backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မွေးရာပါနှလုံးရောဂါသည်တွေ ကိုယ်ဝန်ရနိုင်လား

မွေးရာပါ နှလုံးရောဂါရှိသော မိန်းကလေးများသည် အောင်မြင်စွာ ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်ပါသည်။ သို့သော် သေသေချာချာ ပြင်ဆင်ပြီးမှ ယူရပါမည်။

ကလေးမယူခင် ဆရာဝန်ကို ပြောရမလား။

ကိုယ်ဝန်မရခင် မိမိတွင် မွေးရာပါနှလုံးရောဂါ ရှိကြောင်း မိမိ၏ သားဖွားမီးယပ် ဆရာဝန်ကို ကြိုတင်၍ ပြောပြထားရပါမည်။ လူတစ်ဦးနှင့် တစ်ဦးသည် ဆေးစစ်ပုံခြင်း မတူနိုင်ပါ။ မိမိ၏ ဆရာဝန်က ဘယ်နှစ်လ တစ်ကြိမ် ဆေးစစ်ချက် ခံယူရမည်ကို ပြောပါလိမ့်မည်။ သူတို့ ပြောပြသည့်အတိုင်း ဆေးစစ်မှုခံယူပြီး လက္ခဏာတစ်ခုခု ပေါ်လာပါကလည်း ချက်ချင်း အသိပေးရပါမည်။

ဆေးဝါးများမှာ အဘယ်နည်း။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သောက်သုံးသော ဆေးဝါးများသည် ကလေးကို ထိခိုက်နိုင်ပါသည်။ သို့သော် ကောင်းကျိုးသည် ဆိုးကျိုးထက် ပို၍များပါက ဆရာဝန်သည် အကောင်းဆုံးဆေးနှင့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။ ဆေးကိုလည်း ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ ကိုယ့်ဘာသာကို ဆေးချိန်ညှိခြင်းကို ရှောင်ရှားရပါမည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိ နှလုံးသည် မည်သို့ ဖြစ်သွားမည်နည်း။

ကိုယ်ဝန်ဆောင်စဉ်အတွင်း မိမိနှလုံးသည် ၄၀ ရာခိုင်နှုန်းပို၍ အလုပ်လုပ်ပြီး တခြားသော အင်္ဂါ အစိတ်အပိုင်းများကို ပို့သည်။

သွေးကြောများသည် ထိုသွေးများကို လက်ခံရန် ကျယ်ပေးရသည်။ ထို့ကြောင့် သွေးပေါင်ကျလာသည်။ သွေးသည်လည်း ခဲနိုင်ခြေ ပို၍များလာသည်။ ထိုမှာလည်း ကလေးမွေးစဉ် သွေးထွက်လွန်သော အခြေအနေမျိုးတွင် ကာကွယ်ရန် သဘာဝပင် ဖြစ်ပါသည်။ ပုံမှန်နှလုံးသည် ထိုကဲ့သို့သော အခြေအနေတွင် အဆင်ပြေနိုင်သော်လည်း နှလုံးရောဂါရှိသူအဖို့ အခက်အခဲ ကြုံရနိုင်ပါသည်။

ကလေးမွေးချိန်မှာ ဘာတွေ ဖြစ်လာနိုင်သလဲ။

ကိုယ်ဝန်ရင့်လာချိန်၊ ကလေးမွေးချိန်များတွင် သေသေချာချာ ဂရုစိုက်သင့်ပါသည်။ သားအိမ်ကျုံ့လာလျှင် သွေးသည် ပို၍ ညှစ်အားကောင်းလာပါသည်။ ထို့ကြောင့် နှလုံးသည် ပို၍ အလုပ်လုပ်ပြီး နာခြင်းနှင့် စိတ်လှုပ်ရှားမှုကြောင့် သွေးပေါင်ချိန် တက်လာနိုင်ပါသည်။ ကိုယ်ဝန်ဆောင် မိခင်များသည် ကလေးမွေးစဉ် သွေးသွန်နိုင်ပါသည်။

ပုံမှန်အတိုင်း မိန်းမကိုယ်မှ ကလေးမွေးနိုင်ပါသလား။

မွေးနိုင်ပါသည်။ ရွေးချယ်သင့်သော နည်းလမ်းဖြစ်ပါသည်။ စီ ခွဲကြောင်းသည် လိုအပ်မှ ပြုလုပ်ပါသည်။

ဘေးထွက်ဆိုးကျိုးများမှာ အဘယ်နည်း။

မိမိနှလုံးသည် မည်မျှ အလုပ်လုပ်နိုင်သည်ကို တွက်ဆ၍ ဘေးထွက်ဆိုးကျိုးမှာ နှလုံးခုန်နှုန်း မမှန်ခြင်း၊ နှလုံး အလုပ်မလုပ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ မိခင်ရော ကလေးပါ ကျန်းမာစေချင်ပါက ထိုဘေးထွက် ဆိုးကျိုးများကို သိထား၍ ကာကွယ်ရပါမည်။

ကလေးတွင် မည်သို့ ဘေးဖြစ်စေနိုင်သနည်း။

နှလုံးရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန် ပျက်ကျနိုင်ပါသည်။ မွေးရာပါချို့တဲ့ခြင်း၊ အချိန်မတိုင်မီ ကလေးမွေးခြင်း၊ အလေးချိန် မပြည့်ခြင်း၊ ကလေးအသေ မွေးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ကျန်းမာစွာ နေခြင်းသည် ကလေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါသည်။

ဖြစ်နိုင်သော ဘေးများကို မည်သို့လျှော့ချမည်နည်း။

မိမိကိုယ်ကို ကျန်းမာစွာနေခြင်းသည် ကလေးအတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။

  • ကျန်းမာရေး ဆေးစစ်ချက်များ ပုံမှန်လုပ်ပါ။
  • ညွှန်ကြားသော ဆေးများအတိုင်း သောက်သုံးပါ။
  • ကောင်းကောင်း အနားယူပါ။
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
  • စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။
  • ဆေးလိပ်၊ အရက်၊ တရားမဝင် ဆေးများ မသောက်ပါနှင့်၊ မသုံးစွဲပါနှင့်။

သေချာစွာ ဂရုစိုက်လျှင် နှလုံးရောဂါရှိသော မိခင်များသည်လည်း ကိုယ်ဝန်ဆောင်နိုင်ပါသည်။ မိမိ နှလုံးအထုးကု ဆရာဝန်နှင့် တိုင်ပင်၍ ကိုယ်ဝန်မဆောင်မီ ကာကွယ်မှုများ ပြုလုပ်ရပါမည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Zin Thu Thu Win မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement