backup og meta

အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း ။ ။

    တီဘီ ရောဂါလို့ဆိုလိုက်တာနဲ့ ချောင်း ၂ ပတ်ထက်ကျော်အောင်ဆိုးမယ်၊ ဖျားမယ်၊ ကိုယ်အလေးချိန်ကျသွားမယ် စတာတွေကို ပြေးမြင်ကြပါတယ်။ ဒါတွေက တီဘီရောဂါရဲ့ လက္ခဏာတွေဆိုတာတော့မှန်ပါတယ်။ ဒါပေမယ့် အဆုတ်တီဘီရဲ့ လက္ခဏာတွေပါ။ ကိုယ်ခန္ဓါမှာ အဆုတ်တစ်ခုတည်း တီဘီရောဂါဖြစ်နိုင်တာမဟုတ်ပါဘူး။ အခြားနေရာတွေမှာဖြစ်တဲ့ တီဘီရောဂါတွေလည်း ရှိပါသေးတယ်။

    အဆုတ်တီဘီမဟုတ်တဲ့ တီဘီရောဂါ များအကြောင်း။ ။

    ပြောရမယ်ဆိုရင် တီဘီရောဂါဟာ လူသားတိုင်းမှာ ရှိနေတတ်ပြီး ခုခံအားက ထိန်းထားလို့ ကြွမလာတဲ့ ရောဂါတစ်ခုပါ။ သိကြတဲ့အတိုင်း တီဘီရောဂါက လေနဲ့ ကူးစက်ဆိုတော့ အရမ်းပျံ့နှံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ အဲဒီအထဲမှာ အဖြစ်အများဆုံးကတော့ အားလုံးသိနေတဲ့ အဆုတ်တီဘီပေါ့။ ဒါပေမယ့် အဆုတ်အပြင် ကိုယ်ခန္ဓါရဲ့ အခြားနေရာမှာ တီဘီရောဂါဖြစ်နိုင်ပါသေးတယ်။ သူတို့တွေကတော့

    ( ၁ ) Lymph node TB

    ကိုယ်ခန္ဓါရဲ့ စနစ်တွေထဲမှာ အပြင်က ရောဂါပိုးတွေဝင်လာရင် ဖမ်းပေးတဲ့ ပြန်ရောကြော အဖု( lymph node ) လေးတွေ ရှိပါတယ်။ ) Lymph node TB ဆိုတာ အဲဒီ ပြန်ရည်ကြော အဖုလေးတွေမှာ တီဘီရောဂါဖြစ်ပြီး အဆုတ်ပြင်ပမှာ အဖြစ်အများဆုံး TB တစ်ခုပါ။ lymph node ရှိတဲ့ ဘယ်နေရာမဆို တီဘီရောဂါဖြစ်တတ်ပြီး တီဘီရှိနေတဲ့

    • lymph node ကြီးလာကာ မာမာခဲခဲ ရှိနေတတ်ပြီး အပြုံလိုက်တွေ့ရတတ်ပါတယ်။
    • အလုံးတွေ အလယ်လောက်မှာ ပျော့ပျော့လေးဖြစ်နေတတ်ပြီး နေရာရွေ့လို့ရတာ နာကျင်မှုလည်း သိပ်မရှိပါဘူး။

    ( ၂) Pleural TB

    Pleural TB ဆိုတာ အဆုတ်ပတ်လည်မှာ ကာထားတဲ့ အလွှာပါးလေးမှာ ဖြစ်တဲ့တီဘီရောဂါဖြစ်ပါတယ်။ အလွှာပါးလေးက နှစ်ထပ်ရှိပြီး တစ်ထပ်က အဆုတ်မှာကပ်နေကာ နောက်တစ်ထပ်ကတော့ ရင်ဘတ်နံရံနဲ့ ကပ်နေတာဖြစ်ပါတယ်။ ခုပြောတဲ့ Pleural TB ဆိုတာ ဒီ အလွှာပါး နှစ်ခုကြားထဲက နေရာလေးမှာ တီဘီဖြစ်တာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့

    • အဖျားတက်မယ်
    • အသက်ရှူလိုက်တိုင်း ရင်ဘတ်အောင့်နေမယ်
    • အဆုတ်မှာ အရည်တွေဝိုင်းလာပြီး အသက်ရှူရကြပ် နေတာမျိုးတွေဖြစ်တတ်ပါတယ်။

    ( ၃ ) အရိုး တီဘီ

    တီဘီထဲမှာမှ အရိုးတီဘီကလည်း အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ လက္ခဏာတွေကတော့

    • တီဘီဖြစ်နေတဲ့အရိုးနဲ့ အဆစ်နေရာမှာ ရောင်ပြီး နာကျင်နေမယ်
    • နောက်ပိုင်း အရိုးတွေက ကျွတ်ဆတ်လွယ်လာမယ်၏
    • လုံးဝ လမ်းလျှောက်လို့ မရတော့တဲအထိ ဖြစ်သွားတတ်ပါတယ်.
    • ဒါတွေအပြင် တီဘီရဲ့ လက္ခဏာတွေဖြစ်တဲ့ အဖျားကြီးတာ၊ ညဘက်ချွေးထွက်တာ၊ အစားအသောက်ပျက်တာနဲ့ ကိုယ်အလေးချိန်ကျဆင်းတာမျိုးတွေ ရှိတတ်ပါတယ်။

    ( ၄ ) ဦးနှောက်အာရုံကြော တီဘီရောဂါ

    ဦးနှောက်နဲ့ ပင်မ ကျောရိုးတို့ ဖွဲ့စည်းထားတဲ့ အာရုံကြောစနစ်မှာ တီဘီဖြစ်တတ်ပါသေးတယ်။ အဖြစ်အများဆုံးကတော့ ဦးနှောက်အမြှေးပါး တီဘီ ( TB meningitis ) ဖြစ်ပြီး လက္ခဏာတွေကတော့

    • အဖျားကြီးမယ်
    • တစ်ခါတစ်ခါ တက်သွားတတ်ပြီး
    • နုန်းခွေက စကားပြော လှုပ်ရှားမှုတွေ အားလုံး အားမရှိသလို ဖြစ်နေတတ်ပါတယ်။ အဆုတ်တီဘီ မဟုတ်တဲ့ တီဘီတွေထဲမှာ အန္တရာယ်အများဆုံး တီဘီရောဂါ တစ်ခုပါ။

    ( ၅ ) အခြား တီဘီရောဂါ ဖြစ်နိုင်တဲ့နေရာတွေကတော့

    • ဗိုက်ထဲက ကလီစာတွေထဲမှာဆို အသည်း၊ သရက်ရွက်နဲ့ အူတီဘီတို့ပဲ ဖြစ်ပါတယ်။
    • ကျောက်ကပ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိတ်တွေမှာလည်း တီဘီရောဂါဖြစ်တတ်ပါတယ်။

    ဒီတော့ အဆုတ်မှာတင် တီဘီရောဂါဖြစ်နိုင်တာ မဟုတ် အခြားနေရာတွေမှာလည်း တီဘီဖြစ်တတ်သေးတယ်ဆိုတာကို သိတားဖို့ လိုအပ်တယ်နော် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement