျိုး ပေးတတ်ကြပါတယ်။ ဒါပေမယ့် လူတချို့ဟာတော့ ရင်ဘတ်အောင့်ခြင်းကို ကွဲကွဲပြားပြား မခံစားရပါဘူး။ ရင်ဘတ်ထဲ တင်းကြပ်နေတယ် ဆုပ်ညှစ်ထားသလို ခံစားရတယ်လို့ ဆိုကြပါတယ်။ ဒီဝေဒနာမျီုးကို မိနစ်အနည်းငယ် ခံစားရပြီး ပျောက်သွားတတ်ပါတယ်။

တခါတရံ နာရီအနည်းငယ်ကြာရင် ဒါမှမဟုတ် တရက်လောက်ကြာရင် ပြန်ပြီး ခံစားရတတ်ပါတယ်။ ဒါဟာ နှလုံးကြွက်သားကနေ အောက်ဆီဂျင်ကို လုံလောက်စွာ မရတဲ့ အခြေအနေဖြစ်ပါတယ်။ ရင်ဘတ်ကစူးအောင့်ခဲ့ရင်၊ ညှစ်ဆုပ်ထားသလို တင်းကြပ်ကြပ်ဖြစ်နေရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။

ထူးခြားချက်တခုကတော့ ရင်ဘတ်က နာကျင်မှုဝေဒနာနဲ့ တင်းကြပ်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေဆီပါ ရောက်ရှိသွာတတ်ပါတယ်။ နှလုံးထိခိုက်မုှဖြစ်သူအများစုမှာတော့ နှလုံးနေရာတဝိုက်သာမကဘဲ ဘယ်ဘက်လက်မောင်းဆီကို နာကျင်မှုဟာ ရွေ့လျားသွားနိုင်ပါတယ်။ အဆိုပါနေရာအပြင် တခြားရွေ့သွားနိုင်တဲ့ နေရာတွေကတော့

– ဝမ်းဗိုက်အထက်ပိုင်း

– ပခုံး

– ကျောကုန်း

– လည်ပင်း

– သွားများ (သို့) မေးရိုး

ချွေးထွက်ခြင်း

နှလုံးထိခိုက်မှုဖြစ်ရင် လှုပ်ရှုားမှုမများလျင်လည်း ချွေး့ပြန်နေတတ်ပါတယ်။ ဒါဟာ နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ကျဉ်းနေတဲ့သွေးကြောတွေကို ဖြတ်သန်းပြီး သွေးများကို ညှစ်ထုတ်ထုတ်နိုင်ဖို့ နှလုံးဟာ ပိုအားစိုက်ရပါတယ်။ ဒါကြောင့် ချွေးများထွက်လာပြီး ကိုယ်ခန္ဓာလည်း အေးစက်လာတတ်ပါတယ်။ ခြေဖျားလက်ဖျားများ အေးစက်ပြီး ချွေးပြန်နေမယ်ဆိုရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။

ပင်ပန်းနွမ်းနယ်ခြင်း

ပင်ပန်းပြီးနုန်းခွေခြင်းဟာလည်း နှလုံးထိခိုက်ခြင်းရဲ့ လူသိပ်မသိတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ နှလုံးသွေးကြောတနေရာရာမှာ ပိတ်ဆို့ရင် သွေးများကို ပိုမိုညှစ်ထုတ်ရဖို့ အားစိုက်တဲ့အတွက် နှလုံးဟာ ပိုမိုပင်ပန်းပါတယ်။ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ မောပန်းနေမယ်ဆိုရင် ဒီအချက်ကို သတိပြုသင့်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းကို ပိုမိုခံစားရတတ်ပါတယ်။ နှလုံးထိခိုက်ခြင်းမဖြစ်ခင် လအနည်းငယ်ကတည်းက အဲဒီလက္ခဏာတွေ ကြုံရတတ်ပါတယ်။

အသက်ရှူမဝခြင်း

အသက်ရှူခြင်းနဲ့ နှလုံးကနေ သွေးကိုညှစ်ထုတ်ခြင်းဟာ ဆက်စပ်နေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နှလုံးကနေ သွေးကိုညှစ်ထုတ်တဲ့အတွက် သွေးများဟာ တစ်သျှူးများဆီရောက်သလို အဆုတ်ကနေ အောက်ဆီဂျင်ကိုလည်း ရယူလာနိုင်ပါတယ်။ နှလုံးထိခိုက်မှုကြောင့် သွေးများကို လုံလောက်စွာ ညှစ်ထုတ်ခြင်းမပြုနိုင်ရင် အောက်ဆီဂျင်ပြတ်တောက်ပြီး အသက်ရှူမဝခြင်း ဖြစ်တတ်ပါတယ်။

မူးဝေသတိလစ်ခြင်း

မူးဝေခြင်း၊ သတိလစ်ခြင်းဟာလည်း နှလုံးထိခိုက်ခြင်းရဲ့ လက္ခဏာပါပဲ။ အထူးသဖြင့် မတ်တပ်ရပ်ဖို့ ကြိုးစားချိန်၊ အားစိုက်ထုတ်လုပ်ကိုင်ချိန်တွေမှာ ဖြစ်တတ်ပါတယ်။

နှလုံးခုန်မြန်ခြင်း

နှလုံးခုန်နှုန်းမြန်ပြီး တခါတရံ စည်းချက်ပါ လွဲနိုင်ပါတယ်။ သင့်ရဲ့နှလုံးခုန်စည်းချက်ဟာ ပုံမှန်စည်းချက်တခုနဲ့ ခုန်နေပြီး သွေးများကို လည်ပတ်စေတာ ဖြစ်ပါတယ်။ တကယ်လို့ နှလုံးခုန်တဲ့ စည်းချက်လွဲနေပြီဆိုရင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်။

အထက်ပါလက္ခဏာတွေ ကြုံလာရင် ဘာလုပ်ရမလဲ

သင့်အနေနဲ့ နှလုံးထိခိုက်ခြင်း လက္ခဏာတွေပေါ်နေပြီဆိုရင် နီးစပ်ရာ အရေးပေါ်ကျန်းမာရေးဌာနမှာ ပြသရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကားမောင်းသွားခြင်းထက် လူနာတင်ကာားနဲ့ပဲ သွားသင့်ပါတယ်။ ကားမောင်းဖို့ အားစိုက်ထုတ်ချိန်မှာ ပိုမိုဆိုးရွားသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အန်ဖတ်တမင်း အလွဲသုံးခြင်း။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အနံ့ပျောက်ရင် ဘာလုပ်ရမလဲ။

ခုတလော အနံ့ မရတော့ဘူးဆိုရင် ကိုဗစ်ပဲဆိုပြီး စိုးရိမ်မှုတွေ အတော်လေး များနေကြပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်လွန်ရောဂါ

အကြောက်တရားဆိုတာလူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် တချို့သောသူတွေမှာတော့ အထူးအထွေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ၊ တန်ဆေးနဲ့ လွန်ဘေး

အယ်လ်ကိုဟောနဲ့ နှလုံးရောဂါ၊ တန်ဆေးနဲ့ လွန်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read
သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်းအကြောင်း

နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read