သတိထားစရာများ
အများအားဖြင့်တော့ ရုတ်တရက်သေဆုံးသွားတဲ့ဖြစ်စဉ်တွေဟာ ကာကွယ်ဖို့ အချိန်မမီလိုက်တာ မသိလိုက်ဘဲ ဖြစ်သွားတာတွေဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် ဒီလက္ခဏာတွေရှိနေတယ်ဆိုရင် သတိထားရပါမယ်။
၁။ သတိလစ်မေ့မြောတတ်ခြင်း – အားကစားလုပ်တဲ့အခါ ပင်ပင်ပန်းပန်းလှုပ်ရှားတဲ့အခါမှာ မူးမိုက်လဲကျတာ၊ သတိလစ်သွားတတ်တာတွေက နှလုံးမှာပြဿနာရှိနေတယ်ဆိုတာကိုပြသပါတယ်။
၂။ မိသားစုမျိုးရိုးရှိတာ – နှလုံးရောဂါတွေဟာ မျိုးရိုးလိုက်တတ်ပါတယ်။ မျိုးရိုးထဲမှာ ရုတ်တရက်နှလုံးရပ်သေဖူးတဲ့သူတွေရှိရင် ကိုယ်လည်းသတိထားရပါတယ်။
၃။ အသက်ရှူမဝခြင်း
၄။ ရင်ဘတ်အောင့်ခြင်း
၅။ နှလုံးခုန် အလွန်အမင်းမြန်လာခြင်း၊ သို့မဟုတ် ခုန်ချင်သလိုခုန်ခြင်း
၆။ အဝလွန်ခြင်း၊ ဆီးချိုသွေးတိုးရှိခြင်း
ဒါတွေကို လျှော့ချပါ။
ရုတ်တရက်သေဆုံးမှုကိုလျှော့ချနိုင်ဖို့အတွက်ဆိုရင်
- ဆေးလိပ်ဖြတ်ပါ။
- ကိုယ်အလေးချိန်ချပါ။
- လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
- မျိုးရိုးရှိတယ်ဆိုရင် နှလုံးကို စစ်ဆေးမှုခံယူပါ။
- သွေးတိုးနဲ့ ဆီးချိုကိုထိန်းပါ။
- အိပ်ရာထဲမှာ ကြာကြာနေရရင် ထိုင်ပြီးသွားရတဲ့ခရီးရှည်သွားရရင် မကြာခဏ လမ်းလျှောက်ပေးတာ၊ ခြေထောက်ကိုလှုပ်ပေးတာတွေလုပ်ပါ။
ကူညီနိုင်မယ့်အရာများ။
ကိုယ့်ရှေ့မှာ နှလုံးအမောဖောက်ပြီး လဲကျသွားတယ်၊ သတိလစ်သွားတယ်ဆိုရင် ဒါတွေကိုအရေးပေါ် အမြန်အဆန်လုပ်ပေးပါ။
၁။ အကူအညီကို အော်ဟစ်တောင်းခံပါ။ ဆေးရုံကားအရေးပေါ်ခေါ်ပါ။
၂။ အသက်ရှူနေလား၊ နှလုံးခုန်နေသေးလားဆိုတာကို စမ်းသပ်ပါ။
၃။ အသက်မရှူ၊ နှလုံးမခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စတင်ကျင့်သုံးပါ။
၄။ အရေးပေါ်အသက်ကယ်နည်း လုပ်ထုံးလုပ်နည်း
- ရင်ညွှန့်ရိုးအလယ်ကို လက်နှစ်ဖက်ကို ထပ်ပြီးဖိပါ။ တစ်မိနစ်ကို အချက် ၁၀၀ နှုန်းနဲ့ မှန်မှန်ဖိရပါမယ်။
- ပက်လက်အနေအထား အတည့်ထားပြီး မေးစိကို အပေါ်ကို တွန်းတင်လိုက်ပါ။
- ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပါ။ လေမမှုတ်သွင်းခင်မှာ လေဝင်လမ်းကြောင်းကို ပိတ်ဆို့နေတဲ့အရာတွေကိုအရင်ဖယ်ရှားပါ။
၅။ ဆေးရုံကားနဲ့ ကူညီကယ်ဆယ်ပေးမယ့် ကျွမ်းကျင်သူတွေရောက်မလာခင်အထိ အရေးပေါ်အသက်ကယ်နည်းကို လုပ်ဆောင်ရပါမယ်။
အရေးပေါ်အသက်ကယ်တဲ့နည်းလမ်းဟာ ရိုးရှင်းလွယ်ကူပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့အတွက် Youtube လိုနေရာကနေ လုပ်နည်းကို သင်ယူလေ့လာထားသင့်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။