မြန်မာနိုင်ငံတွင် အသေအပျောက်အများဆုံး ရောဂါငါးမျိုး

ရောဂါများ

၂၀၁၆ဟာ ကုန်တော့မှာ မလို့ ၂၀၁၆မှာ မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး ရောဂါဆယ်မျိုးအကြောင်းကို လေ့လာကြည့်ကြရအောင်။

နှလုံးသွေးကြောကျဉ်းရောဂါ

မြန်မာမှာ အသေအပျောက်အများဆုံး နံပါတ်တစ် ရောဂါကတော့ နှလုံးသွေးကြောကျဉ်းခြင်း ပဲဖြစ်ပါတယ်။ ၂၀၁၀ မှာ နှလုံးသွေးကြောကျဉ်းခြင်းကြောင့် သေဆုံးမှုပေါင်း ၂၂၇၀၁ ရှိခဲ့တယ်လို့ WHO က ပြောပါတယ်။

နှလုံးသွေးကြောကျဉ်းခြင်းဟာ နှလုံးရပ်ခြင်းကိုဖြစ်စေနိုင်ပြီး နှလုံးသွေးကြောအတွင်းမှာ အစိုင်အခဲတစ်ခု ဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ နာတာရှည်ရောဂါဖြစ်ပြီး နှလုံးသွေးကြောဟာ တဖြည်းဖြည်း ကျဉ်းလာပြီး ကြွက်သားကိုသွားတဲ့ သွေးပေးနှုန်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် ရုတ်တရက် အစိုင်အခဲဟာ ပေါက်သွားတတ်ပြီး သွေးခဲဖြစ်ပေါ်လာပါတယ်။

လေဖြတ်ခြင်း

လေဖြတ်ခြင်းဟာ မြန်မာမှာ တတိယအသေအပျောက် အများဆုံး ရောဂါဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ကင်ဆာတို့ကပဲ သူ့ထက်ပိုများတာပါ။ သူဟာ ပြင်းထန်တဲ့ မသန်မစွမ်းမှုတွေ ဖြစ်စေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဖြစ်ပါတယ်။ နှစ်တိုင်း မြန်မာမှာ ခန့်မှန်းခြေ လူ ၄၀၀၀၀ လောက်က လေဖြတ်ခြင်းကို ခံစားကြရပါတယ်။ လေဖြတ်ခြင်းကို ကလေးတွေ အပါအဝင် လူတိုင်းခံစားကြရနိုင်ပြီး အများစုကတော့ အရွယ်ရောက်ပြီး သူတွေပဲ ဖြစ်ကြပါတယ်။

လေဖြတ်တယ်ဆိုတာ ဦးနှောက် တိုက်ခိုက်ခံရတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ဒါဟာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ရပ်တန့်သွားရင် ဖြစ်နိုင်ပါတယ်။ လေဖြတ်ရင် ဦးနှောက်ဟာ အောက်ဆီဂျင် ပြတ်တောက်သွားပြီး စတင် သေဆုံးပါတယ်။ လေဖြတ်စဉ် ဦးနှောက်ဆဲလ်တွေ သေဆုံးတဲ့အခါမှာ သူတို့က ထိန်းချုပ်ထားတဲ့ လုပ်ဆောင်ရည်တွေ (မှတ်ဉာဏ်၊ ကြွက်သား ထိန်းချုပ်မှု) တို့ဟာ ပျောက်ဆုံးကုန်ပါတယ်။

တုတ်ကွေးနဲ့ အဆုတ် အအေးမိခြင်း

မေ ၂၀၁၄ မှာ ထုတ်ပြန်ခဲ့တဲ့ WHO data အရ တုတ်ကွေးနဲ့ အဆုတ် အအေးမိခြင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၁၇၇၃ (သေဆုံးမှုပေါင်းရဲ့ ၉.၂၆%) ရှိပါတယ်။

တုတ်ကွေးဟာ အလွန်ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပြီး ဆောင်းရာသီရဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်ခု ဖြစ်ပါတယ်။ တုတ်ကွေးဟာ ရောဂါပိုးရှိတဲ့သူက ချောင်းဆိုး (သို့) နှာချေလိုက်ရင် လူတစ်ယောက်က တစ်ယောက်ကို လွယ်ကူစွာ ကူးစက်နိုင်ပါတယ်။

အဆုတ်အအေးမိခြင်းကတော့ အဆုတ်ရောင်ရမ်းခြင်း (သို့) ပြင်းထန်တဲ့ ကူးစက်ရောဂါပိုးပဲဖြစ်ပါတယ်။ လေအိတ်တွေဟာ ပြည်တွေ အခြား အရည်တွေနဲ့ ပြည့်နှက်နေပြီး အောက်ဆီဂျင် သွေးအတွင်း ရောက်ရှိမှုကို ပိတ်ဆို့ပါတယ်။ အောက်ဆီဂျင် သွေးထဲမှာ အလွန်နည်းနေခဲ့ရင် ကိုယ်ခန္ဓါ ဆဲလ်တွေဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပဲ သေဆုံးနိုင်ပါတယ်။

အဆုတ်ရောဂါ

အဆုတ်ရောဂါဟာ ကမ္ဘာပေါ်မှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ၂၀၁၀ မှာ အသေအနှုန်း ဖြစ်ပွားစေမှု နံပါတ်ရှစ် နေရာမှာရှိပြီး ၂၉၃၄ သေဆုံးမှု ရှိပါတယ်။ ၂၀၁၃ မှာတော့ သူဟာ မြန်မာမှာ သေဆုံးမှု နံပါတ်လေးဖြစ်စေတဲ့ ရောဂါဖြစ်ပြီး ၆၇၉၇ ခု ရှိကာ ၂၀၀%လောက် တက်လာတာ ဖြစ်ပါတယ်။

အဆုတေ်တွေဟာ ရှုပ်ထွေးတဲ့ အင်္ဂါတွေဖြစ်ပြီး တစ်နေ့တစ်နေ့ကို အောက်ဆီဂျင် ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ရှူထုတ်ခြင်းကို အကြိမ်ပေါင်း ထောင်ပေါင်းများစွာ လုပ်ဆောင်ပါတယ်။ အဆုတ်ရောဂါတွေဟာ ဒီစနစ်ရဲ့ အစိတ်အပိုင်း အမျိုးမျိုးကနေ ဖြစ်ပွားနိုင်ပါတယ်။

ဆီးချို

ဆီးချိုရောဂါဟာ မြန်မာမှာ နံပါတ် ၇ သေနှုန်းအမြင့်ဆုံး ရောဂါဖြစ်ပြီး ၂၀၁၀မှာ သေဆုံးမှုပေါင်း ၃၂၀၅ ရှိပါတယ်။ နောက်သုံးနှစ်ကြာတော့ နံပါတ်၅ ဖြစ်လာပြီး သေဆုံးမှု ၄၇၆၀ ဖြစ်လာပါတယ်။ ဒါဘာကို ဆိုလိုလဲဆိုတော့ မြန်မာပြည်သူတွေဟာ သကြားကို ပိုမိုစားသုံး လာကြတယ်ဆိုတာ ဖေါ်ပြပါတယ်။

ဆီးချိုရောဂါဆိုတာဟာ နာတာရှည် ရောဂါဖြစ်ပြီး သင့်ကိုယ်ခန္ဓါရဲ့ အစာမှ စွမ်းအင်ထုတ်လုပ်မှုကို တားမြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆီးချိုအမျိုးအစားအကုန်မှာ တူညီတဲ့အချက် ရှိပါတယ်။ ပုံမှန်ဆိုရင် သင့်ကိုယ်ခန္ဓါဟာ သကြားဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေကို Glucose လို့ ခေါ်တဲ့ အထူးသကြားအဖြစ်ပြောင်းလဲလိုက်ပါတယ်။ Glucose ဟာ ကိုယ်ခန္ဓါက ဆဲလ်တွေကို အရှိန်မြှင့်တင် ပေးပါတယ်။ ဒါပေမယ့် ဆဲလ်တွေက Glucose ကို စွမ်းအင်ထုတ်ဖို့ အသုံးပြုဖို့အတွက် ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်ဓါတ်ကို လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်ပွားရင် သင့်ကိုယ်ခန္ဓါဟာ အင်ဆူလင်မထုတ်လုပ်တာ၊ ထုတ်လုပ်ထားတဲ့ အင်ဆူလင်ကို အသုံးမပြုနိုင်တာနဲ့ နှစ်ခုလုံးပေါင်းစပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။