backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နှလုံးရောဂါ ရှိသူတွေ လိင်ဆက်ဆံသင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နှလုံးရောဂါ ရှိသူတွေ လိင်ဆက်ဆံသင့်လား

နှလုံးရောဂါ ရှိသူတွေအနေနှင့် နေ့စဉ်ဘဝမှာ ညှိနှိုင်းလုပ်ဆောင်ရတဲ့ကိစ္စရပ်တွေ များပြားလှပါတယ်။ ဥပမာ တစ်ခုခုစားတော့မယ်ဆိုရင်လည်း တည့်ပါ့မလား၊ လှုပ်ရှားမှုတစ်ခုခု လုပ်မယ်ဆိုရင်လည်း အမောခံနိုင်ပါ့မလား စဉ်းစားရတာမျိူးပေါ့။

နှလုံးရောဂါရှိသူတွေသိချင်ကြတဲ့ အကြောင်းအရာတွေထဲမှာ လိင်ဆက်ဆံသင့်လားဆိုတာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံ နှလုံးဆရာဝန်များအသင်းရဲ့ နောက်ဆုံးပြောကြားချက်တစ်ခုမှာတော့ နှလုံးရောဂါရှိသူများအနေနှင့် နှလုံးအခြေအနေကို ငြိမ်သက်သောအခြေအနေတစ်ခုမှာ ထိန်းထားနိုင်ပြီဆိုရင် စိတ်ချစွာ လိင်ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။

နှလုံးရောဂါကြောင့်ဖြစ်သော နှလုံးထိခိုက်ခြင်း သို့မဟုတ် ရင်ဘတ်အောင့်ခြင်းတို့ဟာ လိင်ဆက်ဆံနေစဉ်မှာ ပေါ်ပေါက်တာရှားပါတယ်။ အကြောင်းရင်းကတော့ လိင်ဆက်ဆံခြင်းဟာ ကြာချိန်တိုတောင်းလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနှင့် နှလုံးရောဂါကို တည်ငြိမ်တဲ့အနေအထားတွင် ထိန်းမထားနိုင်တာမျိူးဖြစ်စေ၊ ရောဂါလက္ခဏာတွေဟာ ဆိုးရွားနေတာမျိူးဖြစ်စေ ကြုံတွေ့ရပါက လိင်မဆက်ဆံခင်မှာ နှလုံးအထူးကုဆရာဝန်နှင့် သေချာကုသထားခြင်းက ပိုမိုစိတ်ချရပါတယ်။ ဆရာဝန်နှင့်ဆွေးနွေးတဲ့အခါမှာလည်း လိင်ကိစ္စပြောဆိုဖို့ မရှက်သင့်ပါဘူး။

သင့်မှာနှလုံးရောဂါရှိပြီဆိုတာ စစ်ဆေးသိရှိရပြီဆိုတာနှင့်တစ်ပြိုင်နက် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

(၁) လိင်ဆက်ဆံမှု ပြုလုပ်ရန်သင့်မသင့် သေချာစစ်ဆေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။

(၂) နှလုံးကြွက်သားများ အလုပ်မလုပ်သောရောဂါရှိပါက နှလုံးကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ခြင်းဖြင့် လိင်ဆက်ဆံခြင်းကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ဆိုးကျိူးတွေကို လျှော့ချနိုင်ပါတယ်။

(၃) အမျိူးသမီးများအနေနှင့် တားဆေးသောက်ရန် သို့မဟုတ် ကိုယ်ဝန်ယူရန် စဉ်းစားနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

(၄) လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

(၅) နှလုံးရောဂါအတွက် သောက်နေရသော ဆေးများကို လိင်စွမ်းရည်ကျဆင်းမှာစိုးရိမ်ပြီး ဆက်မသောက်တာမျိူး မပြုလုပ်သင့်ပါ။ သင့်နှလုံးကျန်းမာရေးက ပိုအရေးကြီးပါတယ်။

ရေးသားသူ- Dr Rose

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement